Tuesday, 7 April 2009

အမေရိကန်အစိုးရ က ဆိုင်ကလုန်နားဂစ်ခံစားခဲ့ကြရသော ဒုက္ခသည်များအတွက် ဆန်လှူဒန်း

Publish at Scribd or explore others: USGovernmentDonatesOver16000TonsofRicetoNargisVictims
-ဇင်မင်းထက်-

မြန်မာနိုင်ငံမှာ ဆိုင်ကလုန်နားဂစ်ခံစားခဲ့ကြရသော ဒုက္ခသည် ၂.၄ သန်း အတွက် အမေရိကန်အစိုးရက ဆန်တန်ချိန် ၁၆,၀၀၀ ကို ကုလသမဂ္ဂ ရဲ့ ကမ္ဘာ့အစားအစာ အကူအညီပေးရေးအဖွဲ့ U.N. World Food Program (WFP) ကနေတဆင့် လှူဒန်းပေးအပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဧပြီလ ၂ ရက်နေ့ မှာ သတင်းရေးသား ဖော်ပြခဲ့ပါသည်။ ဒီလှူဒန်းခဲ့ခြင်းဟာ အမေရိကန်အစိုးရက မြန်မာနိုင်ငံသို့ အစားအစာ အကူအညီပေးနေသော ဒေါ်လာ ၂၈ သန်းထဲက ဖြစ်ပြီး၊ အမေရိကန်အစိုးရ ဟာ U.N. World Food Program (WFP) ကို ငွေကြေး အများဆုံး ထောက်ပံ့ကူညီပေးနေတဲ့ နိုင်ငံဖြစ်တယ်လို့ လပွတ္တာမြို့ ရှိ စားနပ်ရိက္ခာ ဖြန့်ဖြူးပေးနေတဲ့ နေရာကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အကြီးအကဲ ဒါရိုက်တာခရစ်စ်ကိုင်ရ် (Chris Kaye) က ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထုတ်ဖော်ပြောဆိုသွားပါသည်။

အမေရိကန်အစိုးရ က လှူဒန်း တဲ့ ဆန်တန်ချိန် ၁၆,၀၀၀ ဟာ ဆိုင်ကလုန်နားဂစ်ပြင်းပြင်းထန်ထန် ခံစား ခဲ့ကြရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ဒေသတွေမှာ အစားအစာရှားပါးပြီး ဒုက္ခရောက်နေကြတဲ့ လူဦးရေ ၃၅၀,၀၀၀ အတွက် အကျိုးခံစားကြ ရလိမ့်မယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ က ပြောဆိုခဲ့တယ်။ မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးအကြီးအကဲ လာရီဒင်ဂါ ကတော့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ ဆိုင်ကလုန် နားဂစ်ဒဏ် ခံခဲ့ကြရသူတွေအတွက် အမေရိကန်ဒေါ်လာ ၇၄ သန်း ထောက်ပံ့ ကူညီးပေး ခဲ့တယ်လို့ အတည်ပြု ပြောဆိုခဲ့တယ်။

ဆိုင်ကလုန်နားဂစ်ခံစားခဲ့ကြရသော ဒေသတွေမှာ သောက်သုံးရေသန့် နှင့် စားနပ်ရိက္ခာတွေ ရှားပါး ပြတ်လတ် မှုတွေနဲ့ ရင်ဆိုင်နေရတယ်၊ တချို့ ဟာ ယာယီတဲစခန်း တွေထဲမှာ နေထိုင်ကြရတုန်းဘဲလို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ မှာဖော်ပြထားပါသည်။


Rest of your post

No comments :