Saturday, 14 March 2009


MoeTheeZun Remark on 21th Anniversary of Human Rights Day
March14,2009

UN Plaza,New York,USA

မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး တွေ မရှိဘူး ဆိုတာကို ကိုဖုန်းမော် ကျဆုံးတဲ့ ဒီ မတ်လ ၁၃ ရက် နေ့ က သက်သေခံလိုက်တာဖြစ်ပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းဝင်း ဆင်ဝင်အောက်မှာ အုပ်ခဲတွေနဲ့ ကြယ်ပုံသဏ္ဍန် လုပ်ခဲ့တယ်။ အဲ့ဒီအုပ်ခဲတွေက မြန်မာပြည် ဒီမိုကရေစီ နဲ့ လူအခွင့်အရေးလှုပ်ရှားမှုကြီးရဲ့  Corner Strone အခြေခံ အုပ်မြစ် ဖြစ်ခဲ့ပါပြီ။
လွတ်လပ်မှု တရားမျှတမှု ချစ်ကြည် ရင်းနှီးမှုဆိုတဲ့ လူအဖွဲ့ အစည်းတခု တိုးတက်ကြီးပွားဖို့ အတွက် လောကပါလတရား ဆိုတဲ့ အခြေခံအုတ်မြစ်တွေကို ဒီနေ့ စတင်ချခဲ့တာပါ။
သမိုင်းလမ်းကြောင်းကိုဘယ်သူကမှ ပြောင်းလဲလို့ မရဘူး
မတ်လ တိုက်ပွဲမှ စတင်ခဲ့တဲ့ တိုက်ပွဲလမ်းကြောင်း က အဓိပတိလမ်းမကနေ ဒီမိုကရေစီကို
ကျနော်တို့ ချီတက်ခဲ့တဲ့လမ်းကြောင်းပါ။ ဒါဟာ မှန်ကန်တဲ့လမ်းကြောင်းပါ။
ကျောင်းသားလှုပ်ရှားမှု
၈၈ အထွေထွေ လူထု လှုပ်ရှားမှုကြီး
၁၉၉၀ ရွေးကောက်ပွဲ
ပြည်သူ့လွှတ်တော်နဲ့  ဒီမိုကရေစီ အစိုးရ
ဒီမိုကရေစီ မြန်မာနိင်ငံတော်သစ် ဆီ ဆိုတာ ရွှေပြည်တော်ကို သွားရာလမ်းကြောင်းမှန်ပါ။
မဂ်လမ်း ဖိုလ်လမ်းကိုလည်းဒီလမ်းက ပဲရောက်မှာပါ။
စီးပွားရေး၊လူမှုရေး၊ ပညာရေး တွေအားလုံးဟာလည်း ဒီလမ်းကပဲ ပျော်ရွှင်မှု ( Happiness)
လုံခြုံမှု ( Security ) ကိုပေးနိုင်မှာပါ။
ဒီနေ့  ဖေါက်ပြန်တဲ့ သန်းရွှေ နဲ့ လက်တဆုတ်စာ လူတစုက သမိုင်းဘီးကိုနောက်ပြန်လှည့် 
ဖို့ ကြိုးစားနေပါတယ်။ မတ်လ ကျောင်းသားတွေဖေါက်ခဲ့တဲ့လမ်းကြောင်းမှာပဲ နေကြပါလို့  ကျနော် ဒီနေရာကနေ အထူးသတိပေးလိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ဆန့်ကျင်ရမယ်။
လမ်းပြမြေပုံ ၇ ချက် ဆိုတာ ငရဲ ကိုသွားတဲ့ဖြတ်လမ်းဖြစ်နေပါတယ်။
၂၀၀၈ အခြေခံဥပဒေဆိုတာ လူတိုင်းကို အကြောင်းမဲ့ ဖမ်းဆီးနိင်တော့မဲ့ ဖမ်းဝရမ်းပါ။
၂၀၁၀ ရွေးကောက်ပွဲဆိုတာ အမတ်တွေကို ပြည်သူကရွေးရမှာမဟုတ်ပါဘူး ။ သန်းရွှေက သူ့သြဇာခံသူတွေကိုရွေးတဲ့ပွဲပါ။
ဒီမိုကရေစီမဟုတ်ဘူး- အော်တိုကရေစီပါ။ အော်တိုကရေစီမှာ အခြေခံဥပဒေရှိတယ်။ ရွေးကောက်ပွဲတွေရှိတယ်။ အာဏာရတွေကပဲအမြဲနိုင်နေမယ်။ ဒါပေမဲ့  နိုင်ငံရေးအင်အားစုတွေလွတ်လပ်စွာယှဉ်ပြိုင်ခွင့်မရှိဘူး။ ပြည်သူလူထုမှာ လွတ်လပ်တဲ့ အခြေခံအခွင့်အရေးတွေမရှိဘူး။
ဒီနေရာမှာ စိတ်ကူးယဉ်သမားတွေ၊ ပညာရှင်ဆိုသူတွေ ဒီနေရာကနေ အသိပေးလိုက်ခြင်တယ်။ ကြက်သမားတွေတောင်မှ ကိုယ်ကြက်နိုင်ချေမရှိရင် မတိုက် ကြပါဘူး ။ သူတို့  ကစားပွဲ ရဲ့ အခြေခံမူ

( Rule of Game ) ကိုသိကြပါတယ်။၂၀၁၀က Game တွေကို တဖက်သတ်ရေးဆွဲထားတာပါ။
ခုဟာက နအဖက နိင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။ ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ တိုင်းရင်းသား နိင်ငံရေးပါတီအဖွဲ့ အစည်းတွေကို

ကို ကြိုးနဲ့ တုတ်ထားတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မတောင်းဆိုပဲ ရသလောက် အရင်ယူထားမယ်။ တဖြေးဖြေးချဲ့ ယူမယ်ဆိုတဲ့အကြံကတော့ မှန်ကန်တဲ့ လမ်းကြောင်းမဟုတ်ပဲ အန္တရယ်များတဲ့

စွန့် စား ခန်းဖြစ်နေပါတယ်။

ဇွန်လ ၂၁ ရက် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း မှာ ကျနော်ရွတ်ခဲ့တဲ့ ပွတ်ရှကင်း
ရဲ့ ကဗျာလေးကို ရွတ်ရင်း နိဂုံးချုပ်ပါတယ်။

ရဲ ဘော်တို့  ယုံကြည်ပါ။
အာရုံဦးဟာ
သူ့လင်းရောင်ခြည်များဖြင့်
မှောင်မိုက်မိုးကောင်းကင်အား
ဖယ်ရှားလှည်းကျင်းသန့်စင်လိမ့်မယ်။

ကျေးဇူးတင်ပါတယ်။

No comments :