
-ဇင်မင်းထက်-
ဒိုမီနီကန်ရီပါ့ပလစ် နိုင်ငံသမ္မတ လီယိုနယ်ဖနန်းဒက်စ်က လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့တဲ့ ရဲအရာရှိ ၇၀၀ ကို တနင်္ဂနွေနေ့ က ရာထူးမှ ထုတ်ပယ်ခဲ့ပြီး၊ ရဲအရာရှိ နှင့် စစ်တပ်အရာရှိ ၃၁ ယောက်ကို ရာထူးမှ အနားယူစေခဲ့ကြောင်း၊ ဒါဟာ အစိုးရ အတွင်း လာဘ်ပေး လဘ်ယူမှုများ ကို ရှင်းလင်းသန့်စင်မှု ပြုလုပ်မယ်လို့ သမ္မတ လီယိုနယ် ဖနန်းဒက်စ် က သေကြာနေ့ နိုင်ငံအတွင်းထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ဂတိပေးကြေညာသွားပြီးနောက် ဒီလို ထုတ်ပယ်မှုတွေ ဖြစ်လာခဲ့တယ်လို့ဆိုတယ်။
လွန်ခဲ့တဲ့ ၆ လ ကပဲ တပ်အင်အား ၂၄,၀၀၀ ရှိတဲ့ စစ်တပ်အတွင်း မူယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပက်သက်သော သံသယရှိသူ စစ်သား ၅၃၅ ယောက်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ စစ်တပ် ကနေ အနားယူထုတ်ပယ် ပစ်ခဲ့တဲ့ စစ်တပ်ဗိုလ်ချုပ်ကြီး တွေထဲမှာ အမျိုးသား မူယစ်ဆေးဝါးတိုက်ဖျက်ရေး နှင့် ထိမ်းချုပ်ရေး အကြီးအကဲ ဗိုလ်ချုပ်ကြီလည်း ပါဝင်ခဲ့ပါတယ်။
စစ်တပ်မှ အထူးလုံခြုံရေးအရာရှိတွေနဲ့ ရဲအရာရှိတွေဟာ မူယစ်ဆေးဝါးရောင်းဝယ်မှု၊ လာဘ်ပေးလာဘ်ယူမှု တွေ နဲ့ ပါဝင် ပက်သက်နေပြီး၊ သူတို့ဟာ ရရှိတဲ့ လစာထက် မြောက်များစွာ ကျော်လွန်တဲ့ စည်းစိမ်တွေကို ပိုင်ဆိုင်နေကြတယ်လို့ မြို့တော် ဆန်တိုဒွန်မင်ဂို မှာ ၂၅ နှစ်ကြာတာဝန်ထမ်းဆောင်နေတဲ့ အစိုးရရှေ့နေကြီး သောမတ်စ် ကက်စတို မွန်နေဂရိုးက ထုတ်ဖော် ပြောဆို ခဲ့တယ်။ မူယစ်ဆေးဝါးရောင်းဝယ်မှု၊ လာဘ်ပေး လာဘ်ယူမှုတွေ နဲ့ ပါဝင်ပက်သက်နေတဲ့ စစ်တပ်ဗိုလ်ချုပ်ကြီး တွေ၊ လုံခြုံရေး အထူးတပ်ဖွဲ့ ၀င်တွေ၊ ရဲအရာရှိကြီး တွေဟာ သူတို့လစာနဲ့ မတက်နိုင်တဲ့ အိမ်တွေ၊ အဆောက်အဦးကြီးတွေ၊ ဇိမ်ခံကားတွေကို အမြောက်အများ ပိုင်ဆိုင်နေတာတွေ့ခဲ့ရတယ်လို့ ဖော်ပြပါရှိတယ်။
ဒိုမီနီကန်ရီပါ့ပလစ် နိုင်ငံသမ္မတ လီယိုနယ်ဖနန်းဒက်စ်က တော့ အခုအခါမှာ ကျူးဘားနိုင်ငံသို့ အလည်အပတ် ထွက်ခွာ နေသော် လည်း၊ ဘာကြောင့် ဒီလောက်များများ ရာထူးက နေထုတ်ပယ်ပစ်ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ထုတ်ဖော်ပြောဆို ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့လည်း သေကြာနေ့ က တနိုင်ငံလုံးကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ နိုင်ငံကို ကြားခံပြီး မူယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ပြုလုပ်နေ မှု ကို လုံးဝလက်ခံမှာ မဟုတ်ကြောင်း ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီး၊ သမ္မတရဲ့ မိန်ခွန်းဟာ ဒိုမီနီကန် ရီပါ့ပလစ် နိုင်ငံအနေဖြင့် မူယစ်ဆေးဝါးတိုက်ဖျက်မှုတွေကို နိုင်ငံတကာနဲ့ အရေးတယူ ပူးပေါင်း လုပ်ဆောင်သွားမယ် ဆိုတဲ့ အကြောင်း ဖော်ပြလိုက်ခြင်းဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြတယ်။
ဒိုမီနီကန်ရီပါ့ပလစ် နိုင်ငံ ဟာ ၁၈၄၄ ခုနှစ်ကတည်း က ဟေတီ နိုင်ငံက နေ လွတ်လပ်ရေးရယူခဲ့ပြီး၊ ဖေဖေါ်ဝါရီလ ၂၇ ရက် နေ့ဟာ ဒိုမီနီကန်ရီပါ့ပလစ် နိုင်ငံရဲ့ နှစ်ပတ်လည် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ဒီလို နှစ်ပတ်လည် နေ့မျိုးမှာ ရာထူး အပြောင်းအလဲ ခန့်အပ်မှုတွေ၊ ထုတ်ပယ်မှုတွေ ပြုလုပ်နေကြဖြစ်ပေမဲ့၊ ဒီလောက် များများ ရာထူးက ထုတ်ပယ်ခဲ့ခြင်းမျိုး အယင်က မရှိခဲ့ပါဘူး။ ဒီလို ရာထောင်ချီတဲ့ စစ်တပ်အရာရှိ တွေ၊ ရဲအရာရှိတွေကို ဒိုမီနီကန်ရီပါ့ပလစ် နိုင်ငံသမ္မတ လီယိုနယ်ဖနန်းဒက်စ်က ထုတ်ပယ်လိုက်ခြင်း ဟာ အစိုးရအတွင်း မူယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ နိုင်ငံအတွင်း လာဘ်ပေးလာဘ်ယူမှု အမှန်တကယ် အရေးတယူ တိုက်ဖျက်ဖို့ စစ်ကြေညာလိုက်တာပဲလို့ လေ့လာနေသူတွေက ပြောဆိုနေကြတယ်။
ဒိုမီနီကန်ရီပါ့ပလစ် နိုင်ငံ ဟာ မူယစ်ဆေးဝါး အဓိကထုတ်လုပ်ခြင်းမရှိသော်လည်း ဘိန်းဖြူ၊ ကိုကင်း၊ ဆေးခြောက်၊ အက်စ်တက်ဆီ (Ecstasy) ဆေးတွေကို ဥရောပနိုင်ငံများနဲ့ အမေရိကန်နိုင်ငံသို့ တင်ပို့နေတဲ့ ကြားခံ လမ်းကြောင်းအဖြစ်၊ မူယစ်ဆေးမှောင်ခိုတင်ပို့ နေသူတွေက အသုံးပြုလျှက်ရှိနေကြတယ်။ လောလောဆယ် အမေရိကန် ကမ်းရိုးတမ်းစောင့်တပ်ဖွဲ့ များရဲ့ မူယစ်ဆေးတိုက်ဖျက်မှုများကြောင့် မူလက တင်ပို့နေတဲ့ ကယ်ရယ်ဘီယံလမ်းကြောင်းမှ မက္ကဆီကို၊ ကော်စတာရီကာ၊ ပနားမား နိုင်ငံများကို ကြားခံလမ်းကြောင်းပြောင်းလဲ အသုံးပြုနေသော်လည်း၊ မူယစ်ဆေးဝါး မှောင်ခို တင်သွင်းနေသူတွေဟာ ဘယ်ဂျီယံ၊ နယ်သာလန် နိုင်ငံများမှနေ၍ ဒိုမီနီကန်ရီပါ့ပလစ် နိုင်ငံ ကို ဖြတ်ကာ အမေရိကန် နှင့် ကနေဒါ နိုင်ငံများသို့ဖြန့်ချီ တင်ပို့ရောင်းချနေကြောင်း ဖော်ပြပါရှိပါတယ်။
Rest of your post
No comments :
Post a Comment