Thursday, 5 March 2009
နယူးယောက် စတော့ရှယ်ရာဈေးကွက် သမိုင်းဝင် ဈေးပိတ်သွား
-မြတ်စိုး-
အမေရိကန် အကြီးဆုံးဘဏ်များ၊ အာမခံ ကုမ္ပဏီကြီး AIG နဲ့ ဂျီမန် (G.M) မော်တော်ကားကုမ္ပဏီတွေရဲ့ ရင်ဆိုင် နေကြရသော ငွေကြေးဆိုင်ရာ အကျပ်အတည်း တွေနဲ့ စီးပွားရေး မတည်မငြိမ်ဖြစ်နေမှုတွေကြောင့် စတော့ ရှယ်ယာ ရောင်းဝယ်သူတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေ ကြောက်လန့်တကြားဖြစ်ကာ သမိုင်းမှာ အနိမ့်ဆုံး နှင့် အဆိုးဝါးဆုံး အဖြစ်နဲ့ ဒီကနေ့ ဈေးပိတ်သွားခဲ့ရပြန်ပါပြီ။
စတော့ရှယ်ရာ ဈေးကွက်မှာ ၁၂ နှစ်အတွင်းမှာ တနေ့တည်းအနိမ့်ဆုံး အမှတ်အဆင့် တွေဆီ ကိုကျရောက်သွား ခဲ့တယ်။ ရင်နှီးမြုပ်နှံနေသူတွေဟာ ငွေကြေးဆိုင်ရာစံနစ် တွေနဲ့ အမေရိကန် GM ကားကုမ္ပဏီရဲ့ မတည်မငြိမ် ဖြစ်နေမှု သတင်းတွေကို စောင့်ဆိုင်းနားထောင်နေရင် ရင်တမမနဲ့ ဖြစ်နေခဲ့ကြတယ်။ အမေရိကန် GM ကား ကုမ္ပဏီဟာ ဒေ၀ါလီခံရတော့မယ့်သတင်းတွေ၊ ဘဏ်တွေရဲ့ ရှယ်ယာဈေးနှုန်းကျဆင်းနေမှု သတင်း တွေဟာ အစုရှယ်ယာ ရောင်းဝယ် ရင်နှီးမြုပ်နှံ နေသူတွေ အတွက် အဆိုးဝါးဆုံး သမိုင်းဝင်ခဲ့တဲ့ နေ့ တနေ့ဖြစ်ခဲ့ရတယ်။
ဒီ နေ့ Citigroup ရဲ့ ရှယ်ယာ ပေါက်ဈေး ဟာ .၉၇ စင့် (.97 cents) သမိုင်းမှာ အနိမ့်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ပြီး၊ ၁ ဒသမ ၀၂ ဒေါ်လာနဲ့ဈေးပိတ်သွားခဲ့တယ်။
ဒေါင်းဂျုံး အညွှန်းပြကိန်းဟာ ၂၈၁ ဒသမ ၄၀ မှတ်ထိထိုးကျသွားပြီး၊ ၆,၅၉၄ ဒသမ ၄၄ မှတ်ထိ ရောက်ရှိခဲ့ပြီး၊ S&P 500 အညွှန်းပြကိန်းဟာ ၃၀ ဒသမ ၃၂ မှတ်ထိထိုးကျသွားပြီး၊ ၆၈၂ ဒသမ ၅၅ မှတ်ထိ ကျဆင်း သွားခဲ့တယ်။ Nasdaq Nasdaq အညွှန်းကိန်းဟာ ၅၄ ဒသမ ၁၅ မှတ်ထိ ထိုးကျသွားပြီး၊ ၁,၂၉၉ ဒသမ ၅၉ မှတ်ထိ ရောက်ရှိခဲ့ပါတယ်။ ရေနံစိမ်း တစ်ပေပါဟာ နယူးယောက်မှာ ၄၃ ဒသမ ၆၁ နဲ့ ဈေးပိတ်ခဲ့တယ်။
အမေရိကန် ဗဟိုဘဏ် နှင့် ဘဏ္ဍာရေး ဌာနမှ တာဝန်ရှိသူတွေ ဟာ အမေရိကန် အကြီးဆုံး အာမခံ ကုမ္ပဏီကြီး AIG ကြုံတွေ့နေရသော ငွေကြေးဆိုင်ရာ အကျပ်အတည်းများ နဲ့ AIG ကို ဘီလီယံ ၁၈၀ စီပွားရေးကျားကန်ပေးဖို့ ကိစ္စတွေနဲ့ ပက်သက်ပြီး ဒီကနေ့ အထက်လွှတ်တော် ကြားနာမှု မှာ ဆွေးနွေးခဲ့ကြတယ်။ စတော့ရှယ်ယာ ဈေးကွက်မှာ ၁၂ နှစ်တာ ကာလ အတွင်း အနိမ့်ဆုံး အမှတ် အဆင့် ကို ရောက်ရှိ သွားတာကြောင့် တရုတ်နိုင်ငံ မှာ လည်း လက်ရှိ စီးပွားရေး ကျားကန် ထားတဲ့ အမေရိကန် ဒေါ်လာ ၅၈၆ ဘီလီယံ ကို တပ်မံ တိုးမြှင့် သွား လိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ တရုတ် နိုင်ငံမှာ အရေးပါတဲ့ နိုင်ငံရေးအစည်းအဝေးကို ကြာသာပနေ့မှာ ကျင်းပခဲ့ပေမဲ့ စီးပွားရေး ကျားကန်မှု တိုးချဲ့သွားမည့် အစီအစဉ်နဲ့ ပက်သက်ပြီး တရားဝင် ကြေညာမှုတော့ မပြုလုပ်သေးပါဘူး။
Rest of your post
at 20:22
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment