Wednesday, 13 May 2009

ပြည်တွင်းမှအကြောင်းကြားစာ













ကိုမိုးသီး
ကျွန်တော်ပြည်တွင်းမှဒီနေ့သတင်းစာဖြတ်ပိုင်းတွေပို့ပေးလိုက်ပါတယ်။ဒီကောင်တွေကျွန်တော်တို့
ခေါင်းဆောင်ကိုယုတ်ယုတ်မာမာနဲ့အကွက်ချစီစဉ်ပြီးမတရားလုပ်တာကိုကျွန်တော်တို့ခေါင်ငုံ့ခံနေလို့မဖြစ်ပါ။
ကျွန်တော်တို့လည်းအထဲမှာလုပ်သင့်တာလုပ်မယ်။ခင်ဗျားတို့လည်းတာဝန်ကြေပါစေ။
ဒေါ်စုကိုထောင်ချရင်မင်တို့သံရုံးတွေကိုငါတို့ဝိုင်းမယ်လို့ကြေငြာပါ။ဖြစ်အောင်လုပ်ပါ။
နိုင်ငံခြားတွေကိုရောက်နေတဲ့ဒီကောင်တွေရဲ့ တွေရဲ့ ဆွေမျိုးသားချင်းတွေကိုလည်းတူညီသော
တုံ့ပြန်မှုပေးနိုင်အောင်လုပ်ကြပါ။
အောင်ဇော်မင်း(ရန်ကုန်အရှေ့ပိုင်းသံမဏိလူငယ်တပ်ဦး)

9 comments :

မင်းနန္ဒ said...

ကိုမိုးသီးအဖွဲ့နှင့် ရဲဘော်များ

ဒီကိစ္စဟာ အမေရိကန်နိင်ငံသားတစ်ယောက်ရဲ့ မဆင်မခြင်ရူးနှမ်းတဲ့လုပ်ရပ်ကြောင့် နဂိုကမှအကြောင်းရှာနေတဲ့ နအဖအတွက် အချိုရှာသကာတွေ့ဆိုသလိုဖြစ်သွားခဲ့တာပါ။ အဲဒီအတွက် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံနေတဲ့ စူပါပါဝါ အမေရိကန်နိုင်ငံမှာ လုံးဝတာဝန်ရှိပါတယ်။ အမေရိကန်ဟာ အီရန်က Saberina အမှုမှာ အသံအတော်လေးထွက်ပေးခဲ့တယ်။ အဲဒီကိစ္စကို တကမ္ဘာလုံးကအာရုံစိုက်အောင်လုပ်ခဲ့တယ်။ အဲဒီအတွက် အီရန်အစိုးရဟာ Saberina ကိုမတရားဆက်လက်ဖမ်းဖို့ ခက်ခဲတာကြောင့် ပြန်လွှတ်ပေးလိုက်ရပါတယ်။ Yeattaw ကိစ္စမှာကြည့်ရင် အမေရိကန်က ဘာမှတစ်စုံတစ်ရာ ၀င်ပြောတာကို မတွေ့ရပါဘူး။ ရှင်းရှင်း အခုကိစ္စမှာ အမေရိကန်ဟာ ပိုလို့တောင် တာဝန်ရှိနေပါတယ်။ Yeattaw ၀င်ရောက်နေထိုင်တာကို လက်ခံလို့ တရားစွဲတယ်လို့ အစိုးရဖက်က ဆိုပေမယ့်။ Yeattaw ၀င်ရောက်နေထိုင်ဖို့ ဒေါ်စုတို့က စီစဉ်ဖိတ်ခေါ်တာမဟုတ်သလို၊ နေထိုင်ခိုင်းခဲ့တာလဲ မဟုတ်ပါဘူး။ လုံခြုံရေးတွေကို အသိပေးဖို့ပျက်ကွက်ခဲ့တယ်လို့ ထပ်မတရားပြောချင်ရင် ရပေမယ့် ဒါဟာအရင်းစစ်တော့ လုံခြုံရေးတွေရဲ့ တာဝန်မကျေမှုသတ်သတ်သာပဲဖြစ်ပါတယ်။ ဥပဒေမှာ ကိုယ်က လက်မခံတဲ့သူက ကိုယ့်အိမ်ပိုင်နက်အတွက်သူ့ဖာသာ အတင်းနေတာကို မဖြစ်မနေ အာဏာပိုင်တွေကို အကြောင်းကြရမယ်လို့ ပြန်ဌာန်းထားတာ မရှိပါဘူး။ ဒါကိုနအဖအနေနဲ့ ဥပဒေကို လိုသလိုဆွဲယူပြီး ဒေါ်စုကို ဆက်လက်ဖမ်းထားဖို့ပက်စက်တဲ့အကြံနဲ့လုပ်တာပဲဖြစ်တယ်ဆိုတာ သိပ်ကိုထင်ရှားနေပါတယ်။ အခု တရားစွဲတဲ့အဆင့်မှာပဲရှိပါသေးတယ်။ အမှုကိုဆက်လက်ရင်ဆိုင်ရအုံးမယ်။ စီရင်ချက်မချခင် နောက်ရက်အနည်းငယ် ကိုယ့်ဖက်မှာကျန်သေးတယ်။ US Government အနေနဲ့ ဒီကိစ္စမှာ အစွမ်းကုန် ၀င်ရောက်စွက်ဖက်အောင် နိုင်ငံရေးအင်အားစုအားလုံးဝိုင်းဝန်းလုပ်ဆောင်ကြပါ။ ဒီရက်ပိုင်းတွေအတွင်း မှာ campaign မျိုးစုံအစွမ်းကုန်အရှိန်မြှင့်လုပ်ဆောင်ပြီး နိုင်ငံတကာပိုအာရုံစိုက်အောင် လုပ်ဆောင်ကြပါ။ နအဖ မြွေခွေးအဖွဲ့ကလဲ မရ ရအောင် ထောင်ချဖို့ကြိုးပမ်းမှာပဲ။ ဒီဖက်က ကျွန်တော်တို့ဖက်သားတွေကလဲ နိုင်ငံတကာဖိအားနဲ့ ယူအက်စ် ဖိအား မကြုံစဖူးကြီးကြီးမားမား နအဖအပေါ်ကျရောက်အောင် အစွမ်းကုန်ကြိုးစားပေးမှ ဒေါ်စုအတွက် တရားမျှတမှုကို ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်။

Informer said...

ပြည်တွင်း။ ပြည်ပတွင်ရှိသော NLD ပါတီခေါင်းဆောင်ဆိုသူများကို မေးပေးပါ။ ဒီလို ကန့်ကွက်ပါတယ်။ သဘောမတူပါဘူးဆိုပြီးကြေငြာချက်ထုတ်ရုံနဲ့ပြီးပြီလား။ ရှေ့ဆက်ပြီး ဒီလိုပဲလုပ်မယ်ဆိုရင်တော့ ပါတီကိုဖျက်သိမ်းလိုက်ပါတော့။ ဘာမှ အသုံးမကျတယ့် လူတွေဖြစ်ကုန်ပြီ။ လူပိုတွေပဲ။ ဒီလိုလူတွေ တိုင်းပြည်ကို ဘယ်လိုခေါင်းဆောင်မှာလဲ။

Informer said...

ပြည်တွင်း။ ပြည်ပတွင်ရှိသော NLD ပါတီခေါင်းဆောင်ဆိုသူများကို မေးပေးပါ။ ဒီလို ကန့်ကွက်ပါတယ်။ သဘောမတူပါဘူးဆိုပြီးကြေငြာချက်ထုတ်ရုံနဲ့ပြီးပြီလား။ ရှေ့ဆက်ပြီး ဒီလိုပဲလုပ်မယ်ဆိုရင်တော့ ပါတီကိုဖျက်သိမ်းလိုက်ပါတော့။ ဘာမှ အသုံးမကျတယ့် လူတွေဖြစ်ကုန်ပြီ။ လူပိုတွေပဲ။ ဒီလိုလူတွေ တိုင်းပြည်ကို ဘယ်လိုခေါင်းဆောင်မှာလဲ။

Anonymous said...

John W Yettaw
34158 Delta Rd
Falcon, MO 65470-8154

This is correct address. :) Any 1 wants phone number? Ko moe thee, you should try to contact with his home to get information. I'll give you ph no. If you want, reply here. May be, you already know.

Tiger said...

အုကံကုန် သန်းရေရြေကူး
နအဖ ခွေးရူးများရည်ရွယ်ချက်

1. တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနှုင့် ဒေါ်စုလည်းထောင်ကျ အမေရိကန်တွေလည်း မြန်မာတွေကြားမှာ Images ပျက်စေရန်။

2. မြန်မာ့နိင်ငံရေးအဖွဲ့အစည်းများ နိုင်ငံတကာအစိုးရများ အနေနူင့်လည်းဒေါ်စုအရေးတွက်ဗျာများရအောင်
အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကိုအာရုံပြောင်းစေရန်။

3. လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲ အတွက် အဓိကအဟန်အတားဖြစ်နေသည့် လက်နက်ကိုင်ူငိမ်းအဖွဲ့များနုင့်ဆွှေးနွှေးမူအဆင်မပြေလျှင် (က) ဖွဲ့စည်းပုံပြင်မှာလား ( မူဖစ်နိုင် )
(ခ) ရွှေ့ဆိုင်းမှာလား ( ရွှေ့ဆိုင်းမယ်ဆိုရင် နအဖ အနေနုင့် ဖွဲ့စည်းပုံကြောင့်မဟုတ်ပဲ တခြားအကြောင်း တစ်ခုပြ ဖို့လိုမှာဘဲ။ ဖွဲ့စည်းပုံကြောင့်သာဆို ရင် ၉၇% ကမြောင်းထဲရောက်ပြီ။)
နအဖ အတွက်ရွှေးစရာက နိုင်ငံတော်ဆူပူမူပဲ ရိုတော့တယ်။ ဒီတော့ဆူပူမူဖြစ်စေမဲ့ ဟာလေးတွေအခုတည်း ကဖန်တီးပေးထားဖို့လိုမှာဘဲ။

4.ရွေးကောက်ပွဲကာလအတွင်း ဘယ်နည်းနုင့်မျှ ဒေါ်စုအပြင်မှာရှိနေလို့မရပါ၊ (သူတို့ ထောက်ခံပေးထားသော အမတ်လောင်း များ ခေါင်းဆောင်ရသွား နိုင်သည်၊ ကိုယ်လူကိုတွေ ကိုသိပ်မယုံရဲ၊ ၈၈ တုန်းကမှော်ဘီမှာ ခံရတာမမေ့နိုင်သေး။)

အပေါ်ကဖမ်းလို့ရပြီးရောအမိန့်ကြောင့်လုပ်ရတာမို့ လား ပေါင်းများစွာနှင့် ကလေးကလားဆန်ဆန်ဖြစ်ခဲ့တာကိုဒီအချက်တွေကြည့်ရင်သိသာပါတယ်။

1. ဒေါ်စုလွတ်ခါနီးမှဒီလူကလာဝင်ရသလား။ အဆက်အသွယ်သာလုပ်မယ်ဆိုရင် ဘာဖြစ်လို့ ရက် ၂၀ လောက်ကို မစောင့် ရ အောင် တုံးမှာလား။

2. အ၀င်တုန်းကမသိ ဘဲအထွက်မှမိရသလား။

3. နိုင်ငံတော်တားမြစ်ဧရိယာထဲ မှာနိုင်ငံခြားသားတစ်ယောက် ၂ ရက်တောင်နေသွားတာ မသိရ အောင်တာဝန်ပေါ့ တဲ့ လုံခြုံရေး တွေကို ရာထူးတိုးပေးတဲ့ သတင်းတွေလဲမကြားရပါလား။


4. မိမိအိမ်ထဲကိုရန်ရှာဖို့မဟုတ်ဘဲ တစ်ညလုံးရေကူးလာတဲ့လူတစ်ယောက်ကို ဖမ်ုးကပါ လို့ အော် နေတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အူပူအမူကို လူကျင့်ဝတ်အရ စဉ်းစာုးကည့်ုကပါ။ ( နအဖ မပါ )

5. ၀င်လာတဲ့ လူက အမေရိကန်လူမျိုး စစ်ပြန် ဖြစ်နေခြင်း။


ဒီကျိုးဆက်တွေဖြစ်လာနိုင်တယ်

1. ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း စီရင်ချက်မချသေးဘဲ လိုအပ်တဲ့အချိန် ( အချက် 3 - ဆူပူမှုလိုအပ်ချိန်)
မှကောက်ကာငင်ကာစီရင်ချက်ချနိုင်တယ်။ ပြည်သူတွေမဆူတောင် စွမ်းအားရှင်တွေနှင့် လူလုံးပြပြီး လုပ်နိုင်တယ်။ သူတိုကလည်းဒီအတွက်ပြင်ဆင်ထား မှာဘဲ။ ဒီအပေါ်မှာ အစိုးရဆန့်ကျင်ရေးလှူပ်ရှားသူအဖွဲ့အစည်းတွေနှင့်တော့တစ်ပွဲတစ်လမ်းဘဲ ။

2. အမေရိကန်ကလည်း ဒါဟာ အမှားမခံနိုင်တဲ့ ဟာမို့ဒီအတိုင်းငြိမ်နေမှာမဟုတ်ပါဘူး။
ဘယ်အတိုင်းအတာထိလုပ်သလဲကတော့ စောင့်ုကည့်ရမှာဖြစ်ပါတယ်။ တိတိကျကျ စုံစမ်းရင်တော့ နအဖ ထက်ကောင်းတဲ့ Result တော့ ထွက်လာမှာဘဲ။

3. ဒါဟာလက်နက်ကိုင်ငြိမ်းအဖွဲ့များကို ပြတ်ပြတ်သားသားလုပ်ဖို့အတွက်ပြည်တွင်းကို အရင်ရှင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

4. နအဖ အနေနှင့် နိုင်ငံရေး Step တစ်ခုမြင့်လိုက်တာဖြစ်ပြီး၊ ထိပ်တိုက်တွေ့ဆုံးရေး နှင့်အလုံးစုံပျက်သုဉ်းရေးဆီသို့ မူဝါဒကိုအကောင်အထည်ဖေါ်လိုက်ခြင်းသာဖြစ် ပါတော့သည်။

Anonymous said...

လုပ်သင့်တဲ့ကိစ္စတစ်ခုဘဲ

Anonymous said...

လုပ်သင့်တဲ့အလုပ်ဘဲ

Anonymous said...

ပြည်တွင်း။ ပြည်ပတွင်ရှိ demo ဆိုသူများကို မေးပေးပါ။ ဒီလို ကန့်ကွက်ပါတယ်။ သဘောမတူပါဘူးဆိုပြီးကြေငြာချက်ထုတ်ရုံနဲ့ပြီးပြီလား။ ရှေ့ဆက်ပြီး ဒီလိုပဲလုပ်မယ်ဆိုရင်တော့ ဘာမှ အသုံးမကျတယ့် အခွင့်ရေးသမား လူပိုတွေပဲ။ ဒီလိုလူတွေ တိုင်းပြည်ကို ဘယ်လိုခေါင်းဆောင်မှာလဲ။

Anonymous said...

"ပြည်တွင်း။ ပြည်ပတွင်ရှိသော NLD ပါတီခေါင်းဆောင်ဆိုသူများကို မေးပေးပါ။ ဒီလို ကန့်ကွက်ပါတယ်။ သဘောမတူပါဘူးဆိုပြီးကြေငြာချက်ထုတ်ရုံနဲ့ပြီးပြီလား။ ရှေ့ဆက်ပြီး ဒီလိုပဲလုပ်မယ်ဆိုရင်တော့ ပါတီကိုဖျက်သိမ်းလိုက်ပါတော့။ ဘာမှ အသုံးမကျတယ့် လူတွေဖြစ်ကုန်ပြီ။ လူပိုတွေပဲ။ ဒီလိုလူတွေ တိုင်းပြည်ကို ဘယ်လိုခေါင်းဆောင်မှာလဲ။"

သေချာတာပေါ့ဗျာ ။ဒီလိုလေးကန့်ကွက်ပါတယ် ၊သဘောမတူကြောင်းကြေငြာစာတန်းလေးထုတ်လိုက် ။
ဟားဟ ဒေါ်လာလေစားလိုက်နဲ့ကတော့ ဒါမျိုးကတော့ လူတိုင်းလုပ်တတ်တယ် ။ဒီလိုသာဆို ကျွန်တော်လဲ လုပ်မယ်ဗျို့ ကိုမိုးသီးရေ