Sunday, 31 May 2009

မေ၃၀ ရက် ဆန္ဒပြပွဲ ဖြစ်မှာ ကို သန်းရွှေ ထိပ်လှန့် 

မေလ ၃၀ ရက်နေ့ က ပြည်တွင်းရှိ ကျောင်းသားများနှင့် လူထုများက ရွှေတိဂုံဘုရား တွင် ဒေါ်စုအတွက် ဆုတောင်း မှုများ ပြုလုပ်ကြမည့် သတင်းကိုရရှိခဲ့ပါတယ်။ ဒီသတင်းကို ကျနော်တို့ ဘလောက်မှတင်ပေးပြီးလှုံ့ ဆော်ပေးခဲ့ပါတယ်။ ဒါပေမဲ့  လှုပ်ရှားမှုဖြစ်ပေါ်လာမှာကို ကြောက်လှန့် စိုးရိမ်နေတဲ့ သန်းရွှေ က ရွှေတိဂုံဘုရားတွင်းစစ်သားများ အပြည့် နေရာချထားလိုက်ပြီဟု သိရပါတယ်။

ဒါကြောင့် မူလ ရည်မှန်းထားတဲ့ မေလ ၃၀ ရက်နေ့ မှာ ရွှေတိဂုံဘုရားမှာ ဒေါ်စုအတွက်ပန်းကပ်ရန် အခွင့်မသာ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လူအတော်များများ ရွှေတိဂုံဘုရားဝန်းကျင်သို့ လာရောက်ခဲ့တယ်လို့ သိရတယ်။ လုံခြုံရေးအခြေအနေအရ လှုပ်ရှားမှုများကို နောက်ထပ် ဆက်လက်ပြုလုပ်သွားမယ်လို့  ကျောင်းသားလှုပ်ရှားမှု တာဝန် ခံ ကိုရဲ သွေးက ပြောပြပါတယ်။ လှုပ်ရြှးမှု တွေကို သူတို့ ဆက်လက်လုပ်သွားမယ်ဆိုတာကို သတင်းကောင်းပါးလိုက်ပါတယ်။


2 comments :

Unknown said...

ခင်ဗျားတို့ရဲ့ဘလော့ဂ်တွေကိုဗမာပြည်ကလူတွေ၉၉%မဖတ်နိုင်ဘူး။ဗမာပြည်နဲ့ဝေးနေတဲ့သူတွေအင်တာနက်ဆိုတာအဲဒီမှာဘယ်လောက်ခက်ခဲတယ်ဆိုတာသဘောမပေါက်လောက်ဖူး။ ကျွန်တော်
အကြံပေးချင်တာက၈၈တုံးကလိုဘီဘီစီတို့လိုသတင်းဋ္ဌာနတွေကနေဘယ်နေ့မှာဘယ်အဖွဲ့အစည်းကဘယ်နေရာမှာဘာလုပ်ဖို့တိုက်ထွန်းတယ်တို့၊စီစဉ်တယ်တို့၊ ကြေငြာတာကပိုထိရောက်မယ်။မှတ်မိသလောက်ပြောရရင်ဘီဘီစီနဲ့ဗြွီအိုအေကိုဘဲနားထောင်ခဲ့ကြရထယ်။အခုလည်းနှစ်၂၀ကျော်အကြာမှဗမာပြည်အထူးမတိုးတက်ပါဘူး။လူထုကိုလှုံဆော်ဖို့ပြည်ပသတင်း
ဋ္ဌာနတွေရဲ့အကူအညီလိုပါတယ်။

Anonymous said...

ကိုမိုးသီးရေ

ထိပ်လှန့် တာလား၊ ထိတ်လန့် တာလားဗျ။