"ကမ္ဘာအနှံ့ရှိ မြန်မာသံရုံးနံရံတွေ မှာ လွတ်မြောက်ရေး သင်္ကေတ၊ စစ်အာဏာရှင်စံနစ် အလိုမရှိဆိုတဲ့ သင်္ကေတ တွေအတွက် ဆေးနီတွေနဲ့ ကဗျည်းထိုးကြ၊ ကြက်ဥတွေနဲ့ပေါက်ကြ။"
ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ရုံးတင်စစ်ဆေးတဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့ မှာ နိုင်ငံတကာ က မြန်မာ့ဒီမိုကရေစီရေး လိုလားသူတွေဟာ မြန်မာသံရုံးတွေ ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆန္ဒပြပွဲတွေလုပ်နေကြပါတယ်။
အိန္ဒိယနိုင်ငံက နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာလည်း မြန်မာ့ဒီမိုကရေစီရေး အတွက် ရဲရင့်တက်ကြွတဲ့ လူငယ်တစုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သွားရောက် ဆန္ဒ ပြခဲ့ကြပါတယ်။
'အောင်ပွဲဝင်ဖို့ ထောင်ထဲဝင်စို့' ဆိုတဲ့ အကျီဆင်တူဝတ်ထားတဲ့ အဲဒီ လူငယ်တွေဟာ မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ပိုစတာတွေကို ကပ်ပြီး Free Aung San Su Kyi ဆိုတဲ့ စာသားတွေကို သံရုံးနံရံတွေပေါ်မှာ ဆေးနီတွေနဲ့ ရေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။
အိန္ဒိယ နိုင်ငံ မြန်မာသံရုံုးနေရာဟာ တခြားနိုင်ငံတွေလို လွတ်လပ်စွာ ဆန္ဒပြလို့ ရတဲ့ နေရာ မဟုတ်ပါဘူး။ အဲဒီနေရာ ၀န်းကျင်ဟာ မာရှယ်လော ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ကန့်သတ်နယ်မြေပါ။
နယူးဒေလီမှာက ဆန္ဒပြမယ်ဆိုရင် ဂျန်တားမန်တား ပန်းခြံတနေရာမှာပဲ လုပ်ခွင့်ရှိပါတယ်။ အခြားနေရာတွေမှာ ဆန္ဒပြတာတွေ လုပ်မယ်ဆိုရင် ဖမ်းဆီးတာ ခံရမှာဖြစ်ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည် ကို မတရား အမှုဆင်ပြီး ထောင်ချမယ့် အရေး ဖြစ်လာချိန်မှာ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဖို့ ၀ိုင်းဝန်း လှုံ့ဆော်နေကြချိန်မှာ ဒီမိုကရေစီ ရှိပါတယ်ဆိုတဲ့ အိန္ဒိယ အစိုးရဟာ နှုတ်ပိတ်နေတဲ့အတွက် ကန့်သတ်နယ်မြေ သတ်မှတ်ထားတဲ့ မြန်မာသံရုံးရှေ့ကို အရဲစွန့်ပြီး ဆန္ဒလာပြရတာ ဖြစ်တယ်လို့ လူငယ်လေးတဦးက ပြောပြသွားပါတယ်။
အိန္ဒိယ နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ထုတ်ပြန်ကြေငြာစာကိုလည်း မြန်မာသံအမတ်ကြီးဆီကို လိပ်မူပြီး ပေးခဲ့တယ်။ ဆန္ဒပြတဲ့ အချိန်မှာ သံရုံးရှေ့မှာ လုံခြုံရေး အစောင့် ထူးထူးခြားခြား ချမထားခဲ့တဲ့အတွက် ရဲတွေလာတဲ့အချိန်မှာ လူစုခွဲနိုင်ခဲ့ပြီး အောင်အောင်မြင်မြင် ဆန္ဒပြနိုင်ခဲ့တယ်လို့ သူက ပြောပြပါတယ်။
အညာနွေမှတမာမြေမှပေးပို့သည်၊ www.anyarnwaytamarmyay.blogspot.com
Rest of your post
1 comment :
ကိုမိုးသီး..
ကျွန်တော်ထင်တာဒါနောက်ဆုံးတိုက်ပွဲပဲ..ပြည်တွင်းပြည်ပအားလုံးဆန္ဒပြနေလို့နဲ့မပြီးတော့ဘူး..2007 saffron and 2008 nargis တုန်းကလည်း ဆန္ဒပြတာနဲ့ပဲပြီးသွားတယ်..အဲဒါကိုသိလို့ဒီကောင်တွေဒေါ်စုကိုလှမ်းကိုင်တာ.လူပေါင်းတစ်သိန်းကျော်သေလို့နိုင်ငံတကာက
အော်တာတောင် ဂရုမစိုက်တာဗျာ..
နှစ်ပေါင်း၂၀အတွင်းသူတို့ထိမရတဲ့ဟာက
ိုစကိုင်တယ်ဆိုကတည်းကကျွန်တော်တို့သိသင့်ပြီ..
အခု UN, China, India, US (Obama) တုတ်တုတ်တောင်မလှုပ်ဘူး..ဒီဟာတွေလှုပ်ဖို့ကိုချည်းပဲလုပ်မဲ့အစား..ချရတော့မယ်..
ဒေါ်စုသာထောင်ကျသွားကြည့်..ထောင်ထဲကကျွန်တော်တို့ရဲဘော်တွေ
ဒီတသက်မလွှတ်တော့ဘူး..
ပြည်ပကရဲဘော်တွေလည်းဘာလိုပဲပြောပြော..အိမ်ပြန်ချင်ရင်ခွေးတိုးပေါက်ဝင်သလိုပြန်ရတော့မယ်..
နယ်စပ်ကရဲဘော်တွေရော..? တောထဲမှာပဲဘဝတွေပျက်.လူမသိသူမသိသေတာပဲဖြစ်မယ် (Refugee Program will be gone soon)
ပြည်တွင်းကလူတွေရဲ့ဘဝကရော..စစ်သားကိုဘုရားလိုကိုးကွယ်ရတော့မဲ့အခြေအနေ..
(ဘုန်းကြီးတောင်ဂရုမစိုက်တာ)
အဲဒီတော့ဗျာကုန်ကုန်ပြောရရင်..ကျွန်တော်တို့ဘဝတွေ..လူဘဝ..ခွေးဘဝကနေ..ခွေးဝဲစားဘဝဖြစ်ရမဲ့အခြေအနေ..
အဖြစ်တော့မခံနိုင်ဘူးဆိုရင်..ကျွန်တော်တို့အကြမ်းဖက်ရတော့မယ်.အကြမ်းဖက်တာလုပ်ကိုလုပ်ရတော့မယ်
ဥပမာ..ထောင်ရှေ့မှာစောင့်နေတဲ့ခွေးသားတွေ..ဒလျှိုတွေကြားထဲကိုဗုံးပြစ်ထည့်တာမျိုး..
အားလုံးကိုပိုက်ဆံစုပြီးဗုံးတွေဝယ်ဖို့ပြောပေးပါ..
Post a Comment