Monday 2 February 2009

ဂန်ဘာရီ ခရီးစဉ် တရက်ထပ်မံတိုး



-အောင်ချမ်း (ရန်ကုန်)-

ကုလသမဂ္ဂ အတွင်းရေးမှုးရဲ့ အထူးကိုယ်စားလှယ် ဂန်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အလုပ်အမှုဆောင်တွေနဲ့ ဒုတိယအကြိမ်အဖြစ် ဒီနေ့ ထပ်မံတွေ့ဆုံကြောင်းသိရပါတယ်။ သူတို့တွေ့ဆုံပွဲမှာ ဦးဝင်းတင်ပါဝင်တာကို နအဖ က ခွင့်မပြုတဲ့ အတွက် ဦးဝင်းတင်တော့ ပါဝင်နိင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဆွေးနွေးပွဲ အပြီး နေ့ လည် ၁ နာရီမှာ ဂန်ဘာရီဟာ အာဏာရှုးကြီး သန်းရွှေရှိရာ ကြပ်ပြေးနေပြည်တော်ကို ထွက်ခွာသွားကြောင်း သိရပါတယ်။ သူ့ခရီစဉ်ကို ကို တရက်ထပ်မံတိုး လိုက်ကြောင်း သတင်းရရှိပါတယ်။

နောက်ထပ်သတင်းများရယူနေပါတယ်။


Rest of your post

No comments :