ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ န၀မ အကြိမ်မြောက် အတာသင်္ကြန် အခမ်းအနား
၂၀၀၉ ခုနှစ် ဧပြီလ ၁၉ ရက် တနင်္ဂနွေ ကိုရီးယားဒေသ စံတော်ချိန် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ဖူချွန်းမြို့ ဆော(ဂ်)၀မ်ဆာ ဗုဒ္ဓုဘုရားကျောင်းဝင်းအတွင်းတွင် မြန်မာအသင်းကိုရီးယားမှ ကြီးမှူး၍ ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံ သားများ၏ န၀မ အကြိမ်မြောက် အတာသင်္ကြန် အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ပါသည်။
အတာသင်္ကြန် အခမ်းအနားကို ဖူချွန်းမြို့ ဆော(ဂ်)၀မ်ဆာ ဗုဒ္ဓုဘုရားကျောင်းဝင်း၏ ပဓာနဆရာတော် ကိုရီးယားဘုန်းတော်ကြီး လင်ယောင်တန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ၅၀၀ ကျော်နီးပါးခန့် ပျော်ရွှင်စွာ ရေကစား ခဲ့ကြပါသည်။မြန်မာနိုင်ငံသား ဂီတ၀ါသနာရှင်များဖြင့် ဖွဲ့စည်းထားသော Rainbow တေးဂီတ အဖွဲ့မှ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲအပါအ၀င် ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာအသင်းအဖွဲ့ ၁၆ ဖွဲ့၏ စတုဒီသာ မဏ္ဍပ်များမှ မြန်မာ့ရိုးရာ အစားအစာများဖြင့် ကျွေးမွေးဧည့်ခံ
ကြပါသည်။ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား များသာမက ကိုရီးယားလူမျိုးများ၊ ထိုင်းနှင့် ဖိလစ်ပိုင် ၊ တရုတ် အစရှိသည့် နိုင်ငံသားများမှလည်း မြန်မာအတာသင်္ကြန်ပွဲကို ပျော်ရွှင်စွာဖြင့် ပူးပေါင်းပါဝင် ဆင်နွဲကြပါသည်။
သတင်းဓါတ်ပုံနှင့် ရုပ်သံများကို ကြည့်ရှု လိုပါက-
http://picasaweb.google.com/yannainghtunkorea/2009KoreaTHINGYUN#
http://picasaweb.google.com/Toekogyi/2009KoreaTHINGYUN2#
ရန်နိုင်ထွန်း
Rest of your post
No comments :
Post a Comment