Tuesday, 26 May 2009

မြန်မာ သံအမတ်ကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် ကန့်ကွက်

Mg Mg One.wav



(မောင်မောင်ဝမ်းတင်ပြထားပါတယ်။ သတင်းအပြည့်အစုံကို အထက်ပါ လင့်ခ်မှာ နားဆင်နိုင်ပါသည်။ )

ကမ္ဘာမှာ စစ်အာဏာရှင်စံနစ် သက်ဆိုးအရှည်ဆုံးသော မြန်မာစစ်အုပ်စုကို ပါကစ္စတန် အစိုးရက တောင် ကန့်ကွက်နေပြီ



မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်နေတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို နအဖ စစ်ကောင်စီမှ မတရား ဖမ်းဆီးအရေးယူမှုနှင့်ပက်သက်ပြီး ဒီမိုကရေစီစံနစ်ကို ကျင့်သုံးနေတဲ့ ပါကစ္စတန်အစိုးရ က မြန်မာစစ်အုပ်စုရဲ့ သံအမတ်ကို နိုင်ငံခြားရေးရုံးကိုဆင့်ခေါ်ပြီး တွေ့ဆုံဆွေးနွေးကာ ၀မ်းနည်းကြောင်း နှင့် ဆုံးဖြတ်ချက်ကို ပြန်လည်ဆန်းစစ်ပေး စေလိုကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံဟာ စစ်အာဏာရှင်စံနစ် မှ အကြာသေးမှီက လွတ်မြောက်ခဲ့ပြီး နောက်ပိုင်း ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး စစ်အာဏာရှင်စံနစ်ကိုကျင့်သုံးနေတဲ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေကြတဲ့ စစ်အုပ်စုအပေါ် အခုလိုပထမဦးဆုံးအကြိမ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင် ပါကစ္စတန် စစ်အစိုးရတွေဟာ မြန်မာ့ဒီမိုကရေစီအရေးကို ရှောင်ဖယ်နေခဲ့ပေမဲ့၊ လက်ရှိပါကစ္စတန်မှာအုပ်ချုပ်နေတဲ့ ဒီမိုကရေစီနည်းလမ်း ကျကျ ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရတဲ့ ပါကစ္စတန် အရပ်သားအစိုးရကတော့ စစ်အာဏာရှင်စံနစ်ဆိုးကြီးရဲ့ အောက်က လွတ်မြောက်ဖို့ အသက်ပေါင်းများစွာပေးပြီး ကျိုးပမ်းခဲ့ကြသူတွေ ဖြစ်ကြတာမို့ မြန်မာပြည်သူတွေဘက်က အခုလို ပြတ်ပြတ်သားသား ရပ်တည်ကြောင်း တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

Pakistan protests Junta’s arrest of Suu Kyi

ISLAMABAD: Pakistan on Friday called the ambassador of Myanmar to the Foreign Office (FO) and protested the arrest and trial of opposition leader Aung San Suu Kyi. “It was conveyed to the ambassador that Pakistan was deeply concerned about this unfortunate development and would urge the government of Myanmar to consider reviewing its decision and releasing Ms Aung San Suu Kyi immediately,” the FO said in a statement. staff report

No comments :