Monday, 25 May 2009

ဒေါ်စု ကို နအဖ က မေ ၃၀ ရက် မတိုင်မှီ ထောင်ချတော့မည်။



ဒေါ်စု က မနက်ဖန် တရားရုံးမှာ သူကိုယ်သူ ခုခံကာကွယ်ရမှာဖြစ်ပါတယ်။ သတင်းထောက်အနည်းငယ်ကို ခွင့်ပြုမယ်။ သံတမန် တွေကို တော့ဝင်ခွင့်ပြုမယ်မသိရသေးပါ။ ကင်မရာနဲ့  အသံဖမ်းစက်များ ယူဆောင်ခွင့်မပြုဘူးလို့ သိရတယ်။ အစိုးရ က သက်သေတွေ တင်ပြချက်ကတော့ ပြီးပြီလို့ သိရတယ်။
ဒေါ်စုရှေ့ နေက ဒေါ်စုအနေနဲ့ သက်သေ ၄ ယောက်တင်ပြခွင့်ကိုတောင်းဆိုထားပါတယ်။ တရားရုံးက ခွင့်ပြုထားတယ်လို့ သိရတယ်။ သက်သေ၄ ယောက်ထဲမှာ ဦးဝင်းတင်ကိုယ်တိုင်ပါဝင်တယ်လို့ သိရတယ်။
တရားရုံးက သက်သေ ၄ ယောက်ကိုခွင့်ပြုတယ်လို့ ဆိုပါတယ်။ ဦးဝင်းတင်ပါမပါအတည်မပြုနိင်သေးပါဘူး။
နအဖ က ဒေါ်စုကို မေ ၃၀ မှာ လွတ်ပေးရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေကတော့ မေ ၃၀ ရက်မတိုင်မှီ
အမိန် ချဖို့ ရှင်းရှင်းပြောရရင်တော့ ထောင်ချဖို့ သန်းရွှေ ကလုပ်နေပြီဖြစ်ပါတယ်။ တရားလိုပြ သက်သေ
၂၃ ယောက် ပြရမှာဖြစ်ပေမဲ့  ၉ ယောက်ကို ဆက်မဖေါ်တော့ပဲ လုံလောက်ပြီလို့ ဆိုတယ်။ မြန်မြန် ထောင်ချခြင်တဲ့အတွက် ဒေါ်စုကို အမိန့် ချတော့မယ်ဆိုတာဖြစ်လာပါတယ်။ ဒေါ်စုရှေ့ နေတွေ ကတော့ နအဖ က ဒေါ်စုနဲ့  ဆွေးနွေးခွင့်လုံလောက်တဲ့အချိန်မပေး ဘူးလို့ ဆိုပါတယ်။

2 comments :

Anonymous said...

ဒေါ်စုဘက်က သက်သေထဲမှာ ဒေါက်တာတင်မျိုးဝင်း ဘာလို့ မပါတာလဲ။

Anonymous said...

What a big deal about Dr Tin Myo Win on Witness? There is no need for any witness as this is not a fair justic. It is obvious that they just want to put Daw Aung San Suu Kyi in prison.
One question what about the security personals are doing when Yetww swam over to the house? Shoud charge to those security people they are the fully responsible for that not Aung San Suu Kyi and her maids.