Wednesday, 25 March 2009
ထိုင်းနိုင်ငံက Spider Man
AFP, Bangkok
ကျော်သိင်္ခ
မတ်လ ၂၅ ရက်
ထိုင်းမီးသတ် သမားတစ်ဦးက ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးကို လသာဆောင်အစွန်း တစ်ခုမှ ကယ်ထုတ်ရာ တွင် မီးသတ်ဝတ်စုံအစား ပင့်ကူလူသား (Spider Man) ၀တ်စုံကို ၀တ်ဆင်ကာ အဆိုပါ ကလေးငယ်အား ကယ်တင်ခဲ့ကြောင်း ထိုင်းရဲတစ်ဦးက ကြာသပတေးနေ့က ပြောပါတယ်။
ဘန်ကောက်မှာရှိတဲ့ မူကြိုကျောင်းတစ်ကျောင်းကို ရောက်လာတဲ့ ကလေးငယ်တစ်ယောက်က ထိုကျောင်းကို စရောက်တဲ့ ပထမနေ့မှာပင် ကြောက်ရွံ့ထိတ်လန့်ကာ ကျောင်းရဲ့တတိယ ထပ်မှာရှိတဲ့ လသာဆောင် အစွန်အဖျားကို တက်သွားခဲ့ပါတယ်။ ကျောင်းရှိဆရာများက ခေါ်သော်လည်း ကလေးက ကြောက်လန့်တကြား ဖြစ်နေတာမို့ ခေါ်လို့မရခဲ့ဘူး လို့ ထိုင်း ရဲအရာရှိတစ်ယောက်က AFP ကိုပြောပါတယ်။
ကလေးကို ခေါ်လို့မရတဲ့အခါမှာ ကလေးမိခင်ဖြစ်သူက သူ့သားသည် ရုပ်ရှင်တွေထဲက စူပါမင်း ကဲ့သို့ ကယ်တင်ရှင် သူရဲကောင်းများကို သဘောကျကြောင်း ပြောရာ၊ မီးသတ် ၀န်ထမ်းဖြစ်သူ ဆွမ်ချိုင် ယိုးဆဘိုင် ဆိုသူက ကလေးငယ်ကို ကယ်တင်ဖို့ စိတ်ကူးတစ်ခုကို ရလိုက်ပါတယ်။
ဆွမ်ချိုင်ဟာ သူ့ရဲ့ မီးသတ်ဌာနသို့ ပြန်သွားခဲ့ပြီး၊ ကလေးငယ်ကို သွားမကယ်တင်ခင် Spider man ၀တ်စုံကို လဲခဲ့တယ်လို့ ပြောပါတယ်။
“ကျနော် က ကလေးငယ်ကို “မင်းကိုကယ်ဖို့ ဒီမှာ Spider man လာပြီ၊ နတ်ဆိုးတွေ မင်းကို နှောက်ယှက်တော့မှာ မဟုတ်ဘူး” လို့ ပြောပြီး ကျနော့်ဆီကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာဖို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြေးလာရင် အန္တရာယ် ရှိတယ်လေ” လို့ ဆွမ်ချိုင်က ပြည်တွင်း ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုမှာ အခုလို ပြောပါတယ်။
အဲဒီအခါမှာ ကလေးက ချက်ချင်း မတ်တပ်ရပ်ပြီး သူ့ရဲ့ ကယ်တင်ရှင် Spider man ဆွမ်ချိုင် ဆီကို လာခဲ့တယ်လို့ ရဲက ပြောပြပါတယ်။
ဆွမ်ချိုင်က သူ့အနေနဲ့ Spider man ၀တ်စုံကို သိမ်းထားပါတယ် လို့ပြောပါတယ်။ ပြီးတော့ Ultraman ဆိုတဲ့ ဂျပန်ရုပ်သံဇာတ်လမ်းမှာဆို ကျောင်းတွေမှာ မီးဘေးရှောင်ဖို့ အချက်ပေးမြည်သံပေးတဲ့အခါ မီးသတ်ဌာနက ၀န်ထမ်းတွေက Spider man ၀တ်စုံကို ၀တ်ကြတယ်လို့လည်း ၄င်းကဆိုပါတယ်။
Rest of your post
at 09:59
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment