Monday, 11 May 2009

ဒေါ်အောင်ဆန်းစုကြည် ကျမ္မာရေးအလွန်ဆိုးဝါးနေပြီ ငါတို့ လက်ပိုက်ကြည့် နေကြတော့မှာလား



ဂျွန် ၀ီလီယံယက်တော့ ဟာ ကလေး ၆ ယောက်ဖခင်ဖြစ်ပြီး သူဟာ ဗီယက်နမ်စစ်ပြန်တဦးဖြစ်ပါတယ်။ သူဟာ မြန်မာ ပြည်ကို အလည်ပတ်နစ်ခေါက်သွားခဲ့ပြီး စာအုပ်ရေးသားဖို့ အတွက်စီစဉ်နေသူဖြစ်ပါတယ်။ မြန်မာ ပြည်မှာ ဖြစ်နေတဲ့  ဒီမိုကရေစီလှုပ်ရှားမှုနဲ့  လူအခွင့်အရေးချိုးဖေါက်ခံနေရမှုတွေအပေါ်မှာ စာနာ နေသူ တဦးလည်းဖြစ်ပါတယ်။ သူဇနီးကတော့ Yvonne Yettew ဖြစ်ပြီး စကားပြောဖို့ သူအဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားပြောဖို့  ဆန္ဒမရှိပါဘူး။

သူဟာ သူဆန္ဒအလျောက်ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုသွားခဲ့တာလား အဖွဲ့ စည်းတခုခု က စေခိုင်းခဲ့တာလားဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်းမှုမရှိသေးပါဘူး။ အမေရိကန် အစိုးရက ဒီကိစ္စကို ခပ်အုပ်အုပ်လုပ်ထားတာကတော့ထူးဆန်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်အမင်းကို ကျမ္မာရေးချို့ ယွင်းနေပါတယ်။ သူမရဲ့ ဆရာဝန်နဲ့ လည်း တွေ့ ခွင့်မရပဲ လက်ထောက်ဆရာဝန်နဲ့ သာ တွေ့ ဆုံခွင့်ရနေခြင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိကြံတွေ နေရတဲ့အခြေအနေကတော့ အတော့ကို ရင်နာစရာကောင်းလှပါတယ်။
တဖက်သတ် လူမဆန်စွာအဖမ်းခံထားရတယ်။ လူကို စိတ်ဓါတ်ကျဆင်းအောင်နိပ်စက်ညင်းပန်းခံနေရတယ်။
တဖက်သတ်စွပ်စွဲ တိုက်ခိုက်မှုတွေကိုခံနေရတယ်။

နအဖ က သူမကို နာမည်ပျက်အောင် ကျမ္မာရေး ချို့ ယွင်းပြီး သူအလိုလို သေအောင်လုပ်ကြံနေတာသာဖြစ်ပါတယ်။ အဆိုးဝါးဆုံးကတော့ ဦးအောင်ရွေ ဦးလွင်၊ ညဏ်ဝင်းခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်စီအီစီတွေရဲ့  ပျော့စိပျော့ဖတ် ခေါင်းဆောင်မှု ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရေတိမ်နစ်ရမဲ့အခြေအနေကို ဆိုက်ရောက်နေပါတယ်။

ကျနော်တို့ လက်ရှ်ိအခြေအနေကိုလက်ပိုက်ကြည့် မနေ ပဲ သတင်းမှန်တွေကို ထွက်ပေါ်လာတဲ့အထိတိုက်ပွဲဝင်ကြဖို့ လှုံဆော်လိုက်ရပါတယ်။




No comments :