Tuesday, 12 May 2009
တိုင်းရင်းသား အဖွဲ့ တွေ ကို နယ်ခြားစောင့် တပ် အဖြစ်အသွင်ပြောင်းတော့မယ်
အပြစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့ တွေကို နအဖ က နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးနေပါတယ်။ နယ်ခြားစောင့်တပ် တွေအဖြစ် လုပ်မယ်ဆိုရင် တပ်ရင်း တွေကို ပြန်ပြင်ဖွဲ့ မယ်။ တပ်ရင်းမှုး ၊ ဒုရင်းမှုးတွေကို တိုင်းရင်းသားအဖွဲ့ တွေကလုပ်မယ်။ တပ်ရင်းတရင်းကို လူ ၃၀၀ နဲ့ ဖွဲ့ မယ်။ တပ်ရင်းတရင်းကို နအဖ က သူ လူ ၃၀ ကို ထည့် ထားမှာဖြစ်ပါတယ်။ ထည့် ထားမဲ့  သူလူတွေက တော့
အရာခံဗိုလ် - ၁ ဦး
တပ်ကြပ်ကြီး- ၆ ဦး
တပ်ကြပ် - ၉ ဦး
တပ်ထောက် - ၁ ဦး
သူနာပြု- ၁ ဦး ။ ပေါင်း ၂၇ ဦးဖြစ်တယ်။
တပ်ရင်းမှုးတွေကို ဦးစီးသင်တန်းပေးမယ်။ အောက်ခြေရဲဘော်တွေကို လစပေးမယ်။ သူတို့ နယ်မြေအတွင်းမှာပဲ နေရမယ်။
တခြားနေရာတွေကိုမရွေ့ ဘူး။ ဒါပေမဲ့ အမိန့် မှာကတော့ နအဖ စစ်ဌာနချုပ်ကပဲအမိန့် ပေးမယ်။ ဒီအမိန့် အောက်မှာပဲလုပ်ရမယ်။ ဒီလိုလုပ်ရပ်ကို ၀ သဖ က မကျေမနပ်ဖြစ်နေပါတယ်။ ဒီကေဘီအေ၊ သူမူဟဲတို့ ကတော့ အလွန်ကြေနပ်နေတယ်။ လက်နက်ချသွားတဲ့ တပ်မ ၇ တပ်မမူး ဗိုလ်မှုး ထိန်မောင် ( ယခင် ကေအင်ယူ) ကတော့ အောက်ခြေတပ်မရှိတဲ့အတွက် သူကို ဒီကေဘီအေနဲ့ ညှိပြီး တပ်ပြန်ဖွဲ့ ပေးမယ်။ သူကလည်း ကျေနပ်တယ်လို့ သိရတယ်။
ကချင်ကတော့ ဘာသဘောထားမှ တိတိကျကျမထွက်သေးဘူး။ ကချင်အမျိုးသားအစည်းရုံးခေါင်းဆောင်တွေကတော့ ဒီအခြေအနေကို လက်ခံမဲ့ အနေထားရှိနေတယ်။ သူတို့ က နအဖ ကို ပြန်တိုက်ဖို့  အစီအစဉ်မရှိတော့ဘူး ။ လက်ရှိ နအဖနဲ့ စီးပွားရေးအရ အကျိုးတူ ပူးပေါင်းနေရမှု ကို ကျေနပ်နစ်သိမ့် နေကြောင်းသိရပါတယ်။ ကလလတ၊ ရလလဖ အဖွဲ့ တွေလည်း ဒီအစီအစဉ်ကို လက်ခံမဲ့ အနေထားရှိနေပါတယ်။ နအဖ ကိုမကြိုက်သောလည်း လက်ရှိအခြေအနေကို ဆန်ကျင်ဖို့  မလွယ်တော့ဘူးဖြစ်နေတယ်လို့ သိရပါတယ်။ ခြုံပြီးပြောရရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေကို ဟာ နယ်ခြားစောင့် တပ်တွေအဖြစ် အသွင်ပြောင်းသွားဖို့ မကြာတော့ဘူးလို့ သတင်းရပါတယ်။
at 11:09
Subscribe to:
Post Comments
(
Atom
)
2 comments :
ကိုမိုးသီး...နေကောင်းတယ်နော်.ကိုမိုးသီးက ကျနော်ကိုသိချင်မှသိမှာပါ.ကျနော်ကတော့ ကိုမိုးသီးကို M.T.C မှာတွေ့ဖူးပါတယ်..မိုးသီးဆိုတဲ့ အတိုင်း လူကော၊ စာအရေးအသားပါ၊ မိုးသီးလိုပဲဗျား...ကျနော်က ကိုမိုးသီးဘလော့ရဲ့ ပရိသတ်တစ်ဦးပါ..
ဒါနဲ့ဒီပိုစ့်မှာ
"ဒီကေဘီအေ၊ သူမူဟဲတို့ ကတော့ အလွန်ကြေနပ်နေတယ်။ ကေအင်ယူက က လက်နက်ချသွားတယ်။" ကျနော်ကြောင်သွားတယ်ဗျား...K.N.U က လက်နက်ချသွားတယ်တဲ့လား....မဖြစ်နိုင်ဘူးလို့ထင်တယ်..အရေးအသားမှားသွားတာများလား...သိချင်ပါတယ်ဗျား..
ဘေးရန်အပေါင်းကင်းဝေးပါစေ
ခွေးအို ထိန်မောင်၊ ခွေးပျိုသူမူဟဲ နယ်ခြားစောင့်ခွေး၊ခွေးရူးသန်းရွှေတပည့်
Post a Comment