မြန်မာပြည်မှာ တိုင်ရင်းသားဘာသာ စာသင်ကျောင်းတွေ ၊ တိုင်းရင်းသား စကားသင်တန်းကျောင်းတွေ ကို တည်ထောင်ခွင့်တွေ ပိတ်ပင်ခံခဲ့ရတယ်ဆိုတာကြားသိရပေမဲ့၊ ယနေ့ မြန်မာပြည်မှာ တရုတ်စာသင်ကျောင်း တွေကတော့ မှိုပွင့်တွေလို နေရာအနှံအပြား နှင့် မြို့ကြီးတွေ မှာတွေ့နေရပါတယ်။ အခုဆိုယင် မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံတကာသုံး အင်္ဂလိပ်စကားထက် တရုတ်စကားကို ပိုမိုသုံးစွဲ ပြောဆို နေကြ တာတွေ့ ရတယ်။ တရုတ်လို လျှာတွေ့နေတယ်ထင်ပါတယ်။ ဒါဟာလည်း သူတို့ သွားရောက်လည်ပတ်နိုင်တာ ကမ္ဘာမှာ တရုတ် နိုင်ငံပဲရှိတော့ တာကြောင့် ပါ။ စစ်အုပ်စုအောက်မှာ မြန်မာသတင်းစာတွေဟာလည်း မြန်မာလိုဘာသာပြန်နေတဲ့ တရုတ်သတင်းစာတွေလို ဖြစ်နေကြပြီ။ တရုတ်နိုင်ငံက လာတဲ့သတင်းတွေ၊ တရုတ်နိုင်ငံ အကြောင်းတွေဘဲ ဖော်ပြနေကြပြီ။ ဒီနေ့တော့ တရုတ်ဘာသာနဲ့ရေးသားထားတဲ့ တရုတ်သတင်းစာတွေထဲမှာ မြန်မာပြည်က သံယာဇာတတွေကို ဘယ်လို ထုတ်လုပ်ရောင်းချမလဲဆိုတာကို အကျယ်တ၀င့်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ သဘာဝ သံယာဇာတ တစ်ခုဖြစ်တဲ့ သဘာဝဓာတ်ငွေ့ တွေကို တရုတ်ပြည် စက်မှုနှင့် စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဘီလီယံနှင့်ချီ ပိုက်လိုင်းတွေ ဖောက်ကာ တင်ပို့ရောင်းချ ပေးခဲ့ပြီး နောက်၊ အခုအခါမှာတော့ သံသတ္တုပါဝင်တဲ့ နီကယ်တွေကို သန်း ၈၀၀ ဘိုးထပ်မံရောင်းချဖို့ တရုတ်သတ္တုတွင်း တူးဖော်ရေးလုပ်ငန်း ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ China Non-Ferrous Metal Group (CNMC) နှင့် မြန်မာ စစ်အုပ်စု အကြား သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီလို့ တရုတ်ဘာသာနဲ့ရေးသားထားတဲ့ တရုတ် သတင်းစာ ထဲမှာ ကြေညာသွားပါတယ်။
China Non-Ferrous Metal Group (CNMC) ကုမ္ပဏီရဲ့ အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် Luo Tao ပြောဆိုချက်အရ မြန်မာပြည်မှာ သတ္တုထူးဖော်မှုကို ၂၀၁၁ မှာ စတင်မှာ ဖြစ်ပြီး၊ တနှစ်ကို ၁၀၀ ရာခိုင်နှုန်း နီကယ် ပါဝင်တဲ့ သတ္တု တန်ချိန် ၂၂,၀၀၀ နှင့် စုစုပေါင်း တန်ချိန် ၈၀,၀၀၀ ကို ထုတ်လုပ်သွားမှာဖြစ်ပြီး၊ ဒီလို သံယာဇာတ တင်ပို့ ရောင်းချမှု ကြောင့် မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှု စွမ်းအား GDP ၂ ရာခိုင်နှုန်းတိုးမြင့် လာမှာဖြစ်ကြောင်း အတည်ပြုပြောကြား သွားပါတယ်။ ဒီ သဘောတူညီချက်နဲ့ ပက်သက်ပြီး မြန်မာပြည်ရှိ စစ်အုပ်စု သတင်းစာတွေ မှာ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။
တရုတ် အစိုးရက မြန်မာပြည်ကို ရာစုနှစ်များစွာ စစ်ကျွန်ပြုနေတဲ့ စစ်အာဏာရှင်တွေ ကို နိုင်ငံတကာ အသိုင်းအ၀န်းမှာ ဝေဖန်ခံနေရမှု၊ ရှုံ့ချပြစ်တင်ဝေဖန်ခံနေရမှုတွေကို အကာအကွယ်ပေး ပေးမယ်။ စစ်အုပ်စု အလိုကျ ကျင်းပတော့မဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ ကနေ အသိအမှတ်ပြုဖို့ တွန်းအားပေး ထောက်ခံ ပေးမယ်။ တနည်းအားဖြင့် စစ်အုပ်စု အလိုကျကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ မကျင်းပခင်ကတည်းက သန်း ၈၀၀ ကျော်တန်သွားတာမို့ ဒီလာမဲ့ရွေးကောက်ပွဲကို သန်း ၈၀၀ တန် ရွေးကောက်ပွဲ လို့ခေါ်ဆိုလျှင်လည်း မမှားပါဘူး။
အပြန်အလှန်အားဖြင့် စစ်အာဏာရှင် တွေဖြစ်ကြတဲ့ သန်းရွှေ၊မောင်အေး ခေါင်းဆောင်တဲ့ စစ်ကျွန်ပြုရေး ကောင်စီ က သဘာဝဓာတ်ငွေ့ ပိုက်လိုက်တွေ ဆက်သွယ်တည်ဆောက်ခွင့်ပေးခဲ့တယ်။ တိုင်းပြည် သံယာဇာတတစ်ခုဖြစ်တဲ့ သံပါဝင်သော နီကယ်သတ္တုတွေ ကို တူးဖော်ထုတ်လုပ်ခွင့်ပေးပြီး၊ ရရှိမဲ့ ၀င်ငွေ သန်း ၈၀၀ ကို ကြပ်ပြေးနေပြည်တော် လေဆိပ်ကို ထပ်မံတိုးချဲ့ ဖို့ ရှန်ဟိုင်းအခြေစိုက် တရုတ်ကုမ္ပဏီတွေ ကို ပြန်လည် ဌားရမ်း လုပ်ကိုင်ပြီး ငါးကြင်းဆီ နှင့် ငါးကြင်းကြော်သလို မြန်မာပြည်ကို ရေရှည် စစ်ကျွန်ပြု နိုင်ရေး အတွက် ပြန်လည်သုံးဖြုန်းဖို့ စီစဉ်ထားကြတယ်။
ကျိုန်းသေတာကတော့ မြန်မာစစ်ကျွန်ပြုရေးကောင်စီ အောက်မှာ မြန်မာပြည်တစ်ခုလုံး မှာ ပြည်သူတွေ ကတော့ အမှောင်ကျနေအုန်းမယ်။ မြန်မာပြည်က သဘာဝသံယာဇာတနဲ့ တရုတ်မြို့ ကြီးတွေနဲ့ ရွာတွေမှာ တောင် မီးထိန်ထိန်လင်းနေမယ်။ စက်ရုံကြီးတွေ၊ အဆောက်အဦးကြီးတွေ မှိုလိုပေါက်လာအောင် တည်ဆောက် ကြလိမ့်မယ်။ တရုတ် ကုမ္ပဏီတွေ ကြီးပွားချမ်းသာ လာမယ်။ တရုတ်လူမျိုးတွေ အလုပ်အကိုင်တွေရလာ တော့မယ်။ မြန်မာပြည်သူတွေ ကတော့ တရုတ်နယ်စပ်မှာ ကျွန်ခံနေရ ပါလိမ့်မယ်။ တစ်အိမ်ထောင် တစ်ယောက်မွေး တရုတ် ဥပဒေ အောက်မှာ မြန်မာအမျိုးသမီးတွေ အဌားဗိုက်လိုက် ရလိမ့် အုန်းမယ်။
တချိန်က တရုတ်ကွန်မြူနစ်အစိုးရဲ့ မြန်မာပြည် ကျူးကျော်မှုကို အသက်ပေးတိုက်ခဲ့ကြတဲ့ မျိုးချစ်စစ်သားတွေ သာ အခုလို မြန်မာပြည်မှာ သန်းရွှေ၊မောင်အေးဦးဆောင်နေတဲ့ စစ်ကျွန်ပြုရေးကောင်စီဟာ မျက်စိသူငယ် နားသူငယ်နဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ ပေါင်နှစ်လုံးကြားထဲ ရောက်နေကြပြီ ဆိုတာကို တမလွန်ဘ၀ကသာ သိရှိကြမယ်ဆိုယင်-
Rest of your post
1 comment :
"A cow will be mauled by a tiger if it went astray from the group". It is the Burmese saying.
All Burmese govts cows(past & present), CPB Cows, KNDO(KNU) Cows, and all other past & present cows big or small will be eaten away deliciously by the Dragon(China), Tiger(Bengal), Eagle hawk(USA), Lion(India), Bear(Russia), Wolves(EU) and the Snakes(other rich countries in the region).
Post a Comment