Monday 2 March 2009

ဆူနာမီရံပုံငွေ ပျောက်ဆုံးမှု ထိုင်းရဲမှူးကြီးအပြစ်ရှိ


Nation /၂ မတ် ၂၀၀၉

TTVI ဆူနာမီ ဒဏ်ခံရသူများ ဖော်ထုတ်ရေးအဖွဲ့သို့ နိုင်ငံခြား တိုင်းပြည်များမှ လှူဒါန်းသည့် ရံပုံငွေ ဘတ် (၈၈) သန်း အလွဲသုံးစား လုပ်မှုကိုစစ်ဆေးရာ တနှစ်ကျော်အကြာတွင် ထိုင်းရဲမှူးကြီး ပွန်ပရာဆပ်ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်လိုက်သည်။

(၁၃) နိုင်ငံမှ လှူဒါန်းသည့် ဘတ် (၈၈) သန်း အမှုအတွက် သံအမတ်ကြီး (၁၃) ဦးက တိုင်ကြားသဖြင့် စစ်ဆေးရာမှ ထိုင်းရဲမှူးကြီး ပွန်ပရာဆပ်ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ထိုင်းရဲအဖွဲ့ စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ရဲအရာရှိ ချီယာပုမ်က ဖူးခက် ဂဇက်သို့ ပြောခဲ့သည်။ သို့သော် ဘတ် (၈၈) သန်းထဲမှ မည်မျှ အလွဲသုံးစား လုပ်သွားသည်ကိုမူ ချီယာပုမ်က ပြောဖို့ ငြင်းဆန်ခဲ့သည်။

ဆူနာမီ ရံပုံငွေ အလွဲသုံးစားလုပ်သည့် ထိုင်းရဲမှူးကြီး ပွန်ပရာဆပ်ကို အလုပ်မှထုတ်ပြီး အရာရှိ အဆင့်အတန်းပါ ရုပ်သိမ်းသည်ထိ ပြစ်ဒဏ်ပေးမည်ဆိုသော်လည်း ပွန်ပရာဆပ် ဘယ်ရောက်နေမှန်းမသိဟု ဆို၏။




Rest of your post

No comments :