Thursday, 7 May 2009

ပန်းနာရင်ကျပ်ရောဂါ ( Asthma)


-Public Health in Myanmar-

ပန်းနာရင်ကျပ် ရောဂါဟာ အဆုတ် တွင်းရှိ အသက်ရှူ လမ်းကြောင်း ကို ထိခိုက် စေသော နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပါတယ် .. အမေရိကတွင် လူဦးရေ ၁၇ သန်းကျော် ပန်းနာရင်ကျပ် ရောဂါ ခံစားနေရပြီး သုံးပုံ တစ်ပုံမှာ ကလေးများ ဖြစ်ပါတယ်.. ၂၀၀၂ ခုနှစ် တွင် ပန်းနာရင်ကျပ် ရောဂါကြောင့် ဆေးရုံ တက်ရ သူပေါင်း ၄၇၈,၀၀၀ ဦး ရှိပြီး ၄,၆၅၇ ဦး သေဆုံးခဲ့ ပါတယ်...

အဆုတ်ရဲ့ လုပ်ငန်း တာဝန် အကြောင်း ပထမဆုံး ပြောပြ ချင်ပါတယ်.. ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်ဆီဂျင် နဲ့ ခန္ဓာကိုယ် ထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် တို့ ဖလှယ်ခြင်း သည် အဆုတ်၏ အဓိက လုပ်ငန်း တာဝန် ဖြစ်ပါတယ်... အောက်ဆီဂျင် ကြွယ်ဝ သော ရှူသွင်း လိုက်တဲ့ လေဟာ လေမျို (Larynx)၊ လေပြွန်မကြီး (Trachea)၊ လေပြွန် (Bronchus)၊ လေပြွန်ငယ် (Bronchiole) တို့ကို အဆင့်ဆင့် ဖြတ်သန်းပြီး လေအိတ် (Alveoli) များ သို့ ရောက်ရှိ တဲ့အခါ အဆုတ် သွေးလွှတ်ကြော ငယ် (Pulmonary arteriole) များထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် နဲ့ ဖလှယ် ကြ ပါတယ် (Gas Exchange) ... အဲဒီမှ တစ်ဆင့် အဆုတ် သွေးပြန်ကြော (Pulmonary veins) များမှ နှလုံး သို့ ပို့ဆောင်ပြီး နှလုံးမှ ခန္ဓာကိုယ် တစ်ခုလုံး သို့ ဖြန့်ဝေ ပို့လွှတ်ပါတယ်... ဒါ့ကြောင့် အောက်ဆီဂျင် ကို ခန္ဓာကိုယ် အနှံ့အပြား မှ တစ်ရှူးများ၊ ဆဲလ် များ အသက် ရှင်သန် ရေးအတွက် အသုံး ပြုနိုင် ကြပါတယ်..

ပန်းနာ ရင်ကျပ် ရောဂါ ခံစား ရပြီ ဆိုလျှင် အဆုတ်ဟာ အဓိက တုန့်ပြန်မှု (၃) ရပ် ဖြစ်ပေါ် ပါတယ်...


i. အဆုတ် လေပြွန်ငယ် များ (Bronchioles) ကျဉ်းမြောင်း လာခြင်း (Bronchoconstriction)

  • လေပြွန်ငယ် များရှိ ကြွက်သား များ ကျုံ့ခြင်း ကြောင့် လေပြွန်ငယ် များ ကျဉ်း လာပါတယ်.. ဒါ့ကြောင့် အသက် ရှူထုတ် တဲ့ အခါ ၀ီစီ ကဲ့သို့ အသံ မြည်ပြီး မောလာ တတ်ပါတယ်..

ii. အဆုတ် လေ၀င် ရာ လမ်းကြောင်း တစ်လျှောက် ယောင်ရမ်းပြီး အချွဲများ (mucus) ထွက်လာခြင်း (Bronchial Inflammation)

  • ဓါတ်မတည့် ပစ္စည်း တစ်မျိုး ခန္ဓာ ကိုယ်တွင်း ၀င်ရောက် လာပါက လေပြွန်ငယ် နံရံ တစ်လျှောက် မှ ယောင်ရမ်း ခြင်းကို ဖြစ်စေသော ဓာတု ပစ္စည်း များ (Histamine, Leukotrienes) ထွက်လာပြီး လေပြွန် ငယ် များကို ယောင်ရမ်း စေပြီး ချွဲပြစ်သော အရည်များ (mucus) ထွက်လာပါတယ်.. လေပြွန်ငယ် ယောင်ရမ်း မှု၊ ချွဲထွက် လာမှု ကြောင့် လေပြွန်ငယ် ကျဉ်းခြင်း ပိုဆိုး လာစေ ပါတယ်...

iii. အဆုတ် လမ်းကြောင်း တစ်လျှောက်မှ တုန့်ပြန်မှု လွန်ကဲခြင်း (Hyperreactivity)

  • ဓာတ်မတည့် မှုကြောင့် ကြာရှည်စွာ လေပြွန်ငယ် ယောင်ရမ်း ခြင်း ၊ လေပြွန်ငယ် ကျဉ်းမြောင်း ခြင်း ဖြစ်ခြင်း ကြောင့် ဓာတ်မတည့် မှု ပစ္စည်း များ ကို ပို၍ တုန့်ပြန်မှု များ လာပါတယ်...(Hypersensitivity)


Public Health in Myanmar
မှကူးယူဖော်ပြသည်။


Rest of your post

No comments :