Friday, 13 March 2009

ဗေထိ ဆိုကထည်းက ကွဲ နေတဲ့  ၂၀၁၀ ရွေးကောက်ပွဲ


၂၀၁၀ ရွေးကောက်ပွဲ ပြိုင်မဲ့သူတွေ ပြသာနာ စတက်နေပြီလို့ သိရပါတယ်။ နအဖ က ကြံဖွတ်နာမည်အောက်မှာ ပြိုင်ပါလို့  တိုက်တွန်းနေတယ်။ အေးလွင် တို့ ကိုတော့ သီးခြားပေးဝင်မဲ့ပုံစံလုပ်ထားတယ်လို့ သိရတယ်။ ကြံဖွတ်နံမည်အောက်မှာ ၀င်ခိုင်းဖို့ အတွက် သန်းရွှေ ဘေးနားမှာ ရှိတဲ့ အောင်သောင်း၊ မောင်သောင်းတို့ က အကြံပေးတာလို့ သိရတယ်။

သူတို့ က ရွေးကောက်ပွဲ ပြီးရင် နေရာ ပျောက်မှာစိုးတယ်လို့ ယူဆတယ်။ ဒါကြောင့် နအဖနဲ့ နီးစပ်တဲ့သူတွေက တပါတီ စနစ်လို ဖြစ်လာတော့မယ် လို့ စိုးရိမ်နေကြတယ်။ နောက်တခုကလည်း သန်းရွှေဟာ သူတပ်ကိုသူစိတ်မချသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

သူရဲ့ အနီးကပ်လုံခြုံရေးတပ်ကို မြင့်ဆွေ အောက်မှာထားပြီး မောင်အေးနဲ့ ရွှေမန်းကို မသိမသာ ဒေါင့်ကို ပို့ နေတယ်လို့  ဆိုပါတယ်။ သန်းရွှေဘုရား ထီးတင် ပွဲမှာ လဲ သန်းရွှေကို လုံခြုံရေးပေးနေတဲ့ သူတွေရဲ့ အနေထားက စိုးရိမ်လွန်ကဲမှုကိုဖေါ်ပြနေတယ်

မောင်အေးနဲ့  ရွှေမန်းကို ဒီပွဲမှာ မတွေ့ ရတာက ထူးခြားတယ်လို့ ရန်ကုန် အကဲခတ်တွေက ဆိုတယ်။ တချို့ ဓါတ်ပုံတွေမှာတော့ သူတို့ နစ်ယောက်ကိုဖေါ်ပြပါတယ်။



Summary

Rest of your post

No comments :