Thursday, 16 April 2009
မုန်တိုင်းကြိုတင်သတိပေးချက်
Dhaka (PTI)
ကျော်သိင်္ခ
ဧပြီလ ၁၇ ရက်
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၄င်းတို့၏ ကမ်းရိုးတမ်းဒေသများသို့ မုန်တိုင်းနှင့်ပက်သက်သည့် သတိပေး ချက်များကို ယနေ့ ကြာသပတေး နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ၀န်ကြီးဌာနက ကြိုတင်သတိပေးချက်တွေကို ထုတ်ပြန်လိုက်ပြီး ဒေသဆိုင်ရာ စီမံကွပ်ကဲသူတွေကိုလည်း ပြင်ဆင်မှုတွေ ဆက်လက် ပြုလုပ်ထားကြဖို့ ဆော်သြ ထားပါတယ်။
ဘစ်ဂ်ျလီ ဆိုင်ကလုန်းဟာ အနောက်ဘက်ပင်လယ်ပြင် နဲ့၊ အရှေ့ဘက်တို့ကို ဗဟိုပြု၍ တိုက်ခတ်ခဲ့ပြီး ယခုဆိုလျှင် မြောက်ဘက်နှင့်၊ အရှေ့မြောက်ဘက်တို့ဆီသို့ ဖြေညှင်းစွာ ရွေးလျားနေတယ်လို့ ဆိုပါတယ်။ မနေ့က နောက်ဆုံး ရရှိခဲ့တဲ့ သတင်းများအရ မနေ့က ကြာသပတေးနေ့ ညနေ ခြောက်နာရီအချိန်မှာ ဘစ်ဂ်ျလီ မုန်တိုင်းဟာ စစ်တကောင်း ဆိပ်ကမ်းရဲ့ နောက်တောင်ဘက် ၇၃၅ ကီလိုမီတာ အကွာခန့် တွင် တိုက်ခတ်နေပြီလို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် အခြေစိုက် မိုးလေ၀သ ကြိုတင်သတိပေးရေး ရုံး (Met office) က "မုန်တိုင်းက ဒီထက်ပိုပြီး အားကောင်းလာဖို့ရှိပါတယ်။ ပြီးတော့ မြောက်ဘက်နဲ့ ရှေ့မြောက်ဘက်ကို ရွေးလျားတိုက်ခတ်မယ့်အနေအထား ကို တွေ့ရပါတယ်။” လို့ ပြောပါတယ်။
ကမ်းရိုးတမ်းဒေသမှာ ရှိနေကြတဲ့ သတင်းထောက်တွေရဲ့ ပြောပြချက်အရတော့ Met ရုံးက ဘင်္ဂလား ပင်လယ်အော် မြောက်ဘက်ပိုင်းမှာရှိတဲ့ ငါးဖမ်းလှေတွေကို အမိုးအကာတွေကို ချက်ချင်း တပ်ဆင်ထားကြဖို့ နဲ့ နောက်ထပ် သတိပေးချက် မတိုင်မီအထိ ထို အမိုးအကာတွေကို ဆက်လက်တပ်ဆင်ထားကြဖို့ သတိပေးပြီး တဲ့နောက်ပိုင်းမှာ ငါးဖမ်းလှေတွေဟာလည်း ကမ်းခြေဘက်ကို ပြန်လှည့်လာကြပါတယ်။
ဘင်္ဂလားပင်လယ် ကမ်းရိုးတမ်းဒေသမှ တာဝန်ကျ အရာရှိများက ဖုန်းနှင့်ပြောကြားရာမှာ “ကျနော်တို့အနေနဲ့ ဆိုင်ကလုန်းဒဏ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ နဲ့ တွေ့ဆုံပွဲတစ်ခု ပြုလုပ်ပြီး ပြင်ဆင်များလည်း ပြုလုပ်ထားပါတယ်။” လို့ပြောပါတယ်။
Red Crescent လို့ခေါ်တဲ့ ကယ်ဆယ်ရေးအဖွဲ့အစည်းကလည်း ၄င်းတို့ရဲ့ အင်အား လေးသောင်း သုံးထောင်ခန့်ရှိ လုပ်အားပေး ကယ်ဆယ်ရေး သမားတွေကိုလည်း သတိဝီရိယ နှင့် အသင့်ရှိနေကြဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ Red Crescent က ပြောကြားရာမှာ အမြင့်ဆုံးလေတိုက်နှုန်းဟာ မုန်တိုင်းရဲ့ ဗဟိုချက်မနေရာ ကနေ ၅၄ ကီလိုမီတာအကွာမှာ တစ်နာရီကို မိုင်ခြောက်ဆယ် နှုန်းဖြင့် တိုက်ခတ်နေပြီး၊ တစ်နာရီကို မိုင် ၈၀ နှုန်းအထိ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံက လာတဲ့ သတင်းများအရတော့ မုန်တိုင်း အမြင့်ဆုံး တိုက်ခတ်ချိန်မှာ ရေထုအမြင့်ဟာ ၁၃ ပေအထိ မြင့်တက်လိမ့်မယ်လို့ ဆိုပါတယ်။
မုန်တိုင်းသတင်း နှင့်ပက်သက်၍ အသေးစိတ်သတင်း အချက်အလက်မျာကို အောက်ဖော်ပြပါ Links များတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။ မုန်တိုင်း နှင့် ပက်သက်သည့် နောက်ဆုံးရ သတင်းများကိုလည်း ဆက်လက်ဖော်ပြသွားပါမည်။
www.cbsnews.com/stories/2008/05/14/world/main4094615.shtml - 131k -
http://newsblaze.com/story/20090416082048zzzz.nb/topstory.htmlhttp://www.eosnap.com/?p=6029
Rest of your post
at 21:54
Subscribe to:
Post Comments
(
Atom
)
1 comment :
Happy new year to you.
The cyclone Bijli(Tropical Revolution Storm)will meet me to night (mid-night). It speed more fast but less weak.
I prepared necessary precaution after taken information from Talkii.
I decided to accept the inevitable.
No way.
Thank you a lot.
Post a Comment