Monday, 11 May 2009
ဂျွန်ဝီလီယံ ယက်တော ( John William Yettaw) နဲ့  သန်းရွှေ ရဲ့  ယုတ်မာတဲ့အကြံများ ။
ွှ့အမည် - ဂျွန်ဝီင်္လီယံ ယက်တော
အသက်- ၅၂ နစ်
အလုပ်ကိုင်- အငြိမ်းစား - ဗီယက်နမ်စစ်ပြန်
ဝါသာနာ - စွန့် စားခြင်း
သူက မြန်မာ ပြည်ဒီမိုကရေစီလှုပ်ရှားမှုကိုထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည် မတရားအဖမ်းခံနေရတာကို
စာနာတယ်။ သူဟာ အမေရိကန်လူမျိုးစစ်။ မြန်မာ ပြည်ထဲမှာ လူတွေက သူဟာ အမေရိကန်မြန်မာ ကပြားလို့  ထင်နေကြတယ်။ တချို့ က အမေရိကန် - ကရင်လို့ လည်း ထင်နေကြတယ်။
အခု နအဖ က သူကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အိပ်ခဲ့ပါတယ်လို့  အတင်းအကြပ် ၀ံခံခိုင်းနေတယ်။ ဒါကို ခိုင်လုံတဲ့ထောက်လှမ်းရေးရပ်ကွက်က တဆင့်ကျနော်တို့ သိရတယ်။ သန်းရွှေ ရဲ့ အကြံ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂိုလ်ရေးအရသိက္ခာကျအောင်လုပ်မှာဖြစ်ပါတယ်။ ပြီးရင် လူကိုပါလုပ်ကြံဖို့ ကြိုးပန်းနေတဲ့အကြံဖို့ လုပ်နေတယ်။
ခင်ညွန့် လက်ထက်ကလည်းဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုမျိုးလုပ်ခဲ့ပါတယ်။ စင်္ကဒီနေဗီယန်း နိင်ငံတွေရဲ့ သံကိုယ်စားလှယ်အဖြစ်ခဲ့တဲ့ ဦးနစ်ကိုးရဲ့ အဖြစ်က သက်သေခံနေတယ်။ ဦးနစ်ကိုး ( အန်ကယ်လ်နစ်ကိုး) က ကဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထောက်ခံခဲ့ပါတယ်။ ဒီအတွက်ပဲ စစ်အစိုးရက သူ့ ကိုအငြိုးထားခဲ့တယ်။
သူက မြန်မာနိင်ငံသား။ သူကိုဖမ်းဆီးနိပ်စက်ခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို စာပို့ စက် (Fax )လှုဒန်းမှု ကိုနိင်ငံခြားကိုသတင်းပို့ မှု ဆိုတဲ့ပုဒ်မ နဲ့ စွဲချက်တင်နိပ်စက်ခဲ့ပါတယ်။ သူကိုထောက်လှမ်းရေးတွေက ဖမ်းဆီးရိုက်နက်နိပ်စက်ကြတယ်။ ခင်ညွန့် နဲ့ စစ်ထောက်လှမ်းရေးတွေ ယုတ်မာကောက်ကျစ်မှု တခုကတော့ တခုကတော့ အန်ကယ်နစ်ကိုး ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဖြစ်တယ်ဆိုတာမျိုးရအောင် လုပ်ကြသေးတယ်။
အန်ကယ်နစ်ကိုးကို ၀ံခံခိုင်းပါတယ်။ မဟုတ်မတရားစွပ်စွဲချက်ကို အန်ကယ်နစ်ကိုး လက်မှတ်မထိုးပဲ ဘူး။ ပြတ်သားစွာငြင်းဆန်ခဲ့တဲ့ အတွက် ထောက်လှမ်းရေးတွေက သူကို သေတဲ့အထိရိုက်သတ်ကြပါတယ်။
အခုလည်း နအဖ တွေ က ဒေါ်စုကို ပုဂိုလ်ရေးတိုက်ခိုက်မှုကြီး လုပ်ပါတော့မယ်။ ဒီအတွက် ကျနော်တို့ ဖက်က ဘာတွေပြင်ဆင်ထားမလဲ ဘယ်လို တုန့် ပြန်ကြမလဲ ဆိုတာ အားလုံးသတိရှိကြဖို့  ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံ ကြဖို တပ်လှန့် နိုးဆော် လိုက်ပါတယ်။
at 22:16
Subscribe to:
Post Comments
(
Atom
)
1 comment :
ဝါသနာ က စွန့်စားခြင်း ဆိုတော့ ဆွမ်တော် စွန့်စားတာလား။:P
Post a Comment