ဧပြီလအတွင်း ကေအဲန်ယူနှင့် နအဖတပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ တနင်္သာရီတိုင်းအတွင်း နအဖ တပ်ဖွဲ့ များ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(ကေအဲန်အယ်လ် အေ) တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်းများက ဧပြီလ ၇ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ရာ နအဖ တပ်ဖွဲ့မှ ကျဆုံးမှုများ ရှိခဲ့သည်ဟု ကရင်သတင်း စဉ်က စုံစမ်းသိရှိရသည်။
ထိုင်း-မြန်မာနယ်စပ်နှင့် (၁)ကီလိုမီတာခန့်သာ ကွာဝေးသည့် ကော့သောင်းခ±ိုင်၊ ဘုတ်ပြင်းòမိ့နယ်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေ သည့် အမှတ် (၂ဝ)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ရှေ့တန်းနည်းဗျူဟာ (၁)မှူးဗိုလ်မှူးကြီးတင်ထွတ် ဦးစီးသော နည်းဗျူဟာရုံးနှင့် ရှေ့တန်း ခြေမြန်တပ်ရင်း (၅၉၄) စစ်ကြောင်း (၁)မှ ဗိုလ်မှူးစိုးနိုင်ထွန်း ဦးစီးသည့် အင်အား ၇ဝဦး ပါဝင်သော ပူးပေါင်းတပ်ဖွဲ့ကို ကေအဲန်အယ်လ်အေ တပ်ရင်း(၁၁) တပ်ခွဲ(၂)မှ ရှေ့ထွက်မိုင်းများဖြင့် စောင့်၍ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့ မွန်းလွဲ(၁းဝဝ)နာရီမှ (၁း၃ဝ)နာရီအထိ ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲတွင်နအဖ မှ (၄)ဦး ကျဆုံးပြီး (၃)ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။ ကျဆုံးသူများမှာ ဗိုလ်ကြီးမျိုးလွင် ကြည်း/၂၃၄၆၁၊ ဒုတပ်ကြပ်သိန်းထွန်း တ/၃၉၁ဝ၁၃၊ တပ်သားကျော် ဆွေ တ/၂၅၂၃၄ဝနှင့် မွန်ငြိမ်းချမ်းရေးမှ တပ်သားယဉ်မွေတို့ဖြစ်ကြပြီး ဒဏ်ရာရစစ်သည်များဖြစ်သည့် တပ်သားစိုးလင်းအောင် တ/၃၅၉၂၉၆၊ တပ် သားကျော်မိုးပိုင် တ/၂၅၂၉၃ဝနှင့် တပ်သားသာစိုး တ/၁၈၆ဝ၅၄တို့အနက် နှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု အရပ်ဖက်သတင်း များအရ သိရှိရသည်။
အေပြီလ - (၅)ရက်နေ့ နံနက်(၆း၃ဝ)နာရီခန့်တွင် ကော့ကရိတ်òမိ့နယ်၊ ကနဲလေးနေရာရှိ ကေအဲန်အယ်လ်အေ တပ်ရင်း(၂ဝ၁) တပ်ခွဲ(၁)၏ ရှေ့တန်းပြောက်ကျားစခန်းတခုကို နအဖ စစ်ကြောင်းနှစ်ကြောင်းနှင့် ဒီကေဘီ
အေ(၉ဝ၆)တပ်ရင်းမှ အင်အား ၃ဝဦးပါ တပ်ဖွဲ့က လာရောက် တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်အယ်လ်အေ (၂ဝ၁)
တပ်ရင်းမှ တပ်ခွဲ(၁)မှူး ဗိုလ်ကြီးစောနာ့ကြီးက ယခုလို ပြောသည်။
“အဲဒီနယ်မြေမှာက ကျနော်တို့ ယာယီပြောက်ကျားစခန်းတွေ ထားတာရှိတယ်။ အဲဒီအထဲက စခန်းတခုကို သူတို့ဝင်တိုက်တာ ကျနော်တို့ ဘက်က တပ်သားတဦး လက်နက်အခြမ်းလေး ထိမှန်ပြီးဒဏ်ရာနည်းနည်းရတယ်။ သူတို့ဘက်ကတော့ ထိခိုက်မှု ဘယ်လိုလဲဆိုတာ ကျနော်တို့လည်း မသိဘူး။ အခုချိန်အထိလည်း သူတို့ ပြန်မဆုတ်သေးဘဲ အဲဒီစခန်းမှာပဲ ထိုင်နေသေးတယ်”ဟု ပြောသည်။
တိုက်ပွဲတွင် ဒီကေဘီအေတပ်များက ရှေ့တန်းမှ အမ်-၁၆၊ အေကေ-၄၉ စသည့်လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး နအဖတပ်များက အ နောက်ဘက်မှ လက်နက်ကြီးဖြင့် ဝိုင်းကူပစ်ခတ်ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဒီကေဘီအေတပ်များသည် ထိုနယ်မြေသို့ အင်အားထပ်မံဖြည့် တင်းလာသော်လည်း ယခုရက်ပိုင်းအတွင်း နှစ်ဖက်တပ်များက အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်သည်ဟု သိရသည်။ ထိုင်း-မြန်မာနယ်စပ်တွင် ကေအဲန်ယူတပ်များနှင့် ဒီကေဘီအေ၊ နအဖစစ်တပ်များ တိုက်ပွဲဖြစ်ပွားလျှက်ရှိနေသော်လည်း နအဖ ဝန်ကြီးချုပ်၏ တောင်းဆိုမှုကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့တို့ ဧပြီလ(၆)ရက်နေ့က ဘန်ကောက်òမိ့တွင် ပဏာမသဘော တွေ့ဆုံဖြစ်ခဲ့ကြသည်။

Summary
Rest of your post
No comments :
Post a Comment