Thursday 21 May 2009

ပြည်တွင်းအခြေအနေ

မနေ့က အေးဆေးငြိမ်သက်စွာ ဒေါ်အောင်ဆန်းစုကြည် ကို လာအားပေးကြတာကို ကားနဲ့တိုက်တော့မယောင် ခြိမ်းခြောက်တာ လူထုကို ရန်စတာ ဆွပေးတာတွေ လုပ်ပေမဲ့ လူထုကြီးက တည်ငြိမ်စွာ ထိုင်ပီးဆက်အားပေးကြကြောင်းသိရပါတယ်။ လေးဂွ၊ ဒုတ် တွေကိုင်ပြီး မူးရမ်းနေတဲ့ ကြံဖွတ်နဲ့ စွမ်းအားရှင်ဆိုသူတွေကိုတော့ ရဲ ကလွတ်ပေးထားတယ်။ လူထုက လည်းအသာကြည့် နေဆဲဖြစ်ပါတယ်။လူထုအခြေအနေကတော့ မုန်တိုင်းလာခါနီးအချိန်လိုပဲ ထူးဆန်းစွာငြိမ်သက်နေတာကိုတွေ့ ရပါတယ်။ ကြောက်တယ်လို့ တော့ ကျနော်မယူဆပါ။ အတွေ့ အကြုံရင်ကျက်နေတဲ့ လူထုက အရာရာကိုတွက်ဆနေပုံရှိပါတယ်။ ကျနော် ယူဆချက်ပြောရရင်တော့ -

၁- ဒီအမှု ရဲ့ ဇတ်ရှိန်အမြင့်ဆုံးအပိုင်းကို ပြင်ဆင်နေပုံရတယ်။ ( နအဖ က ဒေါ်စုကိုထောင်ချလိုက်တာနဲ့  ပေါက်ကွဲလာနိင်တယ်။ သန်းရွေက နိင်ငံတကာဖိအားနဲ့  လူထု ဖိအားကိုကြောက်ပြီး ဒေါ်စုကို စတိသဘောမျိုးထောင်ချလာရင်လည်း ကျနော်တို့ နိင်တယ်လို့ ယူဆလို့ ရတယ်။ )

၂- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်စီအီစီ အနေနဲ့ ထွက်ပြီးဦးဆောင်မှုပေးရမဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုမပေးတဲ့အတွက်လူထုက အားမရတဲ့အပိုင်းဖြစ်နေတယ်။ သူတို့ က အထွေထွေသပိတ်ခေါ်တာမျိုးလုပ်သင့်တယ်။ ( ဒေါ်စု ကတော့ လူငယ်တွေကို အားကိုးတယ်။ လူငယ်တွေ သတ္တိရှိဖို့  မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ဆောင်ဖို့ တိုက်တွန်းတယ်ကြားတယ်။ )


၃- အနိမ့်ဆုံးလုပ်နိင်ချေကနေ တိုက်ပွဲကိုစခေါ်သင့်တယ်။ ဥပမာ အိမ်ရှေ့  ကို စထွက်၊ အသံတိတ်ဆန္ဒပြတာမျိုး။
တွေေ ပါ့ ။

ဒီပွဲ ကို အရှိန်မကျအောင်ဆက်ထိမ်းနိင်မှာ ကျနော်တို့ ရှေ့ တလှမ်းတက်နိင်မယ်လို့ အကြံပြုလိုက်ပါတယ်။

ရဲသွေး

1 comment :

တာဝန် said...

WE REALLY NEED TO OVERCOME ALL TRIALS!
EVEN THOSE THANSHWE'S SLAVES may ATTEMPT TO FIGHT US !?
PLEASE BE PATIENT!
DO NOT FALL INTO THEIR TRAPS!
MAY THE TRUTH SET US FREE*****
*****အပ္ပမ္မာဒေန သမ္ပာဒေထ*****
ဒေါ်အောင်ဆန်းစုကြည် ဗမာပြည် အား ဦးဆောင် လမ်းပြ မည့်နေ့၇က်ေ၇ာက်ပါစေသား*****