Wednesday, 13 May 2009
ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွှေ ငမိုက်သားက ထောင်ချတော့မယ်။ အားလုံး အသင့်ရှိကြ
ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ချဖို့ သန်းရွှေ က ကြံနေပြီဖြစ်ပါတယ်။ ဒီနေ့ မနက် ၇ နာရီကထည်းက ဒေါ်စုကို ခေါ်သွားတယ်။ ခုလောက်ဆိုအင်စိန်ထောင်ထဲ ကိုပို့လိုက်ပြီလို့ ယူဆရတယ်။ ဒေါ်စု အိမ်က သော့ကို အပ်ဖို့ နအဖ က အတင်းအကြပ်တောင်းနေပြီလို့ သိရတယ်။ ဒေါ်စုနဲ့ အတူနေတဲ့ ဒေါ်ခင်ခင်ဝင်း ( ၆၀ ခန့် ) ၊ သမီး မ၀င်းမမ ကိုလည်း ဒေါ်စုနဲ့ အတူခေါ်သွားပါတယ်။ ဒေါ်စုအတွက် အင်းစိန်ထောင်ထဲမှာ အထူးဆောက်ထားတဲ့ အိမ်မှာထားမယ်လို့ သိရပါတယ်။
ဂျွန်ဝီလီ ယံယက်တော လာတာကို သတင်းမပို့တဲ့ အတွက် ဒေါ်စုကို ပြစ်ဒဏ်ပေးတာလို့ သိရပါတယ်။ တပ်မတော်အတွင်းမှာ ဒီမိုကရေစီလိုလားသူများရဲ့ အဆိုအရ ပုဒ်မ ၁၀ ( က) - အပုဒ်ခွဲ ( ၂၂ )အရလို့ သိရတယ်။ ပုဒ်မ ၁၀(က )ဆိုတာကတော့ ထောင်ချနိင်တဲ့ ဥပဒေပါ။ The law preventing state from danger of subversive elements- နိင်ငံတော် နှောက်ယှက်သူများထံကာကွယ်တားစီးသည့် ဥပဒေ လို့သိရပါတယ်။ ဒေါ်စုကို အရင်က ဖမ်းထားတာကတော့ပုဒ်မ ၁၀ (ခ) နဲ့ ဖမ်းထားတာပါ။
၁၀ (ခ) က တားဆီးထားတဲ့ဥပဒေပါ။ ဥပမာ လူတွေနဲ့ မတွေ့ ရဘူး။ သံရုံးတွေနဲ့ မတွေ့ ရဘူး ဆိုတာတွေပါ။ အခုတော့ ထောင်လုံးဝ ချ ပြစ်မဲ့သဘောရှိတယ်။ ရွေးကောက်ပွဲ မလုပ်ခင် ဒေါက်တာတင်မျိုးဝင်းကိုလည်း ပုဒ်မ ၅ (ည) နဲ့ ဖမ်းဖို့ လုပ်ဆောင်နေတယ်လို့ လည်းသိရပါတယ်။
at 20:14
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment