Sunday, 17 May 2009
တိုက်ပွဲ သတင်း ထုတ် ပြန် ချက် - အမှတ် ၁
သန်းရွှေ နောက်လိုက်တွေကအင်စိန် - ပေါက်တောဝ က စပိတ်ထားတယ်လမ်းကြိုလမ်းကြားတွေလည်း ပိတ်ထားတယ်အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်တွေရှိနေတယ်။ ဒါပေဲ့  လာကြည့် တဲ့လူတွေ တဖြေးဖြေးများလာပြီ။ ဒေါ်စုရုံထုတ်လာမှာကို မြင်လို မြင်ငြား သူတို့ လာကြည့်ကြတာဖြစ်တယ်။ သူတို့ မျက်နာမှာ ခံပြင်းမှု ဒေါသ ထွက်မှုတွေကိုတွေ့ နေရတယ်။ လူတွေက အရွယ်စုံပဲဖြစ်တယ်။ လူငယ်တွေနည်းပြီး လူလတ်ပိုင်းတွေများတယ်။ လူကြီးတွေလည်းတွေ့ နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလက်ထိပ်ခတ်ပြီးထုတ်လာ တယ်လို့ လည်း အနားကလူတချို့ ကပြောနေတာကို ကြားနေရပါတယ်။
ပိတ်ထားတဲ့နေရာကနေ လှမ်းကြည့်နေကြရတယ်လူတွေက မီးပွိုင့်နေရာ ကနေပဲ ကြည့်နေရတာကိုတွေ့ တယ်။ ဈေးအထိကိုဝင်လို့မရတာအောင်ဇေယျတံတားအဆင်း မီးပွိုင့်ကနေ ပိတ်ထားတာတာကိုတွေ့ ရတယ်။ ရဲ စုစုပေါင်း ၁ရာကျော်လောက်တော့တွေ့ နေရတယ်။ အခြေအနေက တော့ အတော်ကောင်းမဲ့သဘောရှိတယ်။ လူတွေသတ္တိရှိနေတာကိုတွေ့ ရတယ်။
Summary
Rest of your post
at 21:36
Subscribe to:
Post Comments
(
Atom
)
1 comment :
မီးပွိုင့်ဘက်က လှမ်းကြည့်ရင် ထောင်ဗူးဝတောင် ကောင်းကောင်းလှမ်းမမြင်ရဘူး၊ ဈေးဘက်ကကြည့်မှ မြင်ရလိမ့်မယ်။ လမ်းပိတ်ထားတယ်ဆိုတာ ဂုံးတံတားအောက်ရော ပိတ်လား၊ မဟုတ်ရင် ရထားလမ်းကနေ ဂုံးပေါ်ကို ပြန်တက်လို့ ရတာဘဲ
Post a Comment