Friday, 6 February 2009
အသေးငယ်ဆုံး ဂြိုလ်တစ်ခု ထပ်မံရှာဖွေတွေ့ရှိ
-ကို-
နေ အဖွဲ့အစည်းရဲ့ အပြင်ဖက်ရှိ တစ်ခါမှမတွေ့ရှိဖူးသေးတဲ့ အသေးငယ်ဆုံး ဂြိုလ်ကို ပြင်သစ်ရဲ့ အာကာသ ဆိုင်ရာ အဝေးကြည့် မှန်ပြောင်း ကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီကျောက်သား ဂြိုလ်ကမ္ဘာဟာ ကမ္ဘာမြေထက် နှစ်ဆ အရွယ်အစားသေးငယ်ပါတယ်။ နက္ခတာယာကြည့်မျော်စင်ကို ကနေပြီး ၂၇ စင်တီမီတာ ရှိတဲ့ အာကာသဆိုင်ရာ အဝေးကြည့် မှန်ပြောင်းကို အသုံးပြုပြီး Corot က ဒီကြယ်တွေနှင့် ဂြိုလ်တွေနဲ့ ဂြိုလ်သွား လမ်းကြောင်းတွေကို ရှာဖွေလေ့လာခဲ့တာပါ။ ၃၃၀ လောက်ရှိတဲ့ ဂြိုလ်သိမ်ဂြိုလ်မွား တွေ ထဲမှာ ဒါကို တွေ့ရှိဖို့ ဆိုတာ အလွန်ပဲခက်ခဲသောအလုပ်ပါ။ သူတို့တွေထဲက အများစု ဟာ ဂျူပီတာ(Jupiter) ဂြိုဟ် နှင့် နပ်ကျွန်း (Neptune)ဂြိုလ် လိုမျိုး ဓါတ်ငွေ့လုံးတွေသာ ဖြစ်ကျပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ငါတို့ နေတဲ့ ကမ္ဘာနဲ့ အခြေခံ သဘောတွေတူညီတဲ့ ကျောက်သား ဂြိုလ်ကို ရှာဖွေတွေ့ရှိခဲ့တာပါလို့ ဒီ Corot လုပ်ငန်းကို ဦးဆောင် နေတဲ့ European Space Agency က သိပ္ပံပညာရှင် Malcolm Fridlund ကဆိုပါတယ်။
Corot ဟာ ဒီိကိစ္စနဲ့ ပက်ပြီး ရှေ့လျောက် ရှာဖွေလေ့လာမှုတွေမှာ ကမ္ဘာမြေနဲ့ အခြေခံ အချက်တွေ တူညီတဲ့ ဂြိုလ်ငယ်တွေကို ဆက်ပြီးလေ့လာရှာဖွေ လေ့လာသွားမှာဖြစ်ပါတယ်လို့လဲ သူကဆိုခဲ့ပါသေးတယ်။ Corot-Exo-7b လို့ အမည်ရတဲ့ ဒီရှာဖွေတွေ့ ရှိတဲ့ ဂြိုလ်လေးဟာ နာရီ ၂၀ တိုင်းမှာ တစ်ကြိမ် ဂြိုလ်သွားလမ်းကြောင်း အတိုင်း အခြားကြယ်တွေလိုပဲ လှည့်ပတ်နေပါတယ်။ ဘာလို့လဲဆိုရင် ဒီဂြိုလ်ငယ်လေးဟာ သူ့ရဲ့မိခင်ဂြိုလ်နဲ့ အလွန်ပဲ နီးကပ်နေပြီးတော့အပူချိန်ကတော့ ၁၀၀၀ နှင့် ၁၅၀၀ စင်တီဂရိတ် ကြားမှာရှိတဲ့အတွက် လူတွေ အသက်ရှင်နေထိုင်ဖို့အတွက်တော့ အလွန်ကို ပူပြင်းပါတယ်။
ကြယ်တွေဟာ ပုံမှန်အားဖြင့် ဂြိုလ်ပတ်လမ်းကြောင်းအတိုင်း ဆွဲငင်အားနည့် လှည့်ပတ်နေကြပါတယ်။ အာကာသဆိုင်ရှာ ရှာဖွေလေ့လာသူတွေကတော့ အခုရှာဖွေတွေ့ရှိတဲ့ ဂြိုလ်အသစ်ဟာ နေရဲ့မျက်နှာ ပြင်ကို အကွာအဝေးတစ်ခုကနေဖြတ်သန်းသွားပြီ အဲလိုဖြတ်သန်းချိန်မှာ မျက်နှာပြင်ဟာ အလင်းရောင်ရရှိပါတယ်။
Rest of your post
at 10:25
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment