Wednesday, 20 May 2009

တရားခွင် ထဲက ဒေါ်စု သတင်း

လက်နက်ကိုင်အစောင့်တွေစောင့်ကြပ်နေတဲ့တရားရုံးမှာလူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာတည်ငြိမ်စွာဖြင့်ရှိနေပါတယ်။သူမကိုပြန်လည်မြင်တွေ့ကြရတဲ့အတွက်
နိုင်ငံတကာသံတမန်အသိုင်းအ၀ိုင်း ကဒေါသအမျက်ချောင်းချောင်းထွက်နေမှုတွေဟာလည်းနည်းနည်း ပြန်လည်တည်ငြိမ်မှုရလာကြပါတယ်။နာမည်ဆိုးလှတဲ့အင်စိန်ထောင်တွင်းက
တရားရုံးမှာသူမကိုကြည့်ရတာကျန်းမာပုံရတယ်၊ယုံကြည်မှုရှိနေတယ်။တရားခွင်က
၄၅မိနစ်ပဲကြာတယ်။တရားရုံးဆိုပေမဲ့သံတမန်က၃၀၊ဒီထဲမှာကုလသမဂ္ဂ
ကိုယ်စားလှယ်တဦးနဲ့သတင်းထောက်တစုပဲရှိပါတယ်။သူမကအသက်၆၃နှစ်ရှိပြီ၊သူမကို
The Lady(ဒေါ်စု)လို့သူမရဲဘော်တွေကခေါ်ကြတယ်။တကယ်လို့အပြစ်ရှိတယ်ဆိုရင်သန်းရွှေက
ထောင်ဒဏ်၅နှစ်အထိချမှာဖြစ်ပါတယ်။ရှင်တို့ရဲ့အားပေးကူညီမှုတွေအတွက်ကျေးဇူးတင်ပါတယ်လို့
သံတမန်တွေကိုသူမကဆိုပါတယ်။ သူမဟာပန်းနုရောင်အင်္ကျီသပြေညိုရောင်ထဘီကိုဆင်မြန်းထားတယ်။သူမကိုအမျိုးသမီးရဲတွေခြံရံပြီး
ထွက်လာတယ်။သူမကသံတမန်တွေကိုလှည့်ပြီးအလွန်အထက်တန်းကျလှတဲ့ အင်္ဂလိပ်စာနဲ့
I hope to you in betterday မင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေရှင်လို့ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သွားပါတယ်။သူမဟာရုရှား၊ထိုင်း၊စကာင်္ပူသံတမာန်တွေကိုအင်းစိန်ထောင်ဆောင်မှာလက်ခံ
တွေ့ခဲ့ပါတယ်။သူမကသူရဲ့ပါတီဝင်မိတ်ဆွေနှစ်ဦးရောထောင်ထဲမှာကောင်းမွန်စွာရှိနေတယ်လို့ ဆိုပါတယ်။ဒေါ်စုကကာယကံရှင်တွေသာဆန္ဒရှိမယ်ဆိုရင်အမျိုးသား ပြန်လည်သင့်မြတ်ရေး ဟာဖြစ်နိင်ချေရှိတုန်းပါလို့ဆိုတယ်။သူမမှာခုလိုကံမကောင်းအကြောင်းမလှစွာ
ဖြစ်ရပ်တွေဖြစ်ခဲ့တာတောင်မှာအကောင်းမြင်တဲ့မျှော်လင့်ချက်တွေရှိနေတုံးပဲ
လို့စကာင်္ပူနိင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။
တရားရုံးကကြာသာပတေးနေ့မှာဆက်လက်လုပ်ဆောင်ပါလိမ့်မယ်။
အမေရိကန်နိင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကတော့ဒေါသထွက်စရာပဲ။ ဒါဟာသန်းရွှေကဒေါ်အောင်ဆန်းစုကြည်လူထုအတွင်းမှာထင်ပေါ်ကျော်ကြား
နေတာကိုမနာလိုလို့လုပ်တာပဲ။သန်းရွှေကသူမကို၂၀၁၀ရွေးကောက်ပွဲမှာ
မ၀င်နိင်အောင်လုပ်တာပဲ။ဒါကိုကြည့်ခြင်းအားဖြင့်ရွေးကောက်ပွဲဟာအစကတည်း
ကိုကတရားဝင်မှုလုံးဝမရှိဘူးဆိုတာကိုပြနေတာပဲလို့ဆိုပါတယ်။မြန်မာနိင်ငံဆိုင်ရာဗြိတိသျှသံအမတ်ကြီး မာခ်ကန်းနင်း(MarkCanning)ဘီဘီစီကိုပြောတာကတော့အခြေအနေကတော့ဗျာ တရားသူကြီးရယ်၊ဆွဲချရယ်၊အစွပ်စွဲခံရသူရယ်၊ဒီဇတ်လမ်းရဲ့အဆုံးကတော့အစကတည်းက
ရေးပြီးသားဖြစ်ပုံရတယ်ဗျ။စကာင်္ပူသံအမတ်ကလည်းစစ်အစိုးရတရားရုံးက
တရားမျှတစွာလုပ်နေတယ်ဆိုတာကိုပြခြင်လို့ကျူပ်တို့ကိုခုလို တက်ရောက်ခွင့်ပြုနေတာပဲဗျလို့ကောက်ချက်ချပါတယ်။
ယက်တောကြီးကတော့အဖြူရောင်အင်္ကျင်္ီနဲ့ကာကီရောင်ဘောင်းဘီကိုဝတ်ထားပါတယ်။ ဒေါ်စုတို့နဲ့သတ်သတ်စီထားတာကိုတွေ့ရပါတယ်။ပျာယိပျာယာဖြစ်နေတယ်။သံတမန်တွေကိုစကားမပြောဘူး။
သူ့ကိုမဖြတ်သန်းရတဲ့နေရာကိုဖြတ်သန်းမှုနဲ့ကျူးကျော်ဝင်ရောက်မှုတွေအတွက် အရေးယူထားပါတယ်။
- ငချစ်သင်-
မူရင်း- ရာဟူးသတင်းမှ

1 comment :

Anonymous said...

just correction,daw su said " I hope to meet you in better day" not " I hope to you in better day"