Friday, 22 May 2009
အက်စ်အက်စ် အေ က နအဖ ကို တုန့် ပြန် လိုက်ပြီ
သျှမ်းပြည်တပ်မတော် တပ်ဖွဲ့မှ ၂၀၀၉ မေ ၂၁ ရက် မနက် ၀၄း၃၀ တွင် လဲချား - ပင်လုံ အကြား မိုင်တိုင်အမှတ် ၂၁ မှာ နအဖစ်တပ်မှ စခန်းချထားသော နအဖတပ် နှင့် ပုလိပ်လမ်းကင်းတဲ တခုအား ၀င်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သျှမ်းပြည်တပ်မတော် မှ စီးနင်းတိုက်ခိုက်ရာ တွင် နအဖစစ်တပ်ဘက်မှ ၅ ယောက်သေဆုံးပြီး လက်နက်များ လည်းသိမ်းဆည်း ရရှိခဲ့သည်။ သျှမ်းပြည်တပ်မတော် ၏ လျှပ်တပြက်တိုက်ခိုက်မှုကြောင့် လဲချား အခြေစိုက် ခလရ ၆၄မှ ဒုအရာခံဗိုလ်တင်အုန်း နှင့် တပ်သား တယောက်၊ ဒုရဲအုပ် အေးမင်းထွန်း နှင့် ရဲသား ၂ ယောက် စုစုပေါင်း ၅ ယောက် သေဆုံးပြီး သေနတ် ၃ လက်ရရှိသည်။
at 11:34
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment