Thursday, 12 March 2009
၂၀၀၉ ခုနှစ် ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာများ
-မြတ်စိုး-
ကမ္ဘာမှာ ဘီလီယံ နှင့်ချီပြီး ကြွယ်ဝချမ်းသာကြသော အချမ်းသာဆုံး သူများစာရင်းကို မနေ့က ဖိုဘီ ( Forbes) မဂ္ဂဇင်း က ထုတ်ပြန်ကြေညာခဲ့ရာမှာ ဘေးလ်ဂိတ်(Bill Gates) က ကမ္ဘာမှာ အချမ်းသာဆုံး နံပါတ် တစ် နေရာကို ပြန်လာရရှိခဲ့ပါတယ်။ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး ကပ်ဆိုးကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး ၊ တိုင်းပြည်မရွေး ဒုက္ခပေါင်းစုံ သက်ရောက် ခံစားနေရ သလို၊ ကမ္ဘာ့ အချမ်းသာဆုံး လူတွေလည်း သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုတွေဟာ ထိခိုက် လျော့ကျလာခဲ့ကြကြောင်း ဖော်ပြပါရှိတယ်။ မနှစ်က ကမ္ဘာ မှာ ဘီလီယံနာ(Billionaires) ဦးရေ ၁,၁၂၅ ယောက်ရှိခဲ့ရာက ဒီ နှစ်မှာ ၇၉၃ ယောက် သာ ကျန်ရစ် ခဲ့တော့ပြီး၊ မနှစ်က သူတို့ရဲ့ စုစုပေါင်း ကြွယ်ဝချမ်းသာမှု ၄.၄ ထွီလီယံ ရှိခဲ့ ရာက ဒီနှစ်မှာ ၂. ၄ ထွီလီယံ သာ ရှိခဲ့လို့ ငွေကြေး ၂ ထွီလီယံ လောက် ကွယ်ပျောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီနှစ် ကမ္ဘာ့ အချမ်းသာဆုံး ပထမ နေရာ ကို ပြန်လည်ရရှိခဲ့တဲ့ ဘေးလ်ဂိတ် ဟာ မနှစ် က သူရဲ့ ကြွယ်ဝချမ်းသာမှု ၁၈ ဘီလီယံ ဆုံးရှုံးခဲ့ပြီး၊ ဒီနှစ်မှာ ဘီလီယံ ၄၀ သာ ကြွယ်ဝချမ်းသာမှု သာ ရှိတော့တယ်။ မနှစ် က ကမ္ဘာ့ အချမ်းသာဆုံး ပထမ နေရာ ကို ရရှိခဲ့ တဲ့  ၀ါရမ်ဘူဖေးထ် ( Warren Buffett) ဟာ မနှစ်က သူရဲ့ ကြွယ်ဝချမ်းသာမှု ၂၅ ဘီလီယံ ဆုံးရှုံးခဲ့ပြီး၊ ဒီနှစ်မှာ ၃၇ ဘီလီယံ သာ ကြွယ်ဝချမ်းသာမှု ရှိတော့တာကြောင့် ဒုတိယနေရာနဲ့၊ မက္ကဆီကို နိုင်ငံ က ဆက်သွယ်ရေးနည်းပညာ နဲ့ ချမ်းသာ ကြွယ်ဝလာတဲ့ သူဌေးကြီး ကားလော့စ် စလင်း ( Carlos Slim Helu) က သူရဲ့ ကြွယ်ဝချမ်းသာမှု ၂၅ ဘီလီယံ ဆုံးရှုံးခဲ့ပြီး၊ ဒီနှစ်မှာ ၃၅ ဘီလီယံ သာ ကြွယ်ဝချမ်းသာမှု ရှိတော့တာကြောင့် တတိယ နေရာ ကို ရောက်ရှိသွားခဲ့ ကြတယ်။ မနှစ်က ဘီလီယံ ၃၀ ကြွယ်ဝချမ်းသာခဲ့တဲ့ နယူယောက်မြို့တော်ဝန် မိုက်ကယ် ဘလွန်ဘဂ် (Michael Bloomberg) ဟာ 16 ဘီလီယံသာ ပိုင်ဆိုင်တော့တာကြောင့် ကမ္ဘာမှာ အချမ်းသာဆုံး အဆင့် ၁၇ ကို ရောက်ရှိသွားတယ်။ မိုက်ကယ် ဘလွန်းဘဂ် (Michael Bloomberg) ဟာ နယူယောက်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင် နေပြီး၊ တနှစ် ၀င်ငွေ ၁ ဒေါ်လာ သာ လက်ခံခဲ့တယ်။ single ဘီလီယံနာတွေထဲမှာ ကမ္ဘာမှာ အချမ်းသာဆုံးသူတဦးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။
အဆင့် ၃၄ နေရာ ရရှိတဲ့ အိန္ဒိယ စီးပွားရေး ဘီလီယံနာ ကြီး အမ်နယ် အမ်ဘာနီ ( Anil Ambani) ဟာ မနှစ် က သူပိုင်ဆိုင်ခဲ့သော အစုရှယ်ရာ တွေ ကျဆင်းခဲ့တာကြောင့် သူရဲ့ ကြွယ်ဝချမ်းသာမှု ၃၂ ဘီလီယံ ဆုံးရှုံး ခဲ့ ပြီး ကမ္ဘာမှာ ချမ်းသာကြွယ်ဝမှု အရှုံး အများဆုံး နဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ခဲ့တယ်။ အဆင့် ၈ နေရာ ရှိတဲ့ အလုပ်ဖော်ကိုင်ဖက် အိန္ဒိယ လူမျိုး Lakshmi Mittal လည်း ၂၅. ရ ဘီလီယံ ဆုံးရှုံးခဲ့ ပါတယ်။ ထို့အတူ အိန္ဒိယ နိုင်ငံ မှာ ဘီလီယံ နှင့်ချီပြီး ကြွယ်ဝချမ်းသာကြသော ဘီလီယံနာ သူဌေးကြီး ၂၉ ယောက် ဟာ ဘီလီယံနာ ချမ်းသာ သော သူများစာရင်းက ကွယ်ပျောက်သွားခဲ့ကြတယ်။ အိန္ဒိယမှာ ဘီလီယံနာ သူဌေးကြီး ၂၄ ယောက်သာ ကျန်ရှိတော့ပါတယ်။
မနှစ်က ကမ္ဘာမှာ ဘီလီယံနာ ၃၅၅ ယောက် ကွယ်ပျောက် ကာ၊ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဖိုဘီ ( Forbes) မဂ္ဂဇင်း မှာ ဖော်ပြထားပါတယ်။ ဘီလီယံနာ အဟောင်းတချို့ ကွယ်ပျောက်သွားခဲ့သလို ဘီလီယံနာ အသစ် ၃၈ ယောက် လည်း ဒီနှစ်မှာ ထွက်ပေါ်လာခဲ့တယ်။ ထို့ အတူ တရုတ်၊ ဟောင်ကောင် မှ ဘီလီယံနာ အမျိုး သမီး ငယ်များလည်း ပေါ်ထွက်လာ ပြီး လူသိများလာခဲ့တယ်။
ဘီလီယံနာများ ကို အဆင့်လိုက် လေ့လာခြင်ရင် ဤနေရာ မှာ ကြည့်ရှု့ နိုင်ပါသည်။
Single ဘီလီယံနာများ၊ နံမည်ကြီးသူများ အကြောင်း ကို စိတ်ဝင်စားကြရင်တော့ ဤနေရာ မှာ ကြည့်ရှု့ နိုင်ပါသည်။
Rest of your post
at 11:57
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment