Thursday 28 May 2009

အလုပ်သမားများ တရားဝင်ဖြစ်ရေး ထိုင်းအစိုးရဆုံးဖြတ်

ပုံ- ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံမှ ရွေှ့ပြောင်းအလုပ်သမားများ
ဓာတ်ပုံ- UN ( ESCAP)

GHRE
ကျော်သိင်္ခ
မေလ ၂၇ ရက်

မေလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှ “Mirgant workers to be made legal” ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

မနေ့ကကျင်းပသော ထိုင်းနိုင်ငံအစိုးရအရာရှိများ၏ ထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င် ရွှေ့ပြောင်းအလုပ် သမားများအား တရားဝင်နေထိုင်၊ အလုပ်လုပ်ခွင့်ပြုရေး ဆိုသည့် ၀န်ကြီးဌာန၏ မူဝါဒကို လက်ခံ အတည်ပြုခဲ့ကြပြီး၊ ထိုအလုပ်သမားများကို လာမည့်နှစ်ဖေဖော်ဝါရီလ နောက်ပိုင်းတွင် သက်ဆိုင်ရာ အာဏာပိုင်များ နှင့်အတူ အလုပ်လုပ်ခွင့်ကို လာရောက် မှတ်ပုံတင်ဖို့ လိုအပ်ကြောင်းကိုလည်း သဘောတူဆုံးဖြတ်ခဲ့ကြသည်။


ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်း၌ တရားဝင်အလုပ်လုပ်ခွင့်ပါမစ် ထုတ်ပေးပြီးပါက၊ ရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော် သည် ထိုင်းနိုင်ငံအတွင်းရှိ ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာ အစားသောက် ထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်တွင်းမှု လုပ်ငန်းများ၌ တရားဝင်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ယခုကဲ့သို့ တရားမ၀င်အလုပ်သမားများအား တရားဝင်မှတ်ပုံတင်ခွင့်ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်းသို့ နောက်ထပ် အလုပ်သမားများ တရားမ၀င် ၀င်ရောက်ပြီး၊ အလုပ်လုပ်ခြင်းကို တားဆီးရန်ဖြစ်သည်ဟုလည်း သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င်အလုပ်လုပ်နေကြသော လုပ်သားအားလုံးကို ၂၀၁၀၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိသာ ခွင့် ပြုမည်ဖြစ်ကြောင်းနှင့် ထိုကာလထက်ကျော်လွန်ပါက မိမိတို့ နှင့် နီးစပ်ရာ၊ တိုင်း၊ ခရိုင်ရှိ အလုပ်သမားရုံးများတွင် တရားဝင် အလုပ်သမားအဖြစ် မှတ်ပုံတင်ကြရန်နှင့် အလုပ်သမားကဒ် မလျှောက်ထားမီ ဆေးစစ်ခြင်း၊ ကျန်းမာရေး အာမခံကြေးပေး ဆောင်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ထိုင်းရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အာဏာပိုင်းများက ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက်မတိုင်မီတွင် ထိုင်းနိုင်ငံအတွင်းသို့ နောက်ထပ် တရားမ၀င်အလုပ်သမားများ ၀င်ရောက်လာမှုကို တားဆီးမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

No comments :