ရဲဘော်များသို့ 
ငါဒို့  ဘာလုပ်ကြမလဲ ။ ငါဒို့ လူထုကို အိမ်ရှေ့ ကိုထွက်အောင် စည်းရုံးလှုံ့ ဆော်ရမယ်။ ငါဒို့ လူတွေကိုအိမ်ရှေ့ ကိုထွက်အောင်စည်းရုံးလှုံ့ ဆော်ရမယ်။ ဒီလို လူတွေအိမ်ရှေ့ ထွက်လာရဲ ပြီဆိုရင် အင်စိန်ထိချီတက်အောင်
ဆက်လက်တိုက်တွန်းရမယ်။ နံနက် ၁၀ နာရီတိုင်းမှာ နှစ်မိနစ် ငြိမ်သက်စွာ ဆန်ကျင်ကန် ကွက်တဲ့အနေနဲ့  နံနက် ၁၀နာရီတိုင်းမှာ နှစ်မိနစ် ငြိမ်သက်စွာနေအောင်လှုံ့ ဆော်ရဦးမယ်။ လုပ်ကိုလုပ်ရမယ်။ ဒါကြောင့်
အိမ်ရှေ့  ကထွက် - အင်းစိန်ကို ချီတက် - နံနက်ဆယ်နာရီမှာ နှစ်မိနစ် ငြိမ်သက် ဆိုတဲ့ လုပ်ငန်းစဉ်လေးကို လုပ်ကိုလုပ်ရမယ်။
ဒါလေးလုပ်တော့ နအဖ ပြုတ်ကျရောလားလို့ တော့မမေးနဲ့  လွယ်တယ်လို့ သိပ်တော့မထင်လိုက်နဲ့  ။
ဟား ဒါလေးများ မိုးသီး ရာ လို့ တော့ မထင် လိုက်ပါနဲ့ ။ ဒီကောင်လာအာနေတယ်လို့ ရန်သူလူများ၊ အချောင်သမားများက ခင်ဗျားတို့ ကို သွေးဆောင်နေရင်လည်း မလည်သွားပါနဲ့ ။ ခိုင်မြဲပါ။
ဒီလိုပြောတဲ့သူတွေကို လေ့လာကြည့် ပါ။ သူတို့ ဟ ၈၈ မှာ တကယ်မလုပ်ခဲ့ဘူး။ လက်နက်ကိုင်တိုက်ပွဲမှာ မဖြတ်သန်းခဲ့ဘူးလို့  ဆို ပါရစေ။
လူထုကနေ ကျနော်တိုက်တွန်းတဲ့လုပ်ငန်းလေးလုပ်ဆောင်လာဖို့  ဘယ်လောက်ခက်သလဲ ဆိုတာ တကယ်လူထုကို ခေါင်းဆောင် ဘူးမှာ သိလိမ့်မယ်။ လူထုတိုက်ပွဲကိုတကယ် ဖြတ်သန်းဘူးတဲ့သူမှာ သိတယ်။ ဒီလုပ်ငန်းကို အထင်သေးတဲ့သူတွေက လက်နက်ကိုင်တိုက်ပွဲမှာရောသိပ် သုံးလို့ မရတာများတယ်။ မပါဘူးတာသေချာတယ်။ သူတို ဟာ အရက်မူးလို့ တောင်မှာ ခွေးမသား သန်းရွေ လို့  မဆဲ ရဲ ၀ံတဲ့သူတွေ ဆိုတာတွေ့ လိမ့်မယ်။ သူတို့ ဟာ ဒေါသထွက်လို့ တောင်မှာ သေနပ်ကို မိုးပေါ်ထောင်မဖေါက်ဖူးတဲ့သူတွေဆိုတာ တွေ့ လိမ့်မယ်။
ခင်ဗျားတို့ ကတော လူထုတိုက်ပွဲရော ၊ လက်နက်ကိုင်တိုက်ပွဲတွေရော တခုခုမှာ ဒါမှမဟုတ်နစ်ခုစလုံးမှာဖြတ်သန်းဘူးတဲ့သူတွေပါ။ရန်သူလူနဲ့အချောင်သမားများ၊လန်းပန်းများ၊တတ်ယောက်ကားများ တွေ့ရဲ့  ၀ါဒဖြန့် မှုတွေကို ရဲ ၀ံစွာတုန်ပြန်ဖို့ လိုပါတယ်။
ဒီလုပ်ငန်းလေးဟာ လွယ်သလောက် ရလဒ်ကတော့ သမိုင်းဝင်လောက်အောင်ကြီးတယ်ဆိုတာ
ကျနော်သိတယ်။ ခင်ဗျားတို့ တွေ့ လိမ့်မယ်။ လူထု ကိုကိုယ်တို င်ခေါင်းဆောင်ရမယ်ဆိုတာ အလုပ်ဟာ
အပြောလွယ်သလောက်လက်တွေ တကယ်ခက်တယ်ဆိုတာရဲဘော်တို့ မကြာခင်သိလိမ့်မယ်။
တခုတော့ပြောပါရစေ
်
လူထုဟာ မကြောက်ပါဘူး။ လုပ်ငန်းစဉ်မရှိလို့ ဖြစ်နေတာပါ။ တိုက်ပွဲလုပ်ငန်းစဉ်မရှိလို့ ဖြစ်နေတာ။
လူထုရှေ့ ကနေ ကိုယ်လုံးပြထွက်နေတဲ့ခေါင်းဆောင်ထက်လူထုက သုတို ဘာလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလို
ခြင်တာပါ။ ခင်ဗျားတို့ ကျနော်နဲ့ အကြိမ်တရာ သဘောထားကွဲလွဲပါ။ ဆဲပါ။ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဆရာ၊
ဘုန်းကြီးတွေ ၊ ပလီဆရာ၊ ပါစတာတွေစကားကို ဘ၀တသက်လုံးမြေ၀ယ်မကြနားထောင်ပါ။
ဒီတခါတော့ ကျနော်ပြောတာ ကိုလက်ခံစဉ်းစားပါ လို့ တိုက်တွန်းလိုတယ်။ ဘာလိုလဲဆိုတော့
လွတ်မြောက်ရေးတရားကို ကျနော် ကလွဲလို ခင်ဗျားကို ဘယ်သူကမှ မပြောသေးလို့ ပါပဲ။
လူတွေကို အိမ်ရှေ့ ကိုထွက်လာအောင် စည်းရုံးပါ။
အင်စိန်ကိုချီတက်ခိုင်းပါ ။နံနက်ဆယ်နာရီ ထိုးရင် နှစ်မိနစ် ငြိမ်သက် ခိုင်းပါ။
အောင်ပွဲသို့ 
မိုးသီးဇွန်
မိုးသီးဇွန်
Friday, 22 May 2009
Subscribe to:
Post Comments
(
Atom
)
6 comments :
ဒေါ်အောင်ဆန်းစုကြည် ကို စစ်အစိုးရ က ထောင်ချဖို့ ကြံစည်နေတာ အသေ အချာပါ ။ တကယ်ထောင်ချ ခဲ့ရင် ပြည်သူကလည်း ရပ်ကြည့်နေမှာ မဟုတ်ပါဘူး။ အဲဒီ အခါရောက်ရင် နိုင်ငံခြားက နေဦးဆောင်မှုပေး နေမည့်အစား ပြည်တွင်းသို့ ဝင်စေချင်ပါသည်။
KMTZ*
U R RIGHT************
&ALSO WE HAVE TO GO INSIDE OUR MOTHER LAND FOR FINAL FIGHT************
WHO DARE WIN & TRUTH SET US FREE***
THIS IS OUR DUTY,
THIS IS OUR VICTORY,
THIS IS OUR TRUE BURMESE PATRIOT'S DAY,
THIS IS THE LAST DAY OF THANSHWE.
*****အပ္ပမ္မာဒေန သမ္ပာဒေထ*****
ကိုမိုးသီး
ဦးဆောင်ချီတက်ပေးဖို့ဖိတ်ခေါ်ပါတယ်။ကိုမိုးသီးတို့လို ခေါင်းဆောင်ကောင်းတွေလိုပါတယ်။
how about ko moe thee? we can't go without u.
how about ko moe thee? we can't do without u.
ဲကြားဘူးသလောက်လဲငရဲမင်းကရုပ်မဆိုးပါလါး။
##### ######
မှန်တာတော့ပြောပါလေ့စေ။
ဲjust for smile.
Post a Comment