Sunday, 8 February 2009

စာရိုက် မှားရင် ပြင်တဲ့ဆေး (သို့) White Out

မုဆိုးမ Bette Nesmith Graham နှင့် သား မိုက်ကယ်

-ကိုလတ်တူး-

ဒီကနေ့ အမေရိကန် ရုံးတွေ တောတော များများမှာ စာရိုက်ရင် အမှားပါတာဖြစ်ဖြစ်၊ ရိုက်ပြီးသား စာသားကို ပြင်ခြင်ရင် White Out ကို သုံးကြပါတယ်။ ဒီနေ့ Office Depot လိုနေရာမျိုးမှာ 20ml ရှိတဲ့ ပုလင်းတခုကစပြီး တလိုင်းချင်း ပြင်လို့ရတဲ့ Tape အမျိုးကို အမေရိကန် ဒေါ်လာ ၀.၉၉ ကနေ ၆ ဒေါ်လာ အထိပေးကြရပါတယ်။ ဒီ White Out ကို ဘယ်ကစထွင်ခဲ့တယ်ဆိုတာ ကျနော်တို့ရဲ့ စာဖတ် ပရိသတ်ကို ဝေမျှခြင်ပါတယ်။ Bette Nesmith Graham ( ၀၃.၂၄. ၁၉၂၄ - ၀၅.၁၂. ၁၉၈၀ ) ဟာ မုဆိုးမတဦးဖြစ်ပြီး သားလေးကို မြေထောင်မြောက်ရင်း လက်နှိပ်စက် စာရေးမလေး ဘ၀နဲ့ ရုန်းကန်ခဲ့ပါတယ်။ အားလပ်ရပ်တွေမှာ ဘဏ်ကြီး တခုမှာ ဆေးသုတ်တဲ့အလုပ်လုပ်ခဲ့တယ်။ သူမ ဆေးသုတ်နေရင်း သူမ အတွေးစထဲမှာ စဉ်းစားမှုဖြတ်ကနဲ ပေါ်လာခဲ့တယ်။ ပန်းချီ အနုပညာ ရေးဆွဲနေတဲ့သူတွေဟာ သူတို့ရဲ့ မှားယွင်းခဲ့တဲ့ ကောက်ကြောင်းတွေကို ဘယ်တော့မှ မဖျက်ဘဲ၊ အမှားတွေ့ရင်ဘဲဖြစ်ဖြစ်၊ မနှစ်သက်တော့ရင် ဆေးထပ်ပြီး အမှားတွေကို ပြင်ဆင်ခဲ့ကြတယ် (“With lettering, an artist never corrects by erasing, but always paints over the error.”) သူမရဲ့ ရုတ်တရက်ပေါ်ထွက်လာတဲ့ ဒီအတွေးစလေး ဟာ သူမနေ့စဉ်လုပ်ကိုင်နေတဲ့ လက်နှိပ်စက် ရိုက်ခြင်းကို ဘယ်လိုများ အထောက်အကူပြုလာစေနိုင်မလဲဆိုတာပါဘဲ။

အဲဒီခေတ်က လျှပ်စစ်လက်နှိပ်စက်များ သုံးစွဲတဲ့ခေတ်မို့ အမှားတစုံတရာ ရိုက်ခဲ့ပြီဆိုရင် အင်မတန်မှ ပြင်ရခက်ပါတယ်။ လက်နှိပ်စက် စာရေးမလေးဖြစ်တဲ့ ဘက်တီ ( Bette) အတွက် ဒီကိစ္စဟာ အင်မတန်မှ ခေါင်းခဲစရာဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမရဲ့ အိမ် မီဖိုချောင်မှာ ရေဆေးတမျိုးနဲ့ ရေနဲ့ ရောပြီး ပုလင်းအတွင်း ထည့်ပြီး ရုံးကသယ်ခဲ့တယ်။ အဲဒီလို ဘက်တီ (Bette) ရဲ့ မီးဖိုချောင်က စထွင်လိုက်တဲ့ “ အမှားပြောက်” Mistake Out လို့ စခဲ့တဲ့ အဖြူရည်ကြည်တမျိုးဟာ သူမအလုပ်ခွင်မှာ လက်မလယ် အသုံးကျခဲ့ပါတယ်။ သူမရဲ့ လုပ်ဖော်ကိုင်ဘက်များကလည်း ဘက်တီ( Bette) ကို အမှားတွေပြင်ဖို့ အားကိုလာခဲ့ရတယ်။ ဘက်တီ (Bette) ဟာ ဒီ Mistake-Out ကို ငါးနှစ်ကျော်သုံးစွဲခဲ့ပြီး သူမရဲ့ ချွေးနဲစာ တလ ဒေါ်လာ ၄၀၀ ထဲက ၂၀၀ ကို ရင်းနှီးပြီး သူမရဲ့ သားဖြစ်သူ တက်နေတဲ့ကျောင်းက သိပ္ပံဆရာမနဲ့ တိုင်ပင်ကာ ပိုမိုကောင်းမွန်အောင်ပြင်ဆင်ခဲ့ပါတယ်။

ဘက်တီ (Bette) ဟာ လုပ်ငန်းခွင်မှာ ဒီ Mistake Out ( White Out) ကို သုံးစွဲမိလို့ အထက်အရာရှိရဲ့ ကြိမ်းမောင်းခြင်းကိုခံခဲ့ရပါတယ်။

အဲဒီလိုနဲ့ Bette Nesmith ဟာ ၁၉၅၆ ခုနှစ်မှာ လက်နှိပ်စက် အမှားပြင် အရည်ထုပ်လုပ်တဲ့ သူမ ကိုယ်ပိုင်ကုမ္ပဏီ ကို စတင်ခဲ့ပါတယ်။ ကုမ္ပဏီပိုင်ရှင် Bette Nesmith ဟာ အလုပ်သမား ၂၀၀ ကျော်ကို ဌားရမ်းခဲ့ပြီး၊ တနှစ်ကို Liquid Paper ပုလင်းပေါင်း ၂၅ သန်း နှစ်နဲ့ချီ ပြီး ထုတ်လုပ် ဖြန့်ဖြူးရောင်ချခဲ့ပါတယ်။

၁၉၇၉ ခုနှစ် သူမ မကွယ်လွန်ခင်မှာ သူမရဲ့ ကုမ္ပဏီကို Gillettee ကုမ္ပဏီ ကြီးက အမေရိကန်ဒေါ်လာ ၄၇.၅ သန်း နဲ့ ၀ယ်ယူခဲ့ပါတယ်။ ( ၁၉၇၉ ခုနှစ်က အမေရိကန်ဒေါ်လာ ၄၇.၅ သန်း ရဲ့ တန်းဖိုးကို သတိပြု မှန်းဆနိုင် ပါတယ်။ Bette Nesmith ဟာ ၁၉၈၀ ခုနှစ် အသက် ၅၆ နှစ်မှာ ကွယ်လွန်ခဲ့တယ်။ သူကွယ်လွန်ချိန်မှာ သားဖြစ်သူအတွက် အမေရိကန် ဒေါ်လာ သန်း ၅၀ လွှဲပေးခဲ့ပြီး၊ ကျန်တဲ့ငွေတချို့ ကို “အတွေးအခေါ် ကောင်စီ(Council on Ideas)” မတည်ပေး ခဲ့ပါတယ်။

ဒီနေရာမှာ သင်္ခန်းစာရတာကတော့ လောကကြီးမှာ စူးစမ်းထိုးဖောက်မယ်ဆိုရင် အရင်းအနှီး အများကြီးမလို သလို၊ သိပ်နက်နဲခက်ခဲတဲ့ သိပ္ပံပညာတွေမလိုပဲ နေ့စဉ်သုံးကလေးတွေကိုပဲ တီထွင်ကြံဆမယ်ဆိုရင်လည်း သန်းကြွယ်သူဌေးဖြစ်ရုံမက လူသားတွေကို ပြန်ပြီး အလုပ်အကျွေးပြုနိုင်တယ်ဆိုတဲ့ အချက်ပါ။

Bertte Nesmith ဟာ ကလေးတယောက် အမေမုဆိုးမ တဦးပါ။ စာဖတ်သူတို့ရော ကိုယ်ပိုင်ချွေးနဲစာထဲက Bette Nesmith လို ရင်းနှီးမြုပ်နှံမယ့်သူမျိုးလို ဘယ်နှစ်ခါ စဉ်းစားမိပါသလဲ။ လစဉ်ချွေးနဲစာ ဒေါ်လာ ၄၀၀ ထဲက တ၀က်ကို ပြန်လည်ရင်းနှီးမြုပ်နှံခဲ့တဲ့ သန်းကြွယ်သူဌေး မြန်မာပြည်မှာကော မပေါ်နိုင်ပေဘူးလား။ မြန်မာလူမျိုး များ စွန့်စားပြီး စူးစမ်းထိုးဖောက် လုပ်ကိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင် လူငယ်များပေါ်ပေါက် နိုင်ကြပါစေလို့ အားပေး ဆန္ဒပြုလိုက် ပါတယ်။

Rest of your post

1 comment :

Khin said...

Good thoughts but no chance for inventors in Myanmar nor Asia. They copy everything.