Saturday, May 23, 2009
၁၉၈၈မတ်လရန်ကုန်မြို့ထဲမှာကိုမိုးသီးဦးဆောင်ပြီးနောင်တချိန်၈၈၈၈အရေးတော်ပုံဖြစ်လာအောင်
အရှိန်မြင့်တဲ့လုပ်ငန်းတွေတကယ်လုပ်ခဲ့တာကိုယ်တွေ့ပါ။သူ့ဦးဆောင်မှုအောက်မှာလုပ်ခဲ့တာတွေလည်း
ရှိပါတယ်။ကားတစီးမီးတင်ရှို့ဆိုတာလည်းတကယ်တော့သပိတ်တိုက်ပွဲကြီးစတော့လို့
ဝင်္ကဝုတ္တိအလကာင်္နဲ့တိုက်ပွဲခေါ်လိုက်တဲ့အသံဖြစ်တယ်။ပြည်တွင်းမှာရှိစဉ်၁၉၈၈မတ်လမှာ ကုန်တိုက်ပါမီးရှို့ခဲ့တာအားလုံးအသိပါ၊မျက်ကွယ်မှာထောင်ဒဏ်တသက်လည်းချမှတ်ခံထားရသူပါ။
အထဲကိုပြန်မရလို့အပြင်ကနေမျိုးဆက်သစ်ကျောင်းသားတွေကိုလမ်းညွန်မှုပေးတာလည်း လက္ခံရမဲ့အချိန်ပါ။ဧရာဝတီသောကြာစကားဝိုင်းကကိုမိုးသီးသည်စိတ်ခံစားမှုလွယ်ကူသူဟုတင်ပြချက်ကို
လည်းပြန်လည်သုံးသပ်စေချင်ပါသည်။မြန်မာ့အရေးကိုသတိရမှတခါထလုပ်သူလည်းမဟုတ်ပါ။ဒီအချိန်တွင် ဒါမျိုးပြောပြီးဒါမျိုးလုပ်ရမည်ဟုလည်းနားလည်သူတဦးဖြစ်သည်။သူ့ကိုဝေဖန်တာအပြစ်တင်တာကို
မကန့်ကွက်ပေမဲ့သူလောက်လုပ်ခဲ့၊လုပ်နေ၊လုပ်အုန်းမှာလားဆိုတာတော့ပြန်မေးပါရစေ။
၁၉၈၈မှာ၈၈မျိုးဆက်တွေကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ခဲ့တယ်။မိဘလုပ်စာစားပြီးဒို့အရေးထအော်တာ
အဖေကတောင်တံဆိပ်တုံးဖိုးထုတ်ပေးခဲ့သေးတယ်။လမ်းပေါ်ထွက်ဆန္ဒပြဖို့ဘယ်ပြည်ပအကူအညီမှမလိုပါဖူး။ ကိုယ်တိုင်လုပ်ဖူးခဲ့တဲ့သူတွေသိပါတယ်။ဒီအချိန်ဟာတကယ်အချိန်ကောင်းဖြစ်သည်။ပြည်ပမှအာရုံစိုက်နေချိန်၊ လုံခြုံရေးကောင်စီမှာရုရှားကတောင်စိုးရိမ်လာနေရပါပြီ၊တရုတ်ကလည်းပြောသလို၊ အဆင်ပြေအောင်ပဲနေလေ့ရှိတဲ့ထိုင်းကလည်းပြောနေပါပြီ။
(ကျောင်းသားနဲ့နိုင်ငံရေးသမားတွေပြန်လွှတ်ပေး၊တွေ့ဆုံဆွေးနွေးအဖြေရှာရေး)ခေါင်းစဉ်နဲ့အထွေထွေသပိတ်
တခုလုပ်နိုင်ခဲ့မယ်ဆိုရင်၊အတိုင်းထက်အလွန်ပါပဲ၊သူများကိုမဝေဖန်ပဲ
ကိုယ်ဘာလုပ်ပေး(နေ၊နိုင်)လည်းဆိုတာကအရေးကြီးတယ်။ပြည့်တဲ့အိုးဟာဘယ်တော့မှလှုပ်လေ့မရှိသလို အကောင်းမြင်တတ်အောင်ပဲကြိုးစားလေ့ရှိကြတယ်။
ကျွန်တော်တို့ကိုဘုန်းမော်အရေးအခင်းနောက်ပိုင်း၅ယောက်ထက်မပိုတဲ့အစုအဖွဲ့လေးတွေ ကိုယ်ကျွမ်းကျင်တဲ့နယ်မြေမှာမိမိအစီအစဉ်နဲ့လှုပ်ရှားခဲ့တယ်၊ကိုမင်းကိုနိုင်တို့ကိုမိုးသီးတို့
ရေးတဲ့စာတွေလည်းဝေခဲ့ကြတယ်၊အဖမ်းခံရလည်းပြန်ထွက်လာ၊ဆက်လုပ်တာပဲ။နောက်ဆုံး၈၈၈၈မှာ
အိမ်မက်တွေအကောင်အထည်ပေါ်ခဲ့တယ်။လူအုပ်ကြီးကြည့်ပြီးမျက်ရည်တောင်လည်ခဲ့ရတယ်၊
အင်းစိန်ဈေးရှေ့ဟာ၈၈၈၈အောင်မြေနင်းတဲ့နေရာတခုဖြစ်ခဲ့တယ်။သပိတ်ကိုစခဲ့တာ၈တန်းနဲ့
၁ဝတန်းတွေချည်းပဲအကြီးဆုံးဆိုလို့အသက်၁၈နှစ်ပဲရှိသေးတဲ့ကျွန်တော်တယောက်ပဲပါတယ်။ ဘယ်သူ့ပံ့ပိုးမှုမှစောင့်ခဲ့တာရခဲ့တာမရှိဖူး၊ကျောင်းသားတာဝန်ကျောင်းသားထမ်းခဲ့တာ၊
(သမ္မဂ္ဂရရှိရေး)ဒါပဲစအော်ခဲ့ကြတာ၊နောက်ပိုင်းမှဒီမိုတွေကရေစီတွေပါလာတာ၊တာဝန်ဆိုတာမျိုးဆက်အလိုက်
လက်ဆင့်ကမ်းယူရတယ်။စကားကပ်ပြောမနေပဲလက်တွေ့အလုပ်လုပ်ကြပါလို့ပဲတိုက်တွန်းချင်ပါတယ်။
မှတ်သားစရာ
ဒေါ်အောင်ဆန်းစုကြည်သည်ဘယ်တုန်းကမှရုံးခန်းထဲမှာထိုင်မနေခဲ့သလို
ကိုမင်းကိုနိုင်ဟာလည်းအိမ်ထဲမှာအောင်းမနေခဲ့ပါဖူး။
ကျောင်းသားခေါင်းဆောင်ပြည်တွင်းမှာမင်းကိုနိုင်ရှိတယ်။ပြည်ပမှာမိုးသီးဇွန်ရှိတယ်။
ဦးဆောင်မှု..ပေးခဲ့..ပေးဆဲ..ပေးနေတုန်းပဲ။
ရဲရင့်ငယ်(23.05.2009)
From:http://www.yeyintnge.com/

9 comments :
Ko Moe Thee is one of outstanding and prospective statesman for future burmese politics. He is educated and has excellent records of fighting and leadership experiences. His expressions are sometimes extreme and not realistic, but what is wrong with that? They are essentials in psychological warfare. Please do your jobs the best and don't capitalize others. Don't forget we are still on the same board.
မှန်လိုက်လေ
ိmtz သည် စိတ်၇င်းကောင်းသူဖြစ်ကြောင်း ထပ်မံဖြည့်ဆည်းပြောကြားပါ၇စေ
I STARTED SINCE PHONE MAW EVENT TILL NOW NO1 KNEW ME BECAUSE I NEVER SHOW UP WHO AM I BUT 5YEARS AGO kmtz HELPED ME EVEN HE DONT KNOW ME!JUST BECAUSE OF HE HAVE TRUE PATRIOT'S SPIRIT.
&till now he dont know who am i.
thanks a lot kmtz****
NOTES*I DONT WANT TO APPLY REFUGEE FOR DOING NOTHING FOR BURMA.
SO UNTIL NOW I HIDE & RUN , RUN &HIDE FOR MY STOMACH!
BUT I FEEL FREE!
NOW THIS IS A RIGHT TIME TO FIGHT SO I MUST FIGHT!
SO PLEASE ASK UR SELF THAT DO U REALLY LOVE UR COUNTRY?
IF YES PLS AVOID THE WORDS THAT IF U REALLY DONT KNOW!
&I FELT SAD FOR DAW KHIN KHIN WIN&DAW WIN MA MA THAT MANY PEOPLE USED WORDS THEM AS MAIDS INSTEAD OF TRUE FRIENDS OF DAW SU OR PARTY MEMBERS OR ASSISTANTS!
1993 I WANTED TO FIGHT AS SUICIDE BOMBER TO THOSE EVIL DICTATORS ,THAT IS THE REASON I LEFT FROM -----TO THAI BORDER!!!
BUT NO1 AGREED MY PLAN!
BUT NOW I WILL DO MY SELF BECAUSE I CANT TRUST ANY1 IN ABROAD! I HOPE SURELY WE FIGHT WE WIN BECAUSE WE ARE RIGHT!
OR ELSE WE HAVE TO SHAME ON OURSELVES FOR 21 YEARSSSSSSSSSSSSSSSSSSS
လက်ခံပါတယ်။ ဒီအချိန်မှာ ဒါလိုနေပါတယ်။
ကိုမိုးသီးကို ပုဂိုလ်ရေးအရစော်ကားနေသူတွေရေးတာ ဖတ်ရပါတယ်။ သူတို့မှာ သမိုင်းမရှိပါဘူး။
ကိုမိုးသီးကို ၈၈ ရဲ့ ခေါင်းဆောင်ကောင်းတယောက်အဖြစ်လက်ခံနေဆဲသူတွေ အများအပြားပါ။ ဆက်လုပ်ပါ။ မြန်မာ့သမိုင်းက စကားပြောပါလိမ့်မယ်။
ကိုမိုးသီး ဆက်လုပ်ပါ၊ ဘယ်နည်းနဲု့လုပ်လုပ် နအဖ အုပ်ချုပ်ရေးယန္ဒယားထိခိုက်အောင်လုပ်ဖို့အရေးကြီးပါတယ်၊ လူတိုင်းဟာ သူ့သမိုင်းသူရေးနေကြတာပါ၊ လူထုကိုသစ္စာမဖောက်တဲ့သူကို လူထုကခေါင်းဆောင်နေရာမှာထားဖို့ ဝန်မလေးပါဘူး
လေးစားလျက်ပါကိုမိုးသီး
လေးစားလျက်ပါကိုမိုးသီး
ကိုမိုးသီးရဲ့ လက်တွေ့ ကျကျလမ်းညွှန်ချက်တွေကိုကျမတို့လဲ ကြိုဆိုပါတယ်...
အောင်မြင်တဲ့သူ..ထင်ပေါ်ကျော်ကြားတဲ့သူတွေကို...မနာလိုတိုက်ခိုက်တတ်တာ..အမြင်ကျဉ်းစိတ်ထား နိမ့်ကျတဲ့သူတွေဘဲ လုပ်တာပါ..ကိုယ်လည်းဘာမှမလုပ်နိုင်..သူများလုပ်တော့လည်း..ဘယ်သို့ဘယ်ချမ်းသာနဲ့..ဒါကြောင့် မို့လည်း ဗမာပြည်ကြီးဒီမိုကရေစီရေးနဲ့..ဝေးနေသေးတာလားလို့..တခါတခါတွေးမိပါတယ်...ကိုမိုးသီးကလူတွေကိုမြှောက်ပေးနေတယ်..သူကတော့ဘာမှ မလုပ်ဘဲနဲ့လို့..ပြောနေကြတယ်..လုပ်နိုင်သလောက်လုပ်ခဲ့လို့လည်း...၈၈ ကနေအခုထိ..မိုးသီးဇွန် ဆိုပြီးကျောင်းသားခေါင်းဆောင်..တယောက်အနေနဲ့...ရပ်တည်နေတာပေါ့...မြှောက်ပေးတယ်ဆိုတာကလည်း..လူတွေကိုစိတ်ဓါတ်မြှင့်တင်တဲ့..အနေနဲ့ မြှောက်သင့်ရင်မြှောက်ရမှာဘဲ..စိတ်ဓါတ်ကျစရာ..စကားတွေချည်းပြောနေလို့ကတော့...ဘာမှဖြစ်လာမှာမဟုတ်ဘူး
ကြားဘူးသလောက်လဲငရဲမင်းကရုပ်မဆိုးပါဘူး။
#### @@@ #####
မှန်တာတော့ပြောပါလေ့စေ။
Just for smile.
Zaw Naing
Post a Comment