Monday, 9 March 2009

မော်လမြိုင်ကျောင်းသားများ၏ဂယက်ရန်ကုန်မြို့သို့ပျံနှံ့ မီးမလာ၍ စာမေးပွဲကိုသပိတ်မှောက်မည်။



ဆယ်တန်းစာမေးပွဲမဖြေရေးသပိတ်ကို တစ်နိုင်ငံလုံးကျောင်းသားတွေ အတူပါဝင်ကြ

၈ မတ် ရန်ကုန် ၊တင်ကျော်ကျော်စိုး
င်္Freedom News Group

မတ်လ၆ရက်နေ့ မော်လမြိုင်ကျောင်းသားများ၏လျှပ်စစ်မီးအခွင့်အရေးတိုက်ပွဲမှာရန်ကုန် မြို့သို့ ကူးစက်သွားပြီး ရန်ကုန်ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟုခေါ်သည့် ဆယ်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသားတချို့ မှာလျှပ်စစ်မီးပုံမှန်မရရှိသဖြင့် စာကျက်ခြင်းမပြုနိုင်ကာ ဆယ်တန်းစာမေးပွဲကိုသပိတ်မှောက်ကြတော့မည်ဟု သတင်းရရှိသည်။

ရန်ကုန်တွင် ဗုံးများပေါက်ကွဲအပြီး တင်းကျပ်သည့်လုံခြုံရေးအနေအထားနှင့် ကျောင်းသားများကို စုစည်းနိုင်မှု အနေအထားအရ မော်လမြိုင်မြို့မှာကဲ့သို့ အင်အားကောင်းစွာ ဆန္ဒထုတ်ဖော်နိုင်ဖို့ မိမိတို့ သည် ဆယ်တန်း စာမေးပွဲ ကို သပိတ်မှောက်ရန်မှတပါး အခြားမရှိတော့ပါဟု ဒဂုံမြို့သစ် အထက်တန်းကျောင်းတစ်ကျောင်း မှနေ၍ ဆယ်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုမည့် အထက်တန်းကျောင်းသား ကိုမောင်မောင်ဦး (နာမည်ရင်းမဟုတ်ပါ) ကFreedom News Group သို့ ပြောသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပျက်ခြင်းမှာ စံချိန်တင်ဆိုးရွားနေသောကြောင့် ကျောင်းသားမိဘ နှင့်ဆရာဆရာမများ ကလည်း ဆယ်တန်းဖြေဆိုမည့်ကျောင်းသားများကို စာမေးပွဲအတွက်တွန်းအားမပေးတော့ကြောင်းသိရသည်။

“မီးကမလာလို့ ကျွန်မတို့ လည်းစိတ်ပျက်သားကလည်းစိတ်လေနေတယ်လေ သူကပြောတယ် စာမေးပွဲ မဖြေတော့ဘူးတဲ့ ကျွန်မလည်းဘာမှပြန်မပြောတော့ဘူးလို့ ”သမိုင်းမှဆယ်တန်းကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူကပြောသည်။

မီးမလာသောကြောင့် ကျောင်းသားအများစုမှာလည်းဂိမ်းဆိုင်နှင့် အင်တာနက်ချတ်များတွင် အချိန်ဖြုံးခြင်း တို့ဖြင့်သာ ညများစွာကိုကုန်လွန်ကြရသည်။

ကိုမောင်မောင်ဦး က “ကျွန်တော်တို့ စာမေးပွဲမဖြေဖို့ ကိုလိုက်စည်းရုံးနေကြ ပါတယ်။ မနက်ဖြန်မှာ ကျယ်ကျယ်ပြန့် ပြန့် လုပ်မယ်။ဒါနိုင်ငံရေးမဟုတ်ဘူးလေ မီးမလာလို့  စာမကျက်နိုင် အဲဒီတော့ စာမေးပွဲမဖြေဘူးပေါ့ ”ဟု ပြောသည်။

၁၉၅၆ ခုနှစ်တွင် မတ်လတွင် သတ္တမတန်း အစိုးရစစ်စာမေးပွဲ မေးခွန်းပေါက်ကြားမှုကြောင့် တစ်တိုင်းပြည်လုံး ကျောင်းသားများ အုံကြွရာတွင် အစိုးရက ပစ်ခတ်နှိမ်နှင်းသောကြောင့် စိန့် ပေါလ်ကျောင်းသား ဟယ်ရီတန် သေဆုံးရမှုဖြစ်ပွားခဲ့သည်။



Rest of your post

No comments :