Wednesday, 11 March 2009
သန်းရွှေ ကြီး ရဲ့  နောက်ဆုံးပေါ် သောနုထ္ထို လ် ဖက်ရှင်
နောက်ဆုံးပေါ် သောနုထ္ထိုလ် ဖက်ရှင်ပါ။ စစ်အင်္ကျီ ပေါ်မှာ ပိတ်ဖြူပတ် ထားပုံ က ၀က်ကို အသက်ကယ်ဘော စွပ်ပေးထားတာနဲ့ တူနေပါတယ်။ သူတည်တဲ့ဘုရားကို သူကိုယ်တိုင်ကြည့်ပြီးလိပ်ပြာမလုံမလဲဖြစ်နေပုံရပါတယ်။ ဘုရားဖူးတောင်မှာစစ်အင်္ကျင်္ မချွတ် ရဲ ဖြစ်နေပါတယ်။
သူဒုက္ခကလည်းတကယ်တော့ နည်းတဲ့ ဒုက္ခတော့မဟုတ်ပါဘူး။ စစ်အင်္ကျီ ချွတ်လိုက်တာနဲ့  သူဟာ ဦးနေ၀င်း၊ဗိုလ်စောမောင်၊ ဗိုလ် ခင်ညွန့် တို့ လမ်းကြောင်း အတိုင်းကောက်ကောက်ပါ ရောက်မှာ မလွဲပါ။ ဗုဒ္ဓမြတ်စွာ
ဘုရား ဟောကြားခဲ့တဲ့ ဓမ္မပဒ ထဲက အတိုင်းပါပဲ - နွားခြေရာနောက်ကို လှည်းဘီးဟာ ကောက်ကောက်ပါ အောင်လိုက်ရသကဲ့သို့ မကောင်းမှု ပြုလုပ်ထားတဲ့အကုသိုလ်ကလည်းအရိပ်ပမာ နောက်က လိုက်နေ ပါတယ်။ ဗိုလ်သန်းရွှေကို ဖြုတ်ချမဲ့သူတွေကလည်း သူမွေးထားတဲ့ မျောက်တွေကလွဲ လို့ တခြား ဘယ်သူမှ မဖြစ်နိင်
ပါဘူး။ မကြာခင်မှာ သမိုင်းဆရာတွေကတော့ သန်းရွှေဟာ သူပြုတ်ခါနီးမှာယတြာ ချေသည့် အနေနဲ့ ဘုရားတဆူတည်သွားခဲ့ပါကြောင်းလို့ မှတ်တမ်းတင်တော့မှာပါ။
Summary
Rest of your post
at 09:35
Subscribe to:
Post Comments
(
Atom
)
4 comments :
တကယ်တော့ ယတြာကိုယုံကြည်နေတာ ဒီမိုတွေပါ...
ယနေ့တွင် စစ်အင်္ကျီချွတ်ပြီးတော့ ဘုန်းဘုန်းများကို လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်နေပါတယ်...ဘာမှမဖြစ်ပါဘူး...ဗေဒင် ရှူး နတ်ကတော် ရှူးတာတွေ ရပ်သင့်ပါပြီ :D
ဘာဘဲ ဖြစ်နေ ဖြစ်နေ ကုသိုလ်ကောင်းမှု လုပ်ခြင်းကို မဝေဖန်သင့်ပါ ... ဗုဒ္ဓ ဘာသာဝင် ကောင်း တစ်ယောက် ဖြစ်ပါက မရေးသင့် သော အရေး အသားများ ဖြစ်ပါသည်။
ရှေ.က ဖြစ်သွား တဲ.စစ်ခွေးတွေ...ဘယ်လို အသေဆိုး နဲ.သေတယ် ဆိုတာ လက်တွေ.ဘဲ...
သူတို. ပထွေး နေ၀င်း က အစ သန်းရွှေ အဆုံး....
ကြည်.ကြ ရအောင်...ဘယ်သူ. လက်ချက် နဲ. သန်းရွှေ အ၀ီဇိ သွားမယ် ဆိုတာ....တကယ် သွားရ ခါ နီးတော. အတော်ကြာက် နေပုံဘဲ....သန်းရွှေ မျက်နှာ ကြည်.ရတာ....
Post a Comment