အာဆီယံနိင်ငံတွေက ဗိုလ်ချုပ်သန်းရွှေနဲ့ အပေါင်းအပါတွေကို ဗီဇာပိတ်ဖို့  အဆင့်မြင့်အရာရှိတွေပိုင်းမှာ စတင်ဆွေးနွေးနေကြကြောင်း သံတမန်ရပ်ကွက်ကလာတဲ့သတင်း တွေအရ သိရပါတယ်။
အထူးသဖြင့်အာဆီယံနိင်ငံတွေဖြစ်တဲ့ စင်္ကပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင် နိင်ငံက ခေါင်းဆောင်တွေက သူတို့ အမေရိကန်၊တရုပ်နဲ့ ရုရှားလို နိင်ငံကြီးတွေကတောင် လေးလေးစားစား ဆက်ဆံတာ ကိုခံရတယ်။ နိင်ငံတကာအရေးအခင်းတွေမှာ သူတို့ နဲ့ ပူပေါင်းဆောင်ရွက်မှုနဲ့ တင်ပြဆွေးနွေးမှုတွေကို အရေးတယူဆက်ဆံခဲ့ကြပေမဲ့ ဘာမဟုတ်တဲ့ ပညာမဲ့ မြန်မာ ဗိုလ်ချုပ်တွေရဲ့  မထေမဲ့မြင်ပြုမှုတွေက သူတို့ ကိုစောကားနေတယ်လို့ ခံစားလာရတဲ့အတွက် မြန်မာ စစ်အစိုးရကို အရေးယူမှုတွေ ဖြစ်လာနိင်တယ်လို့  အမည်မဖေါ်လိုတဲ့ အဆင့်မြင့် သံတမန် တဦးက ဆိုပါတယ်။
အာဆီယံနိင်ငံတွေက ကမ်ဘေဒီယားမှာ ခမာနီတွေကြီးဆိုစဉ်က ခမာနီတွေကိုအရေးယူပိတ်စို့ မှုတွေလုပ်ခဲ့တဲ့သမိုင်းကြောင်းရှိတာကိုတွေ့ ရပါတယ်။ ထိုစဉ်က ခမာနီ တွေကို ဆက်ဆံတဲ့ နိင်ငံတနိင်ငံပဲရှိခဲ့ပါတယ်။ ဒါကတော့ မြန်မာ နိင်ငံဖြစ်ပြီ။ ခမာနီတွေဆီကို သွားရောက်လည်ပတ်ခဲ့တဲ့နိင်ငံခေါင်းဆောင်ကလည်း တဦးတည်းသာ ရှိခဲ့ပါတယ်။ သူကတော့သာ ဦးနေ၀င်းဖြစ် ပါကြောင်း။
- ၀င်းဇော်-
No comments :
Post a Comment