Friday, 20 March 2009

ကို ဇာဂနာမိခင်- ဆရာမကြီး ယုဝတီဒေါ်ကြည်ဦး-ကွယ်လွန်ခြင်း

ကိုဇာဂနာရဲ့  မွေးသမိခင်ကြီး ယုဝတီ ဒေါ်ကြည် ဦး ၈၄ နစ် သည်၊ ၂၀-၃-၂၀၀၉ - ည -၈ နာရီမှာ ၁၅ ရောဂါ- လူကြီးရောဂါ ဖြင့်ကွယ်လွန်သွားကြောင်းဝမ်းနည်းဖွယ်သိရပါတယ်။ ကျနော်တို့ We Fight We Win Team မှ ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်ထူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်း ဖေါ်ပြလိုပါသည်။

မိခင်ကြီး ဒေါ်ကြည်ဦးရဲ့  ကျန်ရစ်တဲ့ ရုပ်ကလပ်ကို ၂၁ရက်နေ့ နေလည် ၁၂ နာရီမှာ ရန်ကုန် စမ်းချောင်းမြို နယ် ရှမ်းကုန်းလမ်း အမှတ် ၅၄ - ၅ လွာ (အေ) နေအိမ်မှ ရေဝေးသုသန်သို့ ပို့ဆောင်မီးသဂြိုင်္လ် မည်ဟု သိရပါသည်။ ကိုဇာဂနာကိုချစ်စွာသော ပရိသတ်ကြီးမှ လိုက်လံပို့ဆောင်ပေးကြပါရန် ကျနော်တို့နိုးဆော် လိုပါသည်။

မိခင်ကြီး ဒေါ်ကြည်ဦး ရဲ့ ရုပ်ကလပ်ကို အခန်းနားတွေလုပ်တာ၊အခန်းငှားတာ ကို နအဖမှ ခွင့်မပြုပဲ တခါးတည်းမီးသဂြိုလ် ရမည်ဟု နအဖ အာဏာပိုင်များက ဖိအားပေးထားကြောင်း လည်းသိရပါသည်။ အသုဘချမည့်နေ့တွင် နာရေးကူညီမှုအသင်းမှ ကိုကျော်သူကိုယ်တိုင် ကားမောင်းပို့ မည်။ ကြွင်းကျန်သော ရုပ်ကလပ်ကို နေအိမ်တွင်ပင်ထားပါသည်။ ကျန်ရစ်သူမိသားစုများကိုလာ ရောက်အားပေးသူများ၊ ဆရာမကြီး ကို ချစ်ခင်သောပရိသတ်များ နှင့် ပြည့်ကျပ်နေသည်ဟု သိရပါသည်။

ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာတော်များကိုဆွမ်းကပ်လှူဒန်းမှုကြောင့် ကိုဇာဂနာ မှာ နအဖ ထောင်ဒဏ် ၅၉ နစ်ပြစ်ဒဏ်ပေးခဲ့ပါသည်။ နောက်ပိုင်းတွင်းနအဖမှ ထောင်ဒဏ် ၂၅ နစ်ကို လျော့ပေးခဲ့သဖြင့် မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၃၄ နစ်ကို ကျခံနေရသူလည်းဖြစ်ပါတယ်။ ထောင်တွင်းခက်ခဲသော နေထိုင်မှုဘ၀ကြောင့် ကိုဇာဂနာသည် ကျန်းမာရေး မကောင်းဟုသိရသည်။ အရိုးကြီးပေါင်းတက် ရောဂါ၊ နှလုံးနှင့်သွေးတိုး ရောဂါများခံစားနေရကြောင်း စိုးရိမ်ဖွယ်ကြားသိရပါတယ်။


Rest of your post

No comments :