Sunday, 24 May 2009

ကျောက်ပန်းတောင်လူငယ်များ ဆန္ဒပြထုတ် ဖေါ်

ဒေါ်အောင်ဆန်းစုကြည် ကို နအဖ က မတရားဖမ်းဆီး ပြီးထောင်ချဖို့ လုပ်နေပါတယ်။ ဒီလုပ်ရပ်ကို တကမ္ဘာလုံးက ရှုတ်ချနေပါတယ်။ နိင်ငံတကာသတင်းစာတွေမှာ ဒီသတင်းဟာ ထိပ်တန်းသတင်းတပုဒ်ဖြစ်လာခဲ့တယ်လို့ သတင်းစာ ဆရာကြီးတွေကဆိုပါတယ်။ မတရားဖမ်းဆီးမှုကို ဆရာကြီးဦးဝင်းတင်ခေါင်းဆောင်တဲ့ ပါတီဝင်များ၊ဒီမိုကရေစီလိုလားတဲ့ လူငယ် ၂၀၀ ခန့် က အင်းစိန်ထောင်ဝင်းအနီးကို နေ့ စဉ်သွားရောက်ပြီး မတရားမှုကို တတ်နိင်သမျှ ရှုတ်ချ အခြေအနေကလွဲ လို့  တနိင်ငံလုံးမှာ ငြိမ်သက်နေပါတယ်။

အစဉ်အလာကြီးမားတဲ့ မန္တလေးနဲ့ မော်လမြိုင်နဲ့ ပဲခူးမြို့ က လူငယ်တွေလည်း တုတ်တုတ်ကမလှုပ်ငြိမ်သက်နေတာတော့ ရှက်စရာကောင်းလှပါတယ်။ ဒီအချိန်မှာ ကျောက်ပန်းတောင်မြို့ ရှိ လူငယ် ၄၀ ကတော့ ရဲ ရင့် စွာနဲ့  ချီတက်လာပြီး ဒေါ်စုလွတ်မြောက်ရေးအတွက် ငါးလွှတ်ဆုတောင်းပွဲ ကျင်းပသွားတယ်လို့ သိရပါတယ်။ သူတို့ ကို ကြံဖွတ်နဲ့ စွမ်းအားရှင်တွေက လာရောက်ကြည့် နေတဲ့ ကြားက သူတို့  အာ ဆန္ဒထုတ်ဖေါ်ပွဲကို အောင်မြင်စွာ လုပ်ဆောင်နိင်ခဲ့တယ်လို့ သိရတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအဖမ်းဆီခံရပြီးနောက်မှာ ဒါဟာ မြန်မာ လူငယ်တွေထဲမှာ ပထမဆုံးသော ဆန္ဒထုတ်ဖေါ်ပွဲလို့ ဆိုရပါလိမ့်မယ်ခင်ဗျား။

ဒဖြစ်ပါတယ်
( ဒီသတင်းကို အညာနွေတမာမြေ ဘလောက်မှာ သွားရောက်ဖတ်ရှု့ နိင်ပါတယ်။ http://anyarnwaytamarmyay.blogspot.com )

1 comment :

Anonymous said...

Way to go! We are proud of you!!