Monday, 6 April 2009

ကိုသောင်းဟန် အတွက် အမှတ်တရ တေးသံ


'' Eulogy for Ko Thoung Han " ....
violin solo by Moethee zun

ပုံ- ကိုမျိုး (၈၈)


ကိုသောင်းဟန် က ၁၉၇၄ ခုနစ် ကျောင်းသားလှုပ်ရှားမှု မှာပါဝင်ခဲ့တဲ့ကျောင်းသားတဦးဖြစ်ပါတယ်။ မဆလ စစ်အစိုးရရဲ့  မတရားဖိနိပ်မှုတွေကို သူဆန့်ကျင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်လာ တော့လည်း သူဟာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပြန်ပါတယ်။ ဦးနုဖွဲ့ စည်းတဲ့ စင်ပြိုင်အစိုးရဖွဲ့ စည်းရေး လှုပ်ရှားမှုမှာ သူပါဝင်ခဲ့တယ်။ ၁၉၈၈ စက်တင်ဘာမှာ စစ်တပ်အာဏာသိမ်းတော့ နယ်စပ်ဒေသကို အခြေပြုပြီး ဒီမိုကရေစီရရှိရေးအတွက် နည်းမျိုးစုံ ဆက်လက်လှုပ်ရှားခဲ့ပါတယ်။ ဧပြီလ ၃ ရက် ၂၀၀၉ ခုနစ်မှာ ကန်တက်ကီပြည်နယ် (Kentucky)၊ လက်ဇင်တန်မြို့ (Lexington) မှာရုတ်တရက် သူကွယ်လွန်သွားခဲ့ပါတယ်။ သူဟာစွယ်စုံရအနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။ သူဟာ Piano အလွန်အတီးကောင်းတယ်။ သူကွယ်လွန်သွားမှုအတွက် ကျန်ရစ်သူ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်ထပ်တူ ကျနော်တို့ ဝမ်းနည်းကြေကွဲ ရပါကြောင်း ဖေါ်ပြလိုပါတယ်။ ကျနော်တို့ ဒီမိုကရေစီ မိသားစုဝင်တဦး ဆုံးရှုံးသွားရပြန်ပြီလို့ ခံစားရပါတယ်။ သူ့အတွက်ဂုဏ်ပြုအမှတ်တရ ကိုမိုးသီးရဲ့  တယော တေးသားကိုနားဆင်နိင်ပါတယ်။

ကိုသောင်းဟန် ကောင်းရာသုဂတိလားပါစေ။

We Fight We Win

ဦးသောင်းဟန်(၁၉၅၁-၂၀၀၉)
ဈာပနအခန်းအနားနှင့် ရက်လည်ဆွမ်းသွတ်အစီအစဉ်

၂၀၀၉ ခုနှစ်ဧပြီလ (၃)ရက်နေ့တွင်ဘ၀တစ်ပါးသို့ကူးပြောင်းသွားသောဦးသောင်းဟန်၏ဈာပန အခန်းအနားနှင့်ရက်လည်ဆွမ်းသွတ်အစီအစဉ်ကိုအောက်ပါအတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါ၍အသုဘရှုတရားနာကြွရောက်ကြပါရန်

ရပ်နီးရပ်ဝေးမှဆွေမျိုးမိတ်သင်္ဂဟများအားအကြောင်း ကြား အပ်ပါသည်။

ဈာပနအခန်းအနားအစီအစဉ်

နေ့ရက် ။ ။ ဧပြီလ (၁၀) ရက်၊၂၀၀၉၊သောကြာနေ့
အသုဘရှုချိန် ။ ။ နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၁း၀၀ နာရီ
မီးသင်္ဂြိုလ်ချိန် ။ ။ နေ့လည် ၁း၀၀ နာရီ
နေရာ ။ ။ Klaehm, Fahl & Melton Funeral Homes
6424 Winchester Road, Fort Wayne, IN 46819 (ဘဲဖီးအိတ်စပရက်ဝေးနှင့်ဝင်ချက်စတာထောင့်၊လေဆိပ်သွားသောလမ်းပေါ်တွင်)

ရက်လည်ဆွမ်းသွတ်အစီအစဉ်
နေ့ရက် ။ ။ ဧပြီလ (၁၁)ရက်၊၂၀၀၉၊စနေနေ့
အချိန် ။ ။ နံနက် ၁၀း၀၀နာရီ (နေ့ဆွမ်း)
နေရာ ။ ။ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်း
8133 Hartzell Road
Fort Wayne, IN 46816

1 comment :

အောင်မင်္ဂလာ said...

တယောသံကား ကောင်းသော်လည်း ဘိုလိုေ၇းထားသည်များ မှားနေပါသည်။ ၆ တန်းကတည်းက စာသင်ခန်းတွင် အလွတ်ရထားသင့်သည့် စကားလုံးများ ဖြစ်သည့် always , visit စသည့် စကားလုံးများကို အနောက်နိုင်ငံတွင် ကာလကြာမြင့်စွာနေထိုင်သူမှ ယခုကဲ့သို့မှားယွင်း ရေးသားခြင်းမျိုးမှာ အံဩစရာပင် ကောင်းလွန်းနေပေတော့သည်။ ဒီမိုကရေစီ ဘက်တော်သားတစ်ဦး ဆုံးရှုံးရခြင်းကြောင့် ဝမ်းနည်းရ၏။ ကိုမိုးသီး၏ ဂုဏ်ပြုစာသား အမှားအယွင်းများကြောင့် သာ၍ပင် ဝမ်းနည်း မိပေသည်။