Wednesday 27 May 2009

ဝီလီယံ ရက်တော က လုံခြုံရေးတွေရှေ့ က ပေါ်တင်ပဲဖြတ်သွားတာဖြစ်တယ်လို့ ထွက်ဆိုပြီး

ဝီလီယံရက်သော က ဒေါ်စုအိမ်ကို ရေးကူးဝင်တာမဟုတ် လမ်းလျောက်ဝင်တာ လို့ ထွက်ဆို နစ်ခေါက်စလုံးဒေါ်စုအိမ်က လုံခြုံရေး ၅ ယောက်နဲ့  တွေ့ ပြီးဝင်တာ လို့ ထွက်ဆိုလိုပါတယ်။ ပထမတခေါက် ကအပြန်မှာ လုံခြုံရေးတွေက တွေ တယ်။ သေနပ်နဲ့ ချိန်ပြီး ဘာလာလုပ်တာလဲလို့ မေးပြီးအေးအေးဆေးဆေးပဲပြန်လွှတ်လိုက်တယ်။ ဒုတိယတခေါက်မှာတော့ သူကိုခဲတွေနဲ့ ပေါက်ပြီး ပြန်လွှတ်တယ်။ အဓိပါယ်က တော့ နစ်ခေါက်စလုံးဟာ နအဖ သိတယ်ဆိုတာပါပဲ။ ဒေါ်စု က ၀ီလီယံရက်တော ကို စကားကြီးနစ်ခွန်းသာ ဆိုခဲ့တယ်။

ဒါကတော့ - တစ်။ တရားဥပဒေကိုလိုက်နာပါ။ နစ်။ ပြန်ပါ ဆိုတာ ဖြစ်တယ်လို့ ယက်တောကြီးကထွက်ဆိုပါတယ်။ သူကို ဘုရားသခင်က လွတ်လိုက်တာပါလို့ ပဲ တရားရုံးမှာထွက်ဆိုနေတဲ့အတွက် တရားသူကြီးတွေ အရူးဖြစ်နေကြောင်းသိရတယ်။ ရက်တောကြီး ကို စစ်တာ၃ နာရီ ကြတယ်။ ဒေါ်စုနဲ့ သူမ ရဲ ဘော်နစ်ဦးကို တော့ နာရီ ၀က်ခန့် ပဲစစ်ဆေးတယ်လို့ သိရတယ်။

2 comments :

sithusoe said...

ယက်တောထွက်ဆိုချက်ကိုဖတ်ရတာအစိုးရလုပ်ကြံတဲ့
ဇာတ်လမ်းတော့မဟုတ်နိုင်ဘူး၊ယက်တောထွက်ဆိုချက်တွေကစစ်အစိုးရကိုကြိုးကွင်းစွပ်နေသလိုမျိုးဖြစ်နေ
တယ်၊ယက်တောဘယ်လိုထွက်မယ်ဆိုတာစစ်အစိုးရ
ကြိုသိပုံမရဘူး၊စစ်အစိုးရတောကိုယ့်ရှုကိုယ်ပတ်နေပြီ

Anonymous said...

ဒီလောက်သက်သေတွေပြတာတောင် ရေမကူးဘူး လမ်းလျှောက်ပါတယ်လို့ပြောနေတော့ စိတ်ရောကောင်းသေးလားမသိဘူး..အရှုးထောင် ပို့ပေးရမယ် ပြန်လာမှ...