အီရန် က ပထမဆုံးအကြိမ် ဂြိလ်တုတလုံးကို အာကာသအတွင်းသို့ အောင်မြင်စွာပြစ်လွှတ်နိင်ခဲ့ပြီဖြစ်ပါတယ်။ ဒီဂြိုလ်တုကို နိင်ငံခြား အကူညီမပါပဲ ပြည်တွင်းမှာပဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂြိုလ်တုကို အိုမဒ်(Omid) မျှော်လင့်ချက် လို့ နာမည်ပေးထား ပါတယ်။ ဂြိုလ်တုကို စစ်ရေးမှာအသုံးပြုတဲ့ နှစ်ဆင့်ခွင်း ဒုံလွှတ်နည်းစနစ်နဲ့ အာကာသ အတွင်း ကို ပို့လွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အီရန်သမတ မိုဟာမက် အာမက်န်ီဂျန်ဒ် က ဒီဂြိုလ်တုက ကမ္ဘာမြေကို ဘုရားသခင်ကိုယုံကြည် မှု ငြိမ်းချမ်းရေးနဲ့ ကမ္ဘာမြေကို ဆောင်ကျဉ်းလာမယ်လို့ ကြွေးကြော် ပါတယ်။ အီရန် တို့ ဂြိုလ်တုကို ပြစ်လွှတ်မှုနဲ့ပတ်သက်လို့ အမေရိကန် ၊ ပြင်သစ်တို့ က အကြီးအကျယ်စိုးရိမ်မှု ဖြစ်မိကြောင်း ထုတ်ဖေါ် ပြောဆိုပါတယ်။ ဂြိုလ်တု ပြစ်ပို့ အသုံးပြုတဲ့ ဒုံပျံ ပြစ်စနစ်ကို အသုံးပြု ထားတဲ့အတွက်ဖြစ်ပါတယ်။ ဂြိုလ်တု တပ်ပြီး စစ်ရေး ရည်မှန်းချက်တွေကို တိုက်ခိုက်လာနိင်မဲ့ အနေထား ရှိနေပြီဆိုတာကို အီရန်တွေကို ပြသလိုက်သလို ဖြစ်နေလို့ ပဲဖြစ်ပါတယ်။ အီရန်အစိုးရကတော့ ဂြိုလ်တု နည်းပညာဟာ ငြိမ်းချမ်းရေး ရည်မှန်းချက် သက်သက်မျှသာဖြစ်ပါတယ်လို့ ဆိုပါတယ်။ အီရန်က အကာသ အတွင်းသို့ ရုရှား အကူညီနဲ့ ၂၀၀၇ ခုနစ်မှာ ဂြိုလ်တုတခုကို ပြစ်လွှတ်ခဲ့ပါသေးတယ်။ အီရန်၏ ဂြိုလ်တုပြစ်လွှင့်ခဲ့တာနဲ့ ပက်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ တရုတ်၊ ရုရှား၊ အမေရိကန်၊ ပြင်သစ်၊ နှင့် ဗြိတိန်နိုင်ငံ တို့ဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဟေလာရီ ကလင်တန် ဟာ ဂျာမာန် နိုင်ငံခြားရေး ၀န်ကြီး၊ နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လည်းအင်္ဂါနေ့မှာ တွေ့ဆုံလိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။ အီရန်ပြစ်လွှတ်ခဲ့တဲ့ ဒုံပျံပြစ်စနစ်ဟာ တာဝေးသို့ရောက်ရှိနိုင်သည့်အပြင်၊ နယူးကလီး ယားထိပ်ဖူး တွေ ကို တပ်ဆင်ပြစ်လွှတ်နိုင်တာကြောင့် အရှေ့အလယ်ပိုင်းဒေသ မှာ ဒေသတွင်းလုံခြုံရေး အတွက် တင်းမားမှုတွေကြီးထွားလာနိုင်ပါတယ်။
Tuesday, 3 February 2009
Subscribe to:
Post Comments
(
Atom
)
1 comment :
သတင်းလာဖတ်ပါတယ်ခင်ဗျာ..
Post a Comment