Wednesday 25 February 2009

သွားကို ဓါတ်ခွဲခန်းမှာ မွေးမြူလို့ ရပြီ


- ၀င်းဇော်-

သိပ္ပံပညာရှင် က သွားကို ဓါတ်ခွဲခန်းမှာ မွေးမြူလို့ ရပြီလို့ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု အော်ရီဂန် ပြည်နယ် မှာရှိတဲ့ သိပ္ပံပညာရှင်တွေက သွားမှာ ကြွေဖုံးထားတဲ့အပြင်လွှာ မျိုးဗီဇ ကို ပြန်လည်မွေးမြူနိင်ပြီလို့ ဆိုတယ်။ တချို့ သိပ္ပံပညာရှင်တွေက သွားအတွင်းသားကို တရိစ္ဆာန်တွေမှ တဆင့် ပြန်လည်မွေးမြူ နိင်သော် လည်း ကြွေလွှာ မပါလာဘူးလို့ သိရပါတယ်။ အမျိုးသား သိပ္ပံအကယ်ဒမီက ဒီပြသာနာကိုဖြေရှင်းပေးလိုက်နိင်ပြီ လို့ဆိုပါတယ်။

သူတို့က ကြွက်တွေကနေ တဆင့် စမ်းသပ်ခဲ့တာလို့ဆိုတယ်။ ဒီနည်းပညာကို CTIP-2 လို့ အမည်ပေးထား ပါတယ်။ ဒီမျိုးဗီဇ က ခံနိင်ရည်တုန်ပြန်မှု၊ အရေးပြား နှင့် အာရုံကြောတွေ နဲ့ ဆက်နွယ် နေပါတယ်။ ဒီသုတေနကို ဦးစီးဆောင်ရွက်နေတဲ့ ဒေါက်တာ ခရုစ်ဆာ ကီရိုစီ (Chrissa Kioussi ) က မျိုးရိုးဗီဇ တခုမှာ စွမ်းဆောင်နိင်ရည်မျိုးစုံ ( Multi-Function) ပါဝင်နေတာဟာဖြင့် ထူးဆန်းတဲ့ အရာတခုတော့ မဟုတ်ပါဘူးလို့ ဆိုတယ်။

ဒီသုတေသနကို မတွေ့ခင်အချိန်အထိတော့ သွားရဲ့ ကြွေလွှာတွေကို ပြန်လည် မွေးမြူးလို့လည်း ရတယ်ဆိုတာ ကို ကျနော်တို့ မသိခဲ့ပါဘူးလို့ ဆိုတယ်။ မျိုးရိုးဗီဇ ဆဲလ်တွေကို ဆဲမျိုးပွားခြင်း နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ တကယ်သွား ကို ပြန်လည်ဖန်တီးလိုက်နိင်တာ ဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ ဒီနည်းပညာကြောင့် သွားတွေထိခိုက်တာ ဖါတဲ့နေရာတွေမှာ အကျိုးကျေးဇူးကို ခံစားရမှာဖြစ်တယ်လို့ သိရပါတယ်။



Rest of your post

No comments :