Wednesday, 25 March 2009
အမေရိကန်အရှေ့တောင်အာရှရေးရာညွှန်ကြားရေးမှူးမစ္စတာစတီဖင်ဘလိတ်မြန်မာနိုင်ငံသို့ရောက်ရှိ
-အောင်ချမ်း-
အမေရိကန်ပြည်ထောင်စု အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးမစ္စတာစတီဖင်ဘလိတ် သည် မြန်မာနိုင်ငံသို့ မတ်လ ၂၄ ရက်နေ့ က ရောက်ရှိသွားခဲ့ပြီး၊ စစ်အုပ်စု ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်း နဲ့ ကြပ်ပြေးနေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့အပြင် အတိုက်အခံနိုင်ငံရေးပါတီ NLD ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်သံရုံးက အတည်ပြု ပြောကြား ခဲ့ပါသည်။ ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်ပြည်ထောင်စု အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာစတီဖင် ဘလိတ် နှင့်အတူ ရန်ကုန်မြို့ ရှိ အမေရိကန် သံရုံး ယာယီတာဝန်ခံ မစ္စတာ လာရီဒင်းဂါး နှင့် သံရုံး ပထမ အတွင်းဝန်တို့ လိုက်ပါခဲ့ကြကြောင်း သိရပါတယ်။
ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ အတိအကျမသိရခဲ့ပေမဲ့ ၊ အခုလိုလာရောက်ခဲ့တဲ့ အမေရိကန် အရာရှိ ရဲ့ ခရီးစဉ် ဟာ မကြာသေးခင် အာရှတိုက်ကို ခရီးထွက်လာယင်း မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြန်ပြောင်း သုံးသပ် စဉ်းစားနေ တယ်လို့ ပြောဆိုလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရဲ့ ခရီးစဉ်နောက်ပိုင်း မြန်မာနိုင်ငံကိုသွားပြီး စစ်အစိုးရ နဲ့ရော အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ နဲ့ ပါ တွေ့ဆုံခဲ့မှု တခုလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့လ က မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးရာမှုဝါဒကို နအဖ စစ်အုပ်စု ၀န်ကြီးချုပ် သိန်းစိန်က ဝေဖန်ပြောဆိုခဲ့သော်လည်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများလွတ်ပေဖို့ နှင့် အတိုက်အခံနှင့် စစ်အုပ်စုအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ တောင်းဆိုနေတဲ့ အမေရိကန်အစိုးရ ရဲ့ ရပ်တည်ချက်အပေါ်ကိုတော့ ဘာမှထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စု အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးမစ္စတာစတီဖင် ဘလိတ် ၏ မြန်မာပြည်ခရီးစဉ်အတွင်း ဒီလို စစ်အုပ်စု ခေါင်းဆောင်များအပေါ် ပစ်မှတ်ထားပြီး စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားမှု အပေါ် ထိပ်တိုက်တွေ့ဆုံဆွေးနွေးခြင်းရှိမရှိ မသိရသေးပါဘူး။
Rest of your post
at 12:49
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment