Friday, 17 April 2009

မင်္ဂလာနှစ်သစ်ကို ဖန်တီးကြပါစို့ 


လေးစားအပ်ပါသော
ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသားများနဲ့ မိတ်ဆွေများခင်ဗျား-

ကျနော်တို့ ရဲ့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ် ကိုယ်စား ကျနော်မိုးသီးဇွန်မှ နှုတ်ခွန်း ဆက်သပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့် စုံကြပါစေလို့  ဆုတောင်းလိုက်ပါတယ် ခင်ဗျား။

၂၀၀၈ခုနစ် နှစ်ဟောင်း ကို ကျနော်တို့ ထားခဲ့ရပါမယ်။ နှစ်ဟောင်းက စိတ်မချမ်းမြေ့ ဘွယ်တွေကို ကျနော်တို့  တော်လှန်ပြစ်ရပါမယ်။ နှစ်ဟောင်းမှာ ကျနော်တို့ မှာစားစရာမရှိ၊ ပျော်စရာမရှိ၊ မျှော်လင့်ချက်မရှိတဲ့ နေရက်တွေဟာ ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီနှစ်သစ်ဟာ ကျနော်တို့ အတွက်ဖြစ်ရမယ်။ မရှိတာတွေရှိရမယ်။ မဖြစ်သေးတာတွေ ဖြစ်ရမယ်။ မပြီးသေးတဲ့ အရာတွေအပြီးသတ်ရမယ်။ မဖေါက်ရသေးတဲ့လမ်းတွေကို ပြီးဆုံးအောင်ဆက်လက်ဖေါက်လုပ်ရမယ်။ ဒါဟာ နှစ်သစ်သံဓိဌာန်ဖြစ်ပါတယ်။

နစ်သစ်ကူးကိုဖန်တီးဖို့ အတွက် ကျနော်တို့  လုပ်ရမဲ့ တာဝန်ကို မလွဲမသွေလုပ်ရပါမယ်။
ဒါကတော့
- စစ်အာဏာရှင်စနစ်ကို မြန်မာ့ မြေပေါ်က အပြီးပိုင်ဖယ်ရှားပြစ်ရပါမယ်။
- ကျဉ်းမြောင်းတဲ့ မြန်မာ့အမျိုးသားရေးဝါဒ ကို အပြီးတိုင်မြေမြုပ်ပြစ်ရပါမယ်။
- ဒီမိုကရေစီရေး ၊ လူအခွင့်အရေး ဟာ ပထမ ဒုတိယနဲ့ တတိယဦးစားပေးဖြစ်ရပါမယ်။
- တိုင်းရင်းသား တွေအားလုံး တန်တူညီမှုရေးဟာ ပထမ၊ ဒုတိယ၊ တတိယဦးစားပေးဖြစ်ရပါမယ်။

နအဖ နဲ့ စစ်ဝါဒ ရန်သူဒေါက်တွေ ကို ချေမှုန်းရေးဟာ ကျနော်တို့ အတွက်အမြဲတမ်း ကြိုးပန်းအားထုတ်နေရမဲ့  တော်လှန်ရေးတာဝန်ကြီးဖြစ်သလို ဒီနေ့ တော်လှန်ရေးကို အကြီးအကျယ် ဟန့် တားနေတဲ့ ရန်သူတွေ ဖြစ်တဲ့

- မသိကြိုးကျွံပြုမှုတွေ ( Ignorance )
- တာဝန်မသိမှု ( Irresponsible )
- တကိုယ်ကောင်းဆန်မှု ( Selffish ) တွေ ကိုလည်း ကျနော် တို့  စိန်ခေါ်ထိုးနှက်တိုက်ခိုက်ရပါမယ်။

ဖေါက်ပြန်တဲ့ လူတန်းစား တချို့ ဟာ ဒီနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးချိုးဖေါက်ခံ နေရတဲ့အခြေအနေတွေကို မသိကြိုးကျွံပြုနေကြတယ်။ တာဝန်မဲ့ နေထိုင်နေကြတယ်။ တကိုယ်ကောင်ဆန်မှု ကြီးစွာနဲ့ ပဋိပက္ခတွေမှာ ကြားနေနေကြတယ်။ဒီလိုကြားနေတွေများနေရင် တော်လှန်ရေး ကြာတတ်တယ်။ တော်လှန်ရေး အခက်ခဲ့ကြုံ တတ်တယ်။ ဒီတော့  ခြံစည်းရိုးခွနင်းထားတဲ့ကြားနေတွေကို ခြံစည်းရိုးပေါ်က လှုပ်ချပေး ရပါတယ်။ ရန်သူဖက်မှာရပ်မလား၊ ဒို့ ဖက်မှာရပ်မလားဆိုတာကို မေးရပါမယ်။

ဒီလို နေထိုင်နေတဲ့သူတွေဟာ အသက်မျိုးစုံ အရွယ်မျိုးစုံ၊ အလွှာမျိုးစုံမှာရှိနေပါတယ်။သူတို့ ကို သိတတ်မှု၊ တာဝန်ယူမှု၊ အများ ကြိုးဆောင်ရွက်မှုဆိုတဲ့ စိတ်ဓါတ်တွေဖြစ်ပေါ်လာအောင် တော်လှန်ရေးဆိုတဲ့မီးနဲ့ ဒါးကောင်းတလက်ကိုဆေးတင်သလို ဆေးတင်ပေး ရပါလိမ့်မယ်။

ကျနော်တို့ ဟာ မင်္ဂလာနှစ်သစ်ကို ပိုင်ဆိုင်ဖို့ ဆုတောင်းမဲ့သူတွေမဟုတ်ပါဘူး။ ဖန်တီးမဲ့သူတွေဆိုတာ ပြသရပါလိမ့်မယ်။ အဓိပ္ပါယ်ရှိတဲ့ မင်္ဂလာနှစ်သစ်ကို ကျနော်တို့ ဖန်တီးကြမယ်။ ဘယ်လို ဖန်တီးမလဲ -

၁- လူထုအတွင်းမှာ ကျယ်ပြန့် တဲ့ ကွန်ယက်တွေကိုဖန်တီးတည်ဆောက်ရမယ်။
၂- နအဖရဲ့  စီးပွားရေး ၊ နိင်ငံရေး၊ စစ်ရေးယန္တယားတွေကို ချိနဲ့ နေအောင်ချေမှုန်းပြစ်ရမယ်။
၃- နအဖ ရဲ့  သတင်းပေး၊ထောက်လှမ်းရေးနဲ့  ကြောရိုးတွေကို ချေမှုန်းပြစ်ရမယ်။
၎- နအဖရဲ့ အုပ်ချုပ်ရေးယန္တယားတွေကို ဖြိုချပြစ်ပြီး။ လူထုအုပ်ချုပ်ရေးတွေကို တိုးတက်တည်ဆောက်ပေးနေရမယ်။
၅- ၂၀၁၀ ရွေးကောက်ပွဲနဲ့  ၂၀၀၈ ခုနစ် အတုယောင်အအခြေခံဥပဒေကို ကျနော်တို့ ဆန်ကျင်တိုက်ဖျက်ပြစ်ရမယ်။
၆- ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်က မြန်မာပြည်ကိုရိုက်ခတ်လာမယ်။ လူထုအတွင်းမှာ ကိုယ်ထူကိုယ်ထ ပူးပေါင်းဆောင်ရွက်ရေးနဲ့  စာနပ်ရိက္ခာတွေမျှဝေ စားသုံးတဲ့လူမှုရေး အစီအစဉ်တွေကို ဖန်တီး ကြရမယ်။

၂၀၀၉ ခုနစ်ဟာ သေရေးရှင်ရေးနစ်ဖြစ်သလို ကျနော်တို့  အတွက်အခွင့်အလမ်းကောင်း တွေကိုလည်းယူဆောင်လာတဲ့နှစ်ဖြစ်တယ်။ ဒီနှစ်မှာ ကျနော်တို့ ကိုယ့်ကံကြမ္မာကို ကိုယ်စတင်ဖန်တီးကြပါစို ။့

မိုးသီးဇွန်
ဥက္ကဌ
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်
ဧပြီလ ၁၁၊၂၀၀၉ ။


Rest of your post

1 comment :

Naung Latt said...

နောက်နှစ်ကူးရင်လည်း ဒီ၂၀၀၉နှစ်ဟောင်းကြီးကို ပစ်ထားခဲ့ကြပြီး ၂၀၁၀ မှာ စစ်အစိုးရကိုအပြီးတိုင်မြေမြုပ်ဖို့ ထပ်ကြွေးကြော်ကြတာပေါ့....ဟုတ်လား ကိုမိုးသီး