မတ်-၂၄၊၂၀၀၉ ( Discovery News Video)
ခွေးတွေဘာကြောင့် အမြီးကို ကိုက်ဖွနေတာလဲ ၊ ဘာကြောင့်အမြီးကိုလိုက်သလို လုပ်နေတာလဲပတ်သက်လို့ သုတေသနပညာရှင်တွေက လေ့လာတဲ့အခါမှာ ခွေးတွေမှာ ကော်လက်စတော်တက်လာတဲ့အခါမှာ
လုပ်လေ့ရှိတယ်ဆိုတာကို လေ့လာတွေ့ရှိကြပါတယ်။ ကော်လက်စတော် တက်လာတဲ့အခါမှာ လူတွေလိုပဲ အမူ အကျင့်တွေ ပြောင်းလဲမှုတွေဖြစ်လာ တယ်လို့ဆိုပါတယ်။ ထိန့်လှန့်တုန်လှုပ်တာ ရန်လိုတာ စတာတွေ လည်း လူတွေလိုပဲခွေးတွေမှာ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ခွေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ ဒဏ်သင့်မှု (Trauma) ကိုခံစားရတာ၊ ခွဲစိတ်ကုသမှုခံထားဘူးတာ တွေရှိရင်လည်းသူအမြီးကို သူလိုက်တာမျိုး ဖြစ်တတ် တယ်လို့ဆိုတယ်။ ခွေးဘီလူး( Bull Terriers )တွေနဲ့ ဂျာမန်သိုးကျောင်းခွေး ( German Shepherds) က တခြားခွေးတွေထက် အမြီးကို ကိုက်တာ ပိုလုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။
No comments :
Post a Comment