Tuesday, 5 May 2009

ထိုင်းနိုင်ငံ အလုပ်သမားကဒ် ထုတ်ပေးမည့်ရက် မကြာမီ သိရတော့မည်


Bangkok Post
ကျော်သိင်္ခ
မေလ ၄ ရက်

ထိုင်းနိုင်ငံအလုပ်သမား ၀န်ကြီးဌာန ၀န်ကြီး Paitoon က မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံတို့ကနေ ထိုင်းနိုင်ငံထဲသို့ တရားမ၀င်လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမား ကဒ် (ဘတ်) လုပ်ပေးတဲ့နေရာမှာ ကာလာကုဒ် ကဒ်စနစ်ကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ အခုလို အလုပ်သမား ကဒ်တွေကို ကာလာကုဒ် နဲ့ လုပ်လိုက်တဲ့စနစ်ဟာ ရွှေ့ပြောင်းအလုပ် သမားတွေအနေနဲ့ အလုပ်တစ်ခုကနေ နောက်တစ်ခုကို အလွယ်တစ်ကူ ပြောင်ရွှေ့လို့ မရနိုင်အောင် လုပ်တာလို့လည်း သိရပါ တယ်။

အလုပ်ပါမစ်တွေပေါ်မှာရှိတဲ့ အရောင်တွေကတော့ အလုပ်ခန့် ထားတဲ့ ကဏ္ဍတွေကို လိုက်ပြီး ကွဲပြား သွားမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေကို စပြီး မှတ်ပုံတင်ပေးမယ့်နေ့ကိုတော့ ရက်မ သတ်မှတ်ရ သေးသော်လည်း၊ ထိုကိစ္စကို လာမယ့် အင်္ဂါနေ့ အစည်းအဝေးမှာ ဆွေးနွေးမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

အခုထိတော့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီး အလုပ်လုပ်နေကြတဲ့ အလုပ်သမား အရေအတွက် ငါးသိန်း ခန့် ရှိတယ်လို့သိရပါတယ်။ အစောပိုင်းကာလကလည်း တရားမ၀င် အလုပ်သမားများ စီမံကွပ်ကဲရေး ကော်မတီအနေနဲ့ ထိုင်းလူမျိုးအလုပ်သမားတွေ စိတ်ဝင်စားခြင်းမရှိတဲ့ ငါးဖမ်း လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း နှင့် ဆောက်လုပ်ရေး ကဏ္ဍတွေမှာ လုပ်သားရှားပါးမှုတွေ ရှိနေ တယ်ဆိုတာကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

မစ္စတာ ပိုင်ထွန် က “အခုလာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ပေးမယ့် အချိန်က တော့ တစ်ကြိမ်တစ်ခါ ရတောင့်ရခဲ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အခြားနိုင်ငံ သုံးနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း စာချုပ်ထဲမှာပါတဲ့ ဥပဒေအတိုင်း တရားဝင် အလုပ်သမားတွေကိုဘဲ အလုပ်ခန့်ထားဖို့ လိုပါတယ်” လို့ ပြောပါတယ်။


Rest of your post

No comments :