Thursday 28 May 2009

အင်စိန် ထောင်ရှေ့ မှာ ဦးဇော်ညွန့်  ဆန္ဒပြ ပြီ


စစ်ခွေးများရဲ့ လက်ကိုင်ဒုတ်များ အင်စိန်ဈေးအနီးတယောက်ထဲ ဆန္ဒပြနေသူ ကို ၀ိုင်းဆွဲနေကြစဉ်

အင်းစိန်ရှေ့ တွင် အသက် (၅၀) ခန့် အရွယ် ဦးဇော်ညွန့်  (တပ်မတော် လေတပ်အရာရှိဟောင်းတစ်ဦး) ဟာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ဆိုင်းဘုတ်ကိုထောင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဆိုပြီး အော်ဟစ်ဆန္ဒပြပါတယ်။ ဒီအချိန်မှာဘဲ ဒီအဖြစ်အပျက်ကို ကင်မရာနဲ့ လိုက်ရိုက်သူတွေနဲ့ စာရွက်စာတမ်း ဝေသူများကို နအဖဘက်တော်သားတွေက လိုက်လံဖမ်းဆီးပါတယ်။ ဦးဇော်ညွန့်နဲ့အတူ နောက်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရှိရပါတယ်။

နောက်ဆက်တွဲ-

အင်းစိန်ထောင်ရှေ့ တွင် အသက် (၅၀) ခန့်အရွယ် ဦးဇော်ညွန့် (တပ်မတော် လေတပ်အရာရှိဟောင်းတစ်ဦး) တစ်ကိုယ်တော်ဆန္ဒပြတာဟာ ခွေးစိတ်ဝင်နေကြတဲ့ နအဖစစ်ကျွန်ပြုကောင်စီကို မျိုးချစ်စစ်တပ်အရာရှိဟောင်း တွေ၊ လူငယ်ပိုင်းစစ်တပ်အရာရှိတွေကတောင် လက်မခံကြတော့ဘူးဆိုတာပြသလိုက်တာပါ။

အင်းစိန်ထောင်အနီးက တပ်မတော် လေတပ်အရာရှိဟောင်း ဦးဇော်ညွန့် ကို ဖမ်းဆီးသွားတဲ့ နအဖ ထောက်တိုင် တွေကို အရင် လျှာဖြတ်ပြစ်မယ်၊ ခေါင်းရိုက်ခွဲမဲ့ မျိုးချစ်လူငယ်တွေ ကို "ခံရဲသူသူထက် တိုက်ရဲသူ သူတွေက ပိုသတ္တိရှိတယ်" ဆိုတာပြောရင်လေးစား ဂုဏ်ယူပါတယ်။ ဆက်လက်တိုက်ပွဲဝင်ရင်း အောင်ပွဲခံကြပါ။

2 comments :

Still Waters said...

လူတွေအားလုံး လမ်းတွေမှာ ပိတ်ပြီ ထိုင်နေကြပါ၊ အသံတိတ် ပိတ်ထိုင်ပြီး နေကြပါ၊ ကားအသွားအလာတွေ ရပ်ဆိုင်းသွားအောင် ပိတ်ထိုင်နေကြပါ

Anonymous said...

အကြံပြုချင်ပါတယ် ၊ လူတွေအားလုံး လမ်းတွေပေါ်မှာ ပိတ်ထိုင် နေကြပါ၊ ဘာမှ မအော်သေးပဲ ပိတ်ထိုင်နေကြပါ ။ ကားအသွားအလာတွေ ပိတ်သွား ပြတ်သွားအောင်နေကြပါ ၊ အဲဒီကစပြီး လူတွေအားလုံးပါဝင်လာကြလိမ့်မယ် ထင်ပါတယ်