ပြီးခဲတဲ့သောကြာနေ့ကကြပ်ပြေးမှာနအဖထိပ်သီးခေါင်းဆောင်တွေကြောက်လန့်ပြီးအစည်းအဝေးလုပ်ကြတယ်။ ဒီအစည်းအဝေးကိုသန်းရွှေသဘာပတိလုပ်ပြီးခေါ်တာ၊မောင်အေး၊ရွှေမန်း၊သိန်းစိန်၊ အောင်သောင်း၊မောင်သောင်းနဲ့ တပ်မမူးတွေကို တက်ရောက်ကြတယ်။ အစည်းဝေးမှာ အဓိကဆွေးနွေတဲ့အကြောင်းအရာနစ်ခုရှိတယ်။ တခုကဒေါ်စုကိုအရေးယူမှု၊ဒီကိစ္စမှာသန်းရွှေ နဲ့ မောင်အေး
အမြင်မတူကြဘူးလို့ သိရတယ်။ မောင်အေးက ဒေါ်စုကိုထောင်ထဲပို့တာကို လက်မခံကြောင်းသိရတယ်။
နောက်ဆွေးနွေးတဲ့ခေါင်းစဉ်တခုကတော့သန်းရွှေကသူတို့အစိုးရအဖွဲ့ ကိုမေမြို့ အထိရွှေ့ခြင်တယ်။ကြပ်ပြေးမှာ လုံခြုံမှုမရှိဘူးလို့ ခံစားနေရတယ်လို့ သိရတယ်။သူ့ကိုအဓိကလုပ်ကြံမှာကသူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထဲက ဖြစ်ကြောင်းသူ့ကိုအနီးကပ်ဗေဒင်ဟောပေးတဲ့ဆရာကဟောထားတယ်။ခေါင်းပြတ်သေမယ်လို့ဆိုပါတယ်။
မေမြို့ မှာသူ့အတွက်အိမ်ကို တေဇကဆောက်ပေးထားတယ်လို့ သိရတယ်။ ကျောက်တောင်အနီးက အိမ်ဖြစ်ပြီး အိမ်ရဲ့ ထုက ၅ပေအထိတောင်ရှိတယ်လို့ သိရတယ်။ အိမ်က မေမြို့ ကန် တော်ကြီးနားမှာဖြစ်ပြီး မျှော်စင်ကကြည့်ရင်အဲဒီအိမ်ကိုမြင်ရတယ်လို့ ဆိုတယ်။
အိမ်က ကျောက်တိုင်နားမရောက်ခင် မိုင်တိုင် ၃၉ နားမှာရှိကြောင်းသိရပါတယ်။ အဲ့ဒီအိမ်ကို မေမြို -မန္တလေးကားလမ်းဖက်ကလည်းဝင်လို့ ရသလို ကန်တော်ကြီးဖက်ကလည်းဝင်လို့ ရတဲ့အတွက်အလွန်လုပ်ကြံရန်ကောင်းကြောင်းနဲ့  သန်းရွှေ အဲ့ ဒီအိမ်မှာလာနေရင် အာပီဂျီနဲ့ လှမ်းလို့ထုလို့ရနိင်တယ်လို့ အမည်မဖေါ်လို တဲ့ တပ်မတော်အရာရှိက We Fight We Win ကို အကြံပေးလာပါတယ်။

3 comments :
dawnmare flies in 580 :-)
ကြားရတာ အရသာရှိပါ့... ခေါင်းပြတ်သေမှာတဲ့.. အဲဒီအတိုင်းပဲဖြစ်ပါစေ....
The news about the house is confirmed
It's located near there May Myo. house are not only for than shwe , there are small one storey houses for each general.
the wall are just normal walls.that houses are built in 2005-2006. the roof color is red
Post a Comment