Friday, 15 May 2009

အိုဘားမားက သန်းရွှေ နခေါင်းကို ကျည်ပွေ့ နဲ့ ထု ပြီ


အမေရိကန် သမတ ဘာရက် အိုဘားမား က နအဖ စစ်အစိုးရ ကိုစီးပွားရေးအရ ဆက်လက်ပိတ်စို့ အရေးယူဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွှေက မတရားအမှု ဆင်ဖမ်းဆီးတာကို လက်တုန့် ပြန်လိုက်တာဖြစ်ပါတယ်။ သန်းရွှေ ရဲ့ ယုတ်မာလှတဲ့လုပ်ရပ်က အမေရိကန်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လိုက်တာ လည်းဖြစ်တယ်လို့ သူကဆိုပါတယ်။ ၀ါရှင်တန်က နအဖ ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို တစတစနဲ့  ဖိအားပေးလာပြီဖြစ်တယ်လို့ လည်းဆိုပါတယ်။ အိုဘားမား အစိုးရတက်လာကာစက မြန်မာ ပြည်ပေါ်မှာ စီးပွားရေးပိတ်စို့ မှုဟာ အလုပ်မဖြစ်ဘူးလို့ သုံးသပ်ခဲ့ဘူးတယ်။ အိုဘားမားက နအဖ ကို မိတ်ဆွေလုပ်ဖို့ လမ်းကြောင်းပေးပေမဲ့  သန်းရွှေ ရဲ့ အမြော်အမြင်နည်းပါးမှုကြောင့် အခွင့်လန်းကောင်းအဖြစ်မဆုတ်ကိုင်လိုက်မိပါဘူး။

No comments :