တွေရလာမယ်ဆို ပြောပါရစေ။ နှုတ်ခမ်းတွေကို ဂဟေဆက်လိုက်။ လှုံဆော်လာတဲ့အာရုံသိကို တဖြေးဖြေးခံစားလိုက်။ ခင်ဗျား ရဲ့ ချစ်သူဟာ ဘ၀အတွက်အသင့် တော်ဆုံး ဖြစ်မဖြစ်ဆိုတာကိုသိလာလိမ့်မယ် လို့ အမေရိကန် သိပ္ပံပညာရှင်အသင်းက ဆိုပါတယ်။ ယောက်ကျားတယောက်မှာရှိတဲ့ ဓါတုဇီဝ က ဒီလူရဲ့  ပြည်ဝမှု နဲ ကြံခိုင်မှု ကို ဖေါ်ပြနေတယ်လို့  ချီကာဂိုမြို့ မှာပြုလုပ်တဲ့ သိပ္ပံညီလာခံက ဆိုပါတယ်။ ပထမဆုံး နစ်ဦးသား အနမ်းက တခါတရံမှာ ဘာကြောင့် နောက်ဆုံး အနမ်း ဖြစ်ခဲ့ရတာလည်းဆိုတာကို ဖေါ်ပြနေလို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ကမ္ဘာဦး ဗီဇသိစိတ် ( Primitive Instinct )
အနမ်းဟာကလူသားတွေ ကြီးမားဆုံး အတုခိုးလာခဲ့တဲ့ အပြုမှုတရပ်ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ အနမ်းကို တကမ္ဘာလုံးမှာ ကျနော်တို့  သိခွင့်ရမှာမဟုတ်ပါဘူး။ လူအဖွဲ့ စည်းရဲ့  ၉၀ ရာခိုင်နှုန်းဟာ နမ်းနေကြသဗျ လို့  နယူးဂျာစီမြို့  ရုဒ်ဂါတက္ကသိုလ် မနုသဗေဒပညာရှင် ဟယ်လင် ဖက်ရှာကဆိုပါတယ်။ ချန်ပန်ဇီနဲ့  ဘိုနိဘို မျောက်ကြီးမျိုးတွေလည်းနမ်းကြ သတဲ့။ မြေခွေးတွေကလည်း တကောက်ကောင်ကို လျှာနဲ့ ယက်နေတာ နမ်းတာပဲလေ။ ငှက်ကလေးတွေ တကောင်တကောင် ထိုးဆိပ်နေတာကလည်း ချစ်ကြည်နှုးစွာနမ်းနေတာပါပဲ။ ဆင်ကြီးတွေ ကလည်း နှမောင်းနဲ့ တယောက်ပါးစပ်ကို တယောက် သွင်းလိုက်တာဟာ လှလိုက်တဲ့

နှုတ်ခမ်းလေးတွေ စွဲနေပြီကွာ နမ်းရှုံ့ ဖေါ်ပြလိုက်တာပါပဲ။ ဒီလိုနှုတ်ခမ်းကိုနမ်းလိုက်တာဟာ တကယ်ကို စမ်းသပ်မှုတခုဖြစ်ခဲ့ပါတယ်။ ဒီလိုစမ်းသပ် မှုက အကောင်းရော အဆိုးပါ ရှိတယ်နော်။ သုတေသနပြုချက် တွေအရ ၆၆ ရာခိုင်နှုန်းသော အမျိုးသမီးတွေနဲ့  ၅၉ ရာခိုင်နှုန်းသော အမျိုးသားတွေဟာဆိုရင် ပထမဆုံးအနမ်းမှာပဲ ဆက်ဆံရေးကို ရှေ့ တိုးမလား နောက်ဆုံးမလား ဆိုတာ သိလိုက်ကြတယ်လို့ ဆိုတယ်။ ဒါကို သေလောက်တဲ့အနမ်း ( Kiss of Death ) လို ဆိုပါတယ်။ သတိထားပြီးနမ်းကြဖို့ တိုက်တွန်းလိုက်ပါ
ရစေနော်။ အချစ်ကို အောင်ပွဲခံလိုတယ်ဆိုရင်တော့ လိုက်နာရဲ့ စည်းကမ်းချက်တချို့ ကို အကြံပြုလိုက်ပါရစေ နော်-
၁- မနမ်းခင်မှာ သွားကို တိုက်၊ ခံတွင်းကိုသံရှင်းအောင်ထား။
၂- သွား ကိုမှန်မှန်ခြစ်ပါ။
၃- ကိုယ်ကိုကိုယ်ယုံကြည်စိတ်ချပါ။ အလောတကြီး တော့မလုပ်လိုက်နဲ့ ။
၎- သွားဟာ အနောက်နိင်တွေထုံထမ်းမှာ လူမှုအဆင့်အတန်း ( Social Status ) လို့ မြင်တဲ့အတွက် သွားကို သန့် ရှင်းအောင် ဂရုစိုက်ကြ ပါကိုယ်လူတို့ ။ ( ကွမ်းစာ တဲ့မောင်တွေအတွက်တော့ရင်လေးမိသဗျ။)
ဓါတု နှောင်ကြိုး ( Chemical Bond)
နမ်းကြပြီ့ ဆိုတာနဲ့  ကိုယ်ရဲ့ အဖေါ်ကိုသုံးသပ်စစ်ဆေးမှု ပါဝင်လာတယ်လို့  ဒေါက်တာ ဖစ်ရှာ ကဆိုပါတယ်။ သူမ ရဲ့ အဆိုအရ ဦးဏှောက်ရဲ့  အရေးကြီးတဲ့အစိတ်အပိုင်းသုံးခု ကအလုပ်လုပ်တော့တယ်။ ဒါတွေကတော့ လိင်ဆက်ဆံမှုနဲ့  မျိုးပွားခြင်းတာဝန်ကို လုပ်တော့တယ်လို့ ဆိုတယ်။ ယောက်ကျားရဲ့ တံတွေးထဲ မှာ ဟိုမုန်းတွေ

ပါဝင်နေတယ်။ ယောက်ကျားအတော်များများကတော့ စွပ်စိုနေတဲ့အနမ်းတွေနဲ့ အမျိုးသမီးရဲ့  ပွင့်ဟ နေတဲ့
နှုတ်ခမ်း နဲ့  တက်ကြွလှုပ်ရှားနေတဲ့ လျှာ များကို အလွန်နစ်သက်ကြတယ်ဆိုတယ်။ ဒီလိုဖြစ်ရတာကတော့
မသိစိတ်က ဟိုမှုန်းကို ကိုပို့ ဆောင်ပေးနေကြတာလို့ ဆိုတယ်။
ယောက်ကျားတွေဟာ အနံခံမှု နေရာမှာ ညံတယ် လို့ သူမက ဆိုတယ်။ ဒါကြောင့် အမျိုးသမီးနှုတ်ခမ်းကို ဖွင့်ပြီး နမ်းနေစဉ်မှာ အမျိုးသမီးရဲ့  ဟိုမှုန်း လှည့်ပတ်မှု အခြေအနေကို ကြိုးပန်းရှာဖွေနေတာဖြစ်တယ်။ အမျိုးသမီးရဲ့ 
မျိုးပွားမှု စွမ်းဆောင်ခြေဟာ ဘယ်လောက်ရှိမလဲလို့  စူးစမ်းတာဖြစ်တယ်။ ဒုတိယအဆင့်ကြမှ မြတ်နိုးချစ်ခင်မှု

ကိုစတင်လာတာဖြစ်တယ်။ နမ်းတာဟာမွန်မြတ်သန့် စင်မှုတခုဖြစ်ပါတယ်။ နစ်ဦးသားဆက်ဆံရေးရဲ့ 
ပထမခြေလှမ်းဖြစ်တယ်။ မွန်မြတ်မှုမှာ ဦး ဏှောက်က ဒိုပါမင်း (Dopamine ) ဆိုတဲ့ဇီဝ တမျိုး ကို ထွက်လာတယ် ချစ်ခင်မြတ်နိုးမှုတွေပါလာပါတယ်လို့  သူမက ဆိုပါတယ်။ ဒါက သံယောဇဉ်နဲ့  နေနဲ့ လလို နစ်ပါးဂဟေ ဆက်မှု ( Pair Bonding) ဖြစ်လာရတာပါပဲ လို့ ဆိုတယ်။ အတူနေဖို့  ဒီဓါတ်က ကူညီနေတယ်။ နောက်ဆုံးတော့ ကလေးယူဖို့ အထိကို ဖြစ်လာတယ်။

( ဖျံလေးတွေလည်း နမ်းသတဲ့ -- ခင်ဗျား လည်းချစ်သူကိုနမ်းဖို့ တွန့် မနေပါနဲ့ နော်)
အနမ်းကြောင့်ဖြစ်လာတဲ့ ခန္ဒာကိုယ်ဓါတု ဓါတ်ကို လေ့လာဖို့ အတွက် လာဖေးရက်ကော်လိပ် ( LafayeteCollege ) ဒေါက်တာ ဦးဏှောက်နဲ့ အာရုံကြော အထူးကု ဒေါက်တာ ၀င်ဒီ ဟောလ် (Wendy Hill )က ကောလိပ်ကျောင်းသား တစုကို စမ်းသပ်ခဲ့ပါတယ်။ ကျောင်းသား စုံတွဲ ၁၅ တွဲကိုရွေးထုတ်ယူပြီး နစ်စုခွဲ
လိုက်ပါတယ်။ တချို့  စုံတွဲကို ၁၅ မိနစ်ခန့် နမ်းစေပါတယ်။ ဒီအချိန်မှာ သာယာငြိမ့်ညောင်းတဲ့ တေးသားကို
ဖွင့်ထားပေးပါတယ်။ စုံတွဲ တချို့ ကိုတော့ လက်ကိုပဲကိုင်ထား ပြီး စကားစမြီပြော ဆိုခိုင်းထား ပါတယ်။
ပြီးတဲ့အခါမှာတော့ Cortisol ထွက်နှုန်းကို စစ်ဆေးကြည့် ပါတယ်။ Cortisol ဆိုတာ တော့ သောကဗျာဘာဒ ဖြစ်တဲ့အခါမှာ ထွက်တဲ့ ဓါတ်တမျိုးပါ ။ နမ်းနေတဲ့ အတွဲတွေမှာ ဒီ သောက ဓါတ်က လျော့ကျနေတာကို တွေ့ ရပါတယ်။ ကြာကြာတွဲလာတဲ့အတွဲတွေမှာ ဒီသောက ဓါတ်က အလွန်နည်းနေ တာကိုတွေ့ ရတယ်။ ဒေါက်တာ
ဟေးလ် က သွေးနမူနာကိုလည်းဖေါက်ထုတ် ပြီး အောက်ဆီတိုချင် ( Oxytocin ) ဓါတ်ကို လေ့လာ ပါတယ်။
အောက်ဆီတိုချင်ဆိုတဲ့ဓါတ်ကတော့ တဦးနဲ့ တဦး ယုံကြည်မှုဖြစ်စေတဲ့ ဆန်ကျင်ဖက်လိင်အပေါ် ချစ်ခင် မြတ်နိုးမှုဖြစ်စေတဲ့ဓါတ်ပါ။ ၁၅ မိနစ်ခန့် ကောင်းမွန်စွာ အနမ်းတွေရခဲ့တဲ့ အုပ်စုထဲက ငနဲ သားတွေ မှာ ဒီဓါတ်က သိသိသာသာမြင့်တက်နေတာကိုတွေ့ ရပါသတဲ့။ အမျိုးသမီးမှာတော့ အောက်ဆီတိုချင် ( Oxytocin ) က သိသိသာသာ ကျဆင်းလာတာတွေ့ ရတယ်။ ဒီတွေ့ ရှိချက်ကို ဒေါက်တာဟေးလ် အလွန်အံအားသင့် ဖြစ်မိတယ်လို့ ဆိုတယ်။ အမျိုးသမီး တွေမှာ ဘာလို့  ဒီဓါတ်ကျဆင်းနေရတာလဲ - သူယူဆတာကတော့ ကော်လိပ် ကျမ္မာရေး ဆေးခန်းက သိပ်ပြီး ရိုမန်တစ် မဖြစ်တော့ အမျိုးသမီးတွေမှာ ဒီဓါတ်ထွက်တာ နည်းသွားတာလည်းဖြစ်ကောင်းဖြစ်နိင်တယ် လို့  သူက ဆိုပါတယ်။ နေမကောင်းတိုင်းသွားနေရတဲ့ ဆေးခန်းကြီးကို အမျိုးသမီးတွေက သိပ်မကြိုက်တာလဲဖြစ်မယ်လို့ ဆိုတယ်။ သူက လက်မလျော့ပဲ နောက်ထပ် စမ်းသပ်မှုလုပ်ပါတယ်။ ဒေါက်တာဖစ်ရှာက ဒီတခါတော့ ရိုမန်းတစ် ဆန်ဆန် အခန်းကိုပြင်ဆင်ပါတယ်။ ပန်းတွေ၊ ဖယောင်းတိုင်တွေ နဲ့ ဂျဇ် သီချင်းလေး တွေဖွင့်ထားပေးပါတယ်။ အောက်ဆီတိုစင်းဓါတ်က အမျိုးသမီးတွေမှာ မြင့်တက်နေတာကိုတွေ့ တယ်။ စိတ်ဝင်စားစရာတခုကလည်း အမျိုးသမီးတွေ စားထားတဲ့အခါမှာတော့ မနမ်းခင်ကတည်းက အောက်ဆီတိုစင်း ဓါတ် က ပိုမိုမြင့်တက်နေတာကို တွေ့ ရပါလေတော့သတည်း။
- ၀င်းဇော် -
No comments :
Post a Comment