Sunday, 10 May 2009

ဒေါ်စု နေ အိမ်ကို ၀င်သွားသူ အကြောင်း





ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရေကူးဝင်သွားတဲ့သူက ဘယ်သူလဲ

မေလ - ၃ ရက်နေ့ က အမေရိကန် နိင်ငံသား ဂျွန် ၀ီလီယံ ယက်တော ဆိုသူဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အင်လျားကန် ကိုဖြတ်ပြီးရေကူးဝင်သွားပါတယ်။ သူဟာ အမေရိကန် ပြည်ထောင်စု မစ်ဇိုရီပြည်နယ်မှာနေထိုင်ပြီ။ Forest Inisistes
မှ စိတ်ပညာဆိုင်ရာ ပါရဂူ တဦးဖြစ်တယ်လို့ သိရပါတယ်။ သူဟာ အသက် ၅၂ နစ်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အိမ် ကို လေးစားကြည်ညိုနေသူ ဖြစ်ပြီး မြန်မာ ပြည်ဒီမိုကရေစီလှုပ်ရှားမှုအပေါ်မှာ စာနာသက်ဝင်နေသူတဦးလို့ သိရပါတယ်။ နအဖ ၀က်ဆိုက်တခုမှာတော့ သူကို ထိမ်းသိမ်းထားကြောင်းနဲ့ သူကို စစ်ဆေးချက်တွေကိုဖေါ်ပြထားပါတယ်။ သူအလုပ်လုပ်တဲ့ကျောင်းကိုဆက်သွယ်ပေမဲ့ တနင်္ဂနွေနေ ဖြစ်နေတာကြောင့်အကြောင်းပြန်ကြားမဲ့သူမရှိသေးပါဘူး။ သူနဲ့ ပတ်သက်တဲ့
အချက်အလက်တွေကိုဆက်လက်ဖေါ်ပြပေးပါမယ်။

ဓါတ်ပုံ- လူထုအသံ ၀က်ဆိုဒ်မှ


4 comments :

Ko AungKyawLwin said...

ကျနော်က ဒီမိုကရေစီကိုလိုလားတဲ့သူတစ်ဦးပါ။ မြန်မာနိုင်ငံသတင်းတွေကိုလည်း ဒီ Site တွေကိုဘဲအားကိုးပြီး ဖတ် နေရတဲ့သူပါ။ ဟိုတနေ့ကတော့ ရေကူးသွားတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးပြောကြတယ်။ အစိုးရက ဒေါ်စုကို လုပ်ကြံ ဇတ်ခင်းတယ်ဆိုပြီးရေးတော့ ကျနော်က အဟုတ်ကြီးမှတ်လို့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့တွေ့ရင် chatting ထဲမှာ ဒေါ်စုဘက်ကနေပြီးပြောလိုက်ရတာ။ တပတ်တောင်မကြာဘူးဗျာ၊ ဒီအမေရိကန်က တကယ်ရေကူးသွားတယ်ဆိုတာ ဟုတ်တယ်ဆိုတာမျိုးဖြစ်သွားရပြန်ပြီ။ ကျနော့်မှာတော့ ဘာမှ ဂဃနဏ မစုံစမ်းဘဲနဲ့ အတင်းပြောတဲ့သူဖြစ်ရပြန်ပြီဗျို့

ချစ်မေတ္တာတော့ ပိုပါတယ် မောင့်ကို said...

ဒီသတင်းကို ဖတ်ရတာစိတ်ဆင်းရဲလိုက်တာ။ သူ့ ဘာသာသူ ဘယ်လောက် ဒီမိုကရေစီဘက်တော်သားဖြစ်ဖြစ် ဒီကိစ္စကတော့ မသင့်တော်ဘူးလို့ ထင်တယ်။

Anonymous said...

ဒီသတင်းက ဘယ်ကထွက်လာတယ်ဆိုတာ ဘယ်သူမှလည်း မသိသေးပါဘူး။

ကြည့်ရတာတော့ ဒီသတင်းပေးတဲ့သူဟာ ဓာတ်ပုံနဲ့ တကွ ရေကူးဘဇဲခြေထောက်ကိုပါ ရိုက်ပြနိုင်တဲ့သူဆိုတော့ အစိုးရနဲ့ ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းကဖြစ်နိုင်ပါတယ်။

ဒီလိုလူမျိုးပေးတဲ့သတင်းက အမှန်ဖြစ်နိုင်မလား။ ဒီဘလောခ့်ကို လာဖတ်တဲ့သူများမှန်းသိလို့ သတင်းထူး သတင်းဦးအနေနဲ့ ၀ါဒဖြန့်ချီရေး လုပ်လိုက်တာလို့ပဲထင်ပါတယ်။

ခုချိန်ါထိ ဒီလူကို အမေရိကန်သံရုံးနဲ့ တွေ့ခွင့်မပေးသေးတာကို ကြည့်တော့လေဗျာ.

သိပ်ပြီးလည်း အယူမသီးကြပါနဲ့

Anonymous said...

အဲဒါတော့ ဟုတ်တယ်။ ခိုးဝင်မှတော့ သူခိုးပဲပေါ့နော်။